ရုရှားနိုင်ငံတွင်းကို တိုက်ခိုက်မှုအသစ်တွေလုပ်ဆောင်သွားမယ်လို့ ယူကရိန်းသမ္မတခြိမ်းခြောက်

283

Pika (NP News) - စက်တင်ဘာ ၂
ရုရှားနိုင်ငံအတွင်းပိုင်းက နယ်မြေတွေကို တိုက်ခိုက်မှုအသစ်တွေလုပ်ဆောင်သွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့ကိုရောက်ရှိနိုင်စွမ်းရှိတဲ့ တာဝေးပစ်ဒုံးကျည် အသစ်ကို ပိုင်ဆိုင်ထားတယ်လို့ ဇီလန်စကီးက အခိုင်အမာပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလို ခြိမ်းခြောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဇီလန်စကီးက “ယူကရိန်းကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့တက်ကြွတဲ့လုပ်ရပ်တွေအားလုံးကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ တပ်ဖွဲ့ဝင်တွေနဲ့နည်းလမ်းအသစ်တွေကို ပြင်ဆင်ထားသလို ရုရှားအပေါ် တိုက်ခိုက်မှုအသစ်တွေကိုလည်း စီစဉ်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီကိစ္စတွေနဲ့ပတ်သက်တဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့တာ မျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ယူကရိန်းနိုင်ငံဟာ အကွာအဝေး (၃၀၀၀) ကီလိုမီတာလောက်အထိ ရောက်ရှိ နိုင်စွမ်းရှိတဲ့ တာဝေးပစ် Flamingo ဒုံးကျည်ကို တီထွင်ဖန်တီးနိုင်ခဲ့တယ်လို့ ယခုလ အစောပိုင်းမှာ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့်လပေါင်းများစွာအတွင်း Flamingo ဒုံးကျည် ကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ဖို့ မမျှော်လင့်ထားဘူးလို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံတြင္းကို တိုက္ခိုက္မႈအသစ္ေတြလုပ္ေဆာင္သြားမယ္လို႔ ယူကရိန္းသမၼတၿခိမ္းေျခာက္
Pika (NP News) - စက္တင္ဘာ ၂
႐ုရွားႏိုင္ငံအတြင္းပိုင္းက နယ္ေျမေတြကို တိုက္ခိုက္မႈအသစ္ေတြလုပ္ေဆာင္သြားမယ္လို႔ ယူကရိန္းသမၼတ ဇီလန္စကီးက ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ကိုေရာက္ရွိႏိုင္စြမ္းရွိတဲ့ တာေဝးပစ္ဒုံးက်ည္ အသစ္ကို ပိုင္ဆိုင္ထားတယ္လို႔ ဇီလန္စကီးက အခိုင္အမာေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလို ၿခိမ္းေျခာက္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ဇီလန္စကီးက “ယူကရိန္းကို ကာကြယ္ဖို႔အတြက္ လိုအပ္တဲ့တက္ႂကြတဲ့လုပ္ရပ္ေတြအားလုံးကို ကြၽန္ေတာ္တို႔ ဆက္လက္လုပ္ေဆာင္သြားမွာပါ။ တပ္ဖြဲ႕ဝင္ေတြနဲ႔နည္းလမ္းအသစ္ေတြကို ျပင္ဆင္ထားသလို ႐ုရွားအေပၚ တိုက္ခိုက္မႈအသစ္ေတြကိုလည္း စီစဥ္ထားပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
အဲဒီကိစၥေတြနဲ႔ပတ္သက္တဲ့ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့တာ မ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ယူကရိန္းႏိုင္ငံဟာ အကြာအေဝး (၃၀၀၀) ကီလိုမီတာေလာက္အထိ ေရာက္ရွိ ႏိုင္စြမ္းရွိတဲ့ တာေဝးပစ္ Flamingo ဒုံးက်ည္ကို တီထြင္ဖန္တီးႏိုင္ခဲ့တယ္လို႔ ယခုလ အေစာပိုင္းမွာ ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း လာမယ့္လေပါင္းမ်ားစြာအတြင္း Flamingo ဒုံးက်ည္ ကို အစုလိုက္အၿပဳံလိုက္ထုတ္လုပ္ႏိုင္ဖို႔ မေမွ်ာ္လင့္ထားဘူးလို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။