NLD လက်ထက်ကထုတ်ချေးထားသည့် ကိုဗစ်ချေးငွေမဆပ်သည့် လုပ်ငန်းရှင် (၄၀ဝ) ကျော် အရေးယူခံရတော့မည်

2502

Pearl (NP News) - စက်တင်ဘာ ၂
NLD လက်ထက်ကထုတ်ချေးထားသည့် ကိုဗစ်ချေးငွေမဆပ်သည့် လုပ်ငန်းရှင် (၄၀ဝ) ကျော် အရေးယူခံရတော့မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီထံ NP News ကဆက်သွယ်မေးမြန်းထားသည့် အချက်အလက် များအရသိရသည်။
ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကပ်ရော ဂါကြောင့်ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများကို ချေးငွေသက်တမ်း(၁)နှစ်လျှင် အတိုးနှုန်း (၁)ရာခိုင်နှုန်းဖြင့် (၂၀၂၀) ပြည့်နှစ် ဧပြီလမှစတင်၍ ကိုဗစ်- ၁၉ ရန်ပုံငွေ ကျပ် (၂၀ဝ)ဘီလျံကို ထုတ်ချေးခဲ့သည်။ CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ အသေးစားအလတ်စား စီးပွားရေးလုပ် ငန်းများ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ် သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများအပါအဝင် ကဏ္ဍ (၁၀)မျိုးမှ လုပ်ငန်းရှင်များကိုဦးစားပေးကာ ချေးငွေများ ခွင့်ပြုထုတ်ချေးခဲ့ကြောင်းလည်းသိရသည်။ ချေးငွေထုတ် ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင် (၅,၉၉၀)ဦးရှိပြီး ပမာဏအားဖြင့် ကျပ် (၁၅၈ ဒသမ ၄၄၃၈) ဘီလျံကိုထုတ်ချေးခဲ့ရာ အရင်းအကျေ ပေးဆပ်ပြီးသူ (၃၀၇၀)ဦးရှိပြီး ပမာဏအားဖြင့် ကျပ် (၈၈.၂၁၉၆) ဘီလျံရရှိပြီးဖြစ်ကြောင်းသိရသည်။
ထို့ပြင် အတိုးပေးအရင်းမဆပ်သူ (၉၃၁) ဦးရှိပြီး ပမာဏအားဖြင့် ကျပ် (၁၉.၁၄၇၉) ဘီလျံ၊ အလီလီပေးဆပ်သဖြင့် ကြွေးကျန်နေသူ (၁,၅၆၇) ဦးရှိပြီး ပမာဏအားဖြင့် ကျပ် (၁၀.၉၅၅၅) ဘီလျံ ကျန်ရှိနေ၍ (၂၀၂၅) ခုနှစ် ဇွန်လအထိ အတိုးအ ရင်းမပေးဆပ်သည့်လုပ်ငန်းရှင် (၄၂၂)ဦးရှိကာ ပမာဏ အားဖြင့် ကျပ် (၈.ဝ၀၂) ဘီလျံကျန်ရှိနေသေးကြောင်း သိရသည်။ “ယခင်အစိုးရလက်ထက်မှာ ကုမ္ပဏီ/ လုပ်ငန်း (၅,၉၉၀) ခုကိုထုတ်ချေးပေးခဲ့တာ။ ချေးငွေသက်တမ်းကိုလည်း (၃)နှစ်အထိတိုးမြှင့် ပေးခဲ့ပြီး ချေးငွေပြန်ဆပ်ရမယ့်ကာလကို ရောက်ရှိ ကျော်လွန်နေပြီ။ တချို့လုပ်ငန်းတွေဆိုရင် ပေးဆပ်ရမယ့် ကာလ ကျော်လွန်တာ တစ်နှစ်၊ တစ်နှစ်ကျော်ကို ရောက်ရှိနေ ပြီ။ ထုတ်ချေးတဲ့ရက်တွေမတူတဲ့အတွက် စဆပ်ရမယ့် အချိန်တွေမတူပါဘူး”ဟု စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ၏ အတွင်းရေးမှူး ဒေါ်သီတာကြူက NP News သို့ပြောသည်။
အစိုးရအနေဖြင့်လည်း ချေးငွေကာလကို မူလ (၁) နှစ်၊ သက်တမ်းတိုး (၂) နှစ်ဖြင့် စုစုပေါင်း ချေးငွေသက်တမ်း (၃)နှစ်အထိတိုးပေးခဲ့ပြီးဖြစ် ကြောင်းလည်း သိရသည်။ ထို့ကြောင့် အတိုး၊ အရင်း မပေးဆပ်သည့် လုပ်ငန်းရှင် (၄၂၂) ဦးကို စီမံခန့်ခွဲမှုနည်းလမ်းဖြင့် စတင်အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံခန့်ခွဲ မှုဖြင့်အရေးယူခြင်းသည် လုပ်ငန်းလိုင်စင်ရပ်စဲခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်း၊ ဘဏ်ငွေ စာရင်းပိတ်သိမ်းခြင်း၊ လူပုဂ္ဂိုလ်အမည်မည်းစာရင်း (Blacklist) ရေးသွင်းခြင်း၊ ကုမ္ပဏီအမည်မည်း စာရင်း (Blacklist) ရေးသွင်းခြင်း၊ ပြည်ပထွက်ခွာခွင့်တားမြစ်ခြင်းနှင့် လုပ်ငန်းရှင်၏ ပိုင်ဆိုင်သည့် ပစ္စည်းများကို လွှဲပြောင်းရောင်းချခြင်းမပြုလုပ်ရန်အတွက် ကန့်သတ်ခြင်းတို့ ဖြစ်ကြောင်းသိရသည်။
“ချေးငွေပြန်မပေးဆပ်တာဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ ကျင့်ဝတ်နဲ့ဂုဏ်သိက္ခာဖြစ်ပါတယ်။ ကော်မတီ အနေနဲ့ကတော့ အကြိမ်ကြိမ် Notice စာပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ အတိုး၊ အရင်းမဆပ်သူ လုပ်ငန်း (၄၂၂) ခုကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့တွေကနေတစ်ဆင့် ထုတ်ပြန်ဆောင်ရွက်သွားမှာ ပါ။ အဲဒီ (၄၂၂) ဦးက ချေးငွေစထုတ်ကတည်းက လုံး ဝပြန်မဆပ်တာပါ။ လုပ်ငန်းရှင်တွေအနေနဲ့ကတော့ အလုပ် မဖြစ်လို့ပြန်မဆပ်နိုင်တာလို့ပြောကြပါတယ်။ သို့သော် ကိုဗစ်-၁၉ ရန်ပုံငွေမှထုတ်ပေးထားတဲ့အတိုးနှုန်း ဟာ ဘယ်မှာမှမရနိုင်တဲ့အတိုးနှုန်းဖြစ်တဲ့အ ပြင် ပြည်သူတွေပေးဆောင်ထားတဲ့အခွန်ငွေထဲက ထုတ် ချေးထားတာဖြစ်လို့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဆပ်ရမှာဖြစ်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့အခြေ အနေအရ တစ်ဦးနဲ့တစ်ဦး ပေးဆပ်မှုအခြေအနေကို စောင့်ကြည့်နေကြတဲ့သဘောပဲဖြစ်ပါတယ်။ ဒါ့ အပြင် တချို့လုပ်ငန်းရှင်တွေကလည်း သက်သာတဲ့အတိုး ကိုသာပေးချင်ပြီး အရင်းကို တစ်နှစ်အတွင်း အရစ်ကျပေးဆပ်ချင်တဲ့သဘောရှိတာကို သိရပါတယ်”ဟု ၎င်းကပြောသည်။ အတိုး ၊ အရင်းချေးငွေပြန် မဆပ်သေးသည့် လုပ်ငန်းရှင်များတွင် ဆန်စက်၊ ဆီစက်၊ မုန့်မျိုးစုံလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည့် ကျောက်ခွဲ စက်၊ ဆီစက်၊ မုန့်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တွင်ခုံစက်မှုလုပ်ငန်း၊ ရေခဲစက်နှင့် ရေခဲမုန့်လုပ်ငန်း၊ ရက် ကန်းလုပ်ငန်း၊ အိမ် တွင်းအိတ်ချုပ်လုပ်ငန်း၊ ပုံနှိပ်စက်လုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်း၊ နေလှန်းဆား ထုတ်လုပ်ရေးလုပ်ငန်း စသည့်လုပ်ငန်းရှင်များပါဝင်ပြီး စားသောက်ကုန် လုပ်ငန်းများနှင့် ဆန်စက်၊ ဆီ စက်လုပ်ငန်းရှင်များ အများဆုံးပါဝင်ကြောင်းလည်းသိရသည်။
“နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်ကြောင့် ပြန်လည်တည်ဆောက်ရေးနဲ့ အခြားသော ဖွံ့ဖြိုးမှုရန် ပုံငွေများ လိုအပ်လျက်ရှိတာကြောင့် ဘဏ္ဍာငွေလို အပ်ပါတယ်။ ကော်မတီအနေနဲ့ စိတ်ရှည်သည်းခံပြီး စောင့်ခဲ့တာပါ။ ကော်မတီအနေနဲ့ အတိုး၊ အရင်းမပေးဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို စီမံခန့်ခွဲမှု နည်း လမ်းအရဆောင်ရွက်ခွင့်ပြုနိုင်ပါရန် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ(နစက)သို့တင်ပြခဲ့ပြီး ခွင့်ပြု ချက်ရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။ အလီလီပေးဆပ်တဲ့သူတွေနဲ့ အတိုးပေး အရင်းမဆပ်တဲ့ လုပ်ငန်းရှင် တွေကိုလည်း (၃)လအတွင်း အကျေပေးဆပ်ရန် အကြောင်းကြားသွားမှာဖြစ်ပါတယ်”ဟု၎င်းက ဆက် လက်ပြောသည်။

Zawgyi Version:
NLD လက္ထက္ကထုတ္ေခ်းထားသည့္ ကိုဗစ္ေခ်းေငြမဆပ္သည့္ လုပ္ငန္းရွင္ (၄၀ဝ) ေက်ာ္ အေရးယူခံရေတာ့မည္
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂
NLD လက္ထက္ကထုတ္ေခ်းထားသည့္ ကိုဗစ္ေခ်းေငြမဆပ္သည့္ လုပ္ငန္းရွင္ (၄၀ဝ) ေက်ာ္ အေရးယူခံရေတာ့မည္ျဖစ္ေၾကာင္း ကိုဗစ္-၁၉ ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈ မ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီထံ NP News ကဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္ မ်ားအရသိရသည္။
ေကာ္မတီအေနျဖင့္ ကိုဗစ္-၁၉ ကပ္ေရာ ဂါေၾကာင့္ထိခိုက္မႈရွိခဲ့ေသာ စီးပြားေရးလုပ္ငန္းမ်ားကို ေခ်းေငြသက္တမ္း(၁)ႏွစ္လွ်င္ အတိုးႏႈန္း (၁)ရာခိုင္ႏႈန္းျဖင့္ (၂၀၂၀) ျပည့္ႏွစ္ ဧၿပီလမွစတင္၍ ကိုဗစ္- ၁၉ ရန္ပုံေငြ က်ပ္ (၂၀ဝ)ဘီလ်ံကို ထုတ္ေခ်းခဲ့သည္။ CMP လုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ား၊ အေသးစားအလတ္စား စီးပြားေရးလုပ္ ငန္းမ်ား၊ စိုက္ပ်ိဳးေရး ၊ ေမြးျမဴေရးႏွင့္ ေရထြက္ပစၥည္း ထုတ္လုပ္ သည့္လုပ္ငန္းမ်ား၊ ျပည္ပပို႔ကုန္ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ားအပါအဝင္ က႑ (၁၀)မ်ိဳးမွ လုပ္ငန္းရွင္မ်ားကိုဦးစားေပးကာ ေခ်းေငြမ်ား ခြင့္ျပဳထုတ္ေခ်းခဲ့ေၾကာင္းလည္းသိရသည္။ ေခ်းေငြထုတ္ ယူထားသည့္ ကုမၸဏီ/ လုပ္ငန္းရွင္ (၅,၉၉၀)ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္ (၁၅၈ ဒသမ ၄၄၃၈) ဘီလ်ံကိုထုတ္ေခ်းခဲ့ရာ အရင္းအေက် ေပးဆပ္ၿပီးသူ (၃၀၇၀)ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္ (၈၈.၂၁၉၆) ဘီလ်ံရရွိၿပီးျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ အတိုးေပးအရင္းမဆပ္သူ (၉၃၁) ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္ (၁၉.၁၄၇၉) ဘီလ်ံ၊ အလီလီေပးဆပ္သျဖင့္ ေႂကြးက်န္ေနသူ (၁,၅၆၇) ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္ (၁၀.၉၅၅၅) ဘီလ်ံ က်န္ရွိေန၍ (၂၀၂၅) ခုႏွစ္ ဇြန္လအထိ အတိုးအ ရင္းမေပးဆပ္သည့္လုပ္ငန္းရွင္ (၄၂၂)ဦးရွိကာ ပမာဏ အားျဖင့္ က်ပ္ (၈.ဝ၀၂) ဘီလ်ံက်န္ရွိေနေသးေၾကာင္း သိရသည္။ “ယခင္အစိုးရလက္ထက္မွာ ကုမၸဏီ/ လုပ္ငန္း (၅,၉၉၀) ခုကိုထုတ္ေခ်းေပးခဲ့တာ။ ေခ်းေငြသက္တမ္းကိုလည္း (၃)ႏွစ္အထိတိုးျမႇင့္ ေပးခဲ့ၿပီး ေခ်းေငြျပန္ဆပ္ရမယ့္ကာလကို ေရာက္ရွိ ေက်ာ္လြန္ေနၿပီ။ တခ်ိဳ႕လုပ္ငန္းေတြဆိုရင္ ေပးဆပ္ရမယ့္ ကာလ ေက်ာ္လြန္တာ တစ္ႏွစ္၊ တစ္ႏွစ္ေက်ာ္ကို ေရာက္ရွိေန ၿပီ။ ထုတ္ေခ်းတဲ့ရက္ေတြမတူတဲ့အတြက္ စဆပ္ရမယ့္ အခ်ိန္ေတြမတူပါဘူး”ဟု စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီ ၏ အတြင္းေရးမႉး ေဒၚသီတာၾကဴက NP News သို႔ေျပာသည္။
အစိုးရအေနျဖင့္လည္း ေခ်းေငြကာလကို မူလ (၁) ႏွစ္၊ သက္တမ္းတိုး (၂) ႏွစ္ျဖင့္ စုစုေပါင္း ေခ်းေငြသက္တမ္း (၃)ႏွစ္အထိတိုးေပးခဲ့ၿပီးျဖစ္ ေၾကာင္းလည္း သိရသည္။ ထို႔ေၾကာင့္ အတိုး၊ အရင္း မေပးဆပ္သည့္ လုပ္ငန္းရွင္ (၄၂၂) ဦးကို စီမံခန႔္ခြဲမႈနည္းလမ္းျဖင့္ စတင္အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး စီမံခန႔္ခြဲ မႈျဖင့္အေရးယူျခင္းသည္ လုပ္ငန္းလိုင္စင္ရပ္စဲျခင္း၊ လုပ္ငန္းပိတ္သိမ္းျခင္း၊ ဘဏ္ေငြ စာရင္းပိတ္သိမ္းျခင္း၊ လူပုဂၢိဳလ္အမည္မည္းစာရင္း (Blacklist) ေရးသြင္းျခင္း၊ ကုမၸဏီအမည္မည္း စာရင္း (Blacklist) ေရးသြင္းျခင္း၊ ျပည္ပထြက္ခြာခြင့္တားျမစ္ျခင္းႏွင့္ လုပ္ငန္းရွင္၏ ပိုင္ဆိုင္သည့္ ပစၥည္းမ်ားကို လႊဲေျပာင္းေရာင္းခ်ျခင္းမျပဳလုပ္ရန္အတြက္ ကန႔္သတ္ျခင္းတို႔ ျဖစ္ေၾကာင္းသိရသည္။
“ေခ်းေငြျပန္မေပးဆပ္တာဟာ စီးပြားေရးလုပ္ငန္းေတြရဲ႕ က်င့္ဝတ္နဲ႔ဂုဏ္သိကၡာျဖစ္ပါတယ္။ ေကာ္မတီ အေနနဲ႔ကေတာ့ အႀကိမ္ႀကိမ္ Notice စာေပးပို႔ခဲ့ၿပီးျဖစ္ပါတယ္။ အတိုး၊ အရင္းမဆပ္သူ လုပ္ငန္း (၄၂၂) ခုကို တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရ အဖြဲ႕ေတြကေနတစ္ဆင့္ ထုတ္ျပန္ေဆာင္႐ြက္သြားမွာ ပါ။ အဲဒီ (၄၂၂) ဦးက ေခ်းေငြစထုတ္ကတည္းက လုံး ဝျပန္မဆပ္တာပါ။ လုပ္ငန္းရွင္ေတြအေနနဲ႔ကေတာ့ အလုပ္ မျဖစ္လို႔ျပန္မဆပ္ႏိုင္တာလို႔ေျပာၾကပါတယ္။ သို႔ေသာ္ ကိုဗစ္-၁၉ ရန္ပုံေငြမွထုတ္ေပးထားတဲ့အတိုးႏႈန္း ဟာ ဘယ္မွာမွမရႏိုင္တဲ့အတိုးႏႈန္းျဖစ္တဲ့အ ျပင္ ျပည္သူေတြေပးေဆာင္ထားတဲ့အခြန္ေငြထဲက ထုတ္ ေခ်းထားတာျဖစ္လို႔ ဘယ္လိုပဲျဖစ္ျဖစ္ ျပန္ဆပ္ရမွာျဖစ္ပါတယ္။ လတ္တေလာျဖစ္ေပၚေနတဲ့အေျခ အေနအရ တစ္ဦးနဲ႔တစ္ဦး ေပးဆပ္မႈအေျခအေနကို ေစာင့္ၾကည့္ေနၾကတဲ့သေဘာပဲျဖစ္ပါတယ္။ ဒါ့ အျပင္ တခ်ိဳ႕လုပ္ငန္းရွင္ေတြကလည္း သက္သာတဲ့အတိုး ကိုသာေပးခ်င္ၿပီး အရင္းကို တစ္ႏွစ္အတြင္း အရစ္က်ေပးဆပ္ခ်င္တဲ့သေဘာရွိတာကို သိရပါတယ္”ဟု ၎ကေျပာသည္။ အတိုး ၊ အရင္းေခ်းေငြျပန္ မဆပ္ေသးသည့္ လုပ္ငန္းရွင္မ်ားတြင္ ဆန္စက္၊ ဆီစက္၊ မုန႔္မ်ိဳးစုံလုပ္ငန္း၊ စားေသာက္ဆိုင္လုပ္ငန္း၊ ေမြးျမဴေရးလုပ္ငန္းႏွင့္ အေသးစား၊ အငယ္စား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားျဖစ္သည့္ ေက်ာက္ခြဲ စက္၊ ဆီစက္၊ မုန႔္လုပ္ငန္း၊ ဟိုတယ္လုပ္ငန္း၊ တြင္ခုံစက္မႈလုပ္ငန္း၊ ေရခဲစက္ႏွင့္ ေရခဲမုန႔္လုပ္ငန္း၊ ရက္ ကန္းလုပ္ငန္း၊ အိမ္ တြင္းအိတ္ခ်ဳပ္လုပ္ငန္း၊ ပုံႏွိပ္စက္လုပ္ငန္း၊ ေသာက္ေရသန႔္လုပ္ငန္း၊ ေနလွန္းဆား ထုတ္လုပ္ေရးလုပ္ငန္း စသည့္လုပ္ငန္းရွင္မ်ားပါဝင္ၿပီး စားေသာက္ကုန္ လုပ္ငန္းမ်ားႏွင့္ ဆန္စက္၊ ဆီ စက္လုပ္ငန္းရွင္မ်ား အမ်ားဆုံးပါဝင္ေၾကာင္းလည္းသိရသည္။
“ႏိုင္ငံေတာ္အေနျဖင့္ ငလ်င္ဒဏ္ေၾကာင့္ ျပန္လည္တည္ေဆာက္ေရးနဲ႔ အျခားေသာ ဖြံ႕ၿဖိဳးမႈရန္ ပုံေငြမ်ား လိုအပ္လ်က္ရွိတာေၾကာင့္ ဘ႑ာေငြလို အပ္ပါတယ္။ ေကာ္မတီအေနနဲ႔ စိတ္ရွည္သည္းခံၿပီး ေစာင့္ခဲ့တာပါ။ ေကာ္မတီအေနနဲ႔ အတိုး၊ အရင္းမေပးဆပ္တဲ့ ကုမၸဏီ/လုပ္ငန္းေတြကို စီမံခန႔္ခြဲမႈ နည္း လမ္းအရေဆာင္႐ြက္ခြင့္ျပဳႏိုင္ပါရန္ ႏိုင္ငံေတာ္စီမံအုပ္ ခ်ဳပ္ေရးေကာင္စီ(နစက)သို႔တင္ျပခဲ့ၿပီး ခြင့္ျပဳ ခ်က္ရရွိခဲ့ၿပီးလည္းျဖစ္ပါတယ္။ အလီလီေပးဆပ္တဲ့သူေတြနဲ႔ အတိုးေပး အရင္းမဆပ္တဲ့ လုပ္ငန္းရွင္ ေတြကိုလည္း (၃)လအတြင္း အေက်ေပးဆပ္ရန္ အေၾကာင္းၾကားသြားမွာျဖစ္ပါတယ္”ဟု၎က ဆက္လက္ေျပာသည္။