ဗြိတိန်နာမည်ကျော် စားဖိုမှူး ဂေါ်ဒန်ရမ်ဆေး အရေပြားကင်ဆာရောဂါကြောင့် ခွဲစိတ်ကုသမှု ခံယူနေ

 71

ရောင်နီ (NP News) - စက်တင်ဘာ ၂
ဗြိတိန်နာမည်ကျော် စားဖိုမှူးကြီး ဂေါဒန်ရမ်ဆေး (၅၈ နှစ်) ဟာ အရေပြားကင်ဆာရောဂါခံစားနေရပြီး ခွဲစိတ်မှုခံယူထားရတယ်လို့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဩဂုတ်လ ၃ဝ ရက်က ထုတ်ဖော်ပြောကြားလိုက်ပါ တယ်။
ရမ်ဆေးရဲ့ပို့စ်မှာ ဓာတ်ပုံနှစ်ပုံပါရှိပြီး တစ်ခုဟာ ခွဲစိတ်ပြီးနောက် ဘယ်ဘက်နားရွက်အောက် ပတ်တီးကိုပြ ထားပြီး နောက်တစ်ပုံမှာ ခွဲစိတ်ထားတဲ့အမာရွတ်ကို အနီးကပ်ပြသထားပါတယ်။ ရေကူး ၂.၄ မိုင်၊ စက်ဘီးစီး ၁၁၂ မိုင်၊ အပြေး ၂၆.၂ မိုင် ပါဝင်တဲ့ Ironman triathlon စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး တစ်လကျော် အကြာမှာ အရေပြား ကင်ဆာရောဂါ ရှိနေကြောင်း စမ်းသပ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရမ်ဆေးဟာ American reality Cooking Series MasterChef (၂၀၁၀ မှ လက်ရှိ) ထိ ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေပြီး American reality series Kitchen Nightmares (2007 to present) မှာလည်း ပါဝင်သရုပ် ဆောင်ထားဖူးပါတယ်။ ဒါအပြင် ၁၉၉၇ ခုနှစ်ကစ စားသောက်ဆိုင်အုပ်စု Gordon Ramsay ကို တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း စားသောက်ဆိုင်များစွာကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Zawgyi Version:
ၿဗိတိန္နာမည္ေက်ာ္ စားဖိုမႉး ေဂၚဒန္ရမ္ေဆး အေရျပားကင္ဆာေရာဂါေၾကာင့္ ခြဲစိတ္ကုသမႈ ခံယူေန
ေရာင္နီ (NP News) - စက္တင္ဘာ ၂
ၿဗိတိန္နာမည္ေက်ာ္ စားဖိုမႉးႀကီး ေဂါဒန္ရမ္ေဆး (၅၈ ႏွစ္) ဟာ အေရျပားကင္ဆာေရာဂါခံစားေနရၿပီး ခြဲစိတ္မႈခံယူထားရတယ္လို႔ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ ဩဂုတ္လ ၃ဝ ရက္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါ တယ္။
ရမ္ေဆးရဲ႕ပို႔စ္မွာ ဓာတ္ပုံႏွစ္ပုံပါရွိၿပီး တစ္ခုဟာ ခြဲစိတ္ၿပီးေနာက္ ဘယ္ဘက္နား႐ြက္ေအာက္ ပတ္တီးကိုျပ ထားၿပီး ေနာက္တစ္ပုံမွာ ခြဲစိတ္ထားတဲ့အမာ႐ြတ္ကို အနီးကပ္ျပသထားပါတယ္။ ေရကူး ၂.၄ မိုင္၊ စက္ဘီးစီး ၁၁၂ မိုင္၊ အေျပး ၂၆.၂ မိုင္ ပါဝင္တဲ့ Ironman triathlon စမ္းသပ္မႈကို ေအာင္ျမင္စြာ ျပဳလုပ္ႏိုင္ခဲ့ၿပီး တစ္လေက်ာ္ အၾကာမွာ အေရျပား ကင္ဆာေရာဂါ ရွိေနေၾကာင္း စမ္းသပ္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
ရမ္ေဆးဟာ American reality Cooking Series MasterChef (၂၀၁၀ မွ လက္ရွိ) ထိ ဒိုင္တစ္ဦးအျဖစ္ ေဆာင္႐ြက္ေနၿပီး American reality series Kitchen Nightmares (2007 to present) မွာလည္း ပါဝင္သ႐ုပ္ ေဆာင္ထားဖူးပါတယ္။ ဒါအျပင္ ၁၉၉၇ ခုႏွစ္ကစ စားေသာက္ဆိုင္အုပ္စု Gordon Ramsay ကို တည္ေထာင္ခဲ့ၿပီး ကမာၻတစ္ဝွမ္း စားေသာက္ဆိုင္မ်ားစြာကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.