ဟားမက်လက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဘူအိုဘီဒါကို သတ်ပစ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်ဘက် သတင်းထုတ်ပြန်

 112

Pika (NP News) - စက်တင်ဘာ ၂
ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုတစ်ခုအတွင်း အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို သတ်ပစ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီသတ်ပစ်နိုင်မှုဟာ အချိန်(၂)နှစ်နီးပါးကြာဖြစ်ပွားနေတဲ့အစ္စရေး-ဟားမက်စစ်ပွဲအတွင်း နောက်ဆုံးအကြိမ် ထွက်ပေါ်လာတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့အကြီးတန်းအရာရှိအဆင့် သေဆုံးမှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က “ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု အတွင်း ဟားမက်လက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဘူအိုဘီဒါကို သတ်ပစ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါ တယ်။

ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုအတွင်း အဘူအိုဘီဒါကို ပစ်မှတ်ထားခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် အစ္စရေးကတ်ဇ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရသိမ်းယူမှုတွေလုပ်ဆောင်ဖို့ အစ္စရေးအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ခွင့်ပြုခဲ့မှုနဲ့အတူ အစ္စရေးအရာရှိတွေဟာ ဂါဇာကိုထိုးစစ်ဆင်မှုအသစ်တွေလုပ်ဆောင်ဖို့ အစီအစဉ်တွေရေးဆွဲနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဂါဇာကိုသိမ်းယူဖို့ ခွင့်ပြုခဲ့တဲ့ အစ္စရေးအစိုးရ ရဲ့ဆုံးဖြတ်ချက်ကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့ပြီး သိမ်းယူမှုတွေမလုပ်ဆောင်ဖို့ အစ္စရေးကို တိုက်တွန်း ခဲ့ကြတယ်လို့လည်းသိရပါတယ်။

Zawgyi Version:
ဟားမက္လက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ အဘူအိုဘီဒါကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔ အစၥေရးစစ္ဘက္ သတင္းထုတ္ျပန္
Pika (NP News) - စက္တင္ဘာ ၂
ဂါဇာကမ္းေျမာင္ေဒသကို တိုက္ခိုက္မႈတစ္ခုအတြင္း အစၥေရးတပ္ဖြဲ႕ေတြဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔ အစၥေရးစစ္ဘက္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီသတ္ပစ္ႏိုင္မႈဟာ အခ်ိန္(၂)ႏွစ္နီးပါးၾကာျဖစ္ပြားေနတဲ့အစၥေရး-ဟားမက္စစ္ပြဲအတြင္း ေနာက္ဆုံးအႀကိမ္ ထြက္ေပၚလာတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းအရာရွိအဆင့္ ေသဆုံးမႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။

အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရးကတ္ဇ္က “ဂါဇာကမ္းေျမာင္ေဒသကို အစၥေရးတပ္ဖြဲ႕ေတြရဲ႕ တိုက္ခိုက္မႈ အတြင္း ဟားမက္လက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ အဘူအိုဘီဒါကို သတ္ပစ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါ တယ္။

ဂါဇာကမ္းေျမာင္ေဒသကို တိုက္ခိုက္မႈအတြင္း အဘူအိုဘီဒါကို ပစ္မွတ္ထားခဲ့တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက အေစာပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ အစၥေရးကတ္ဇ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသကို စစ္ေရးအရသိမ္းယူမႈေတြလုပ္ေဆာင္ဖို႔ အစၥေရးအစိုးရက ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ခြင့္ျပဳခဲ့မႈနဲ႔အတူ အစၥေရးအရာရွိေတြဟာ ဂါဇာကိုထိုးစစ္ဆင္မႈအသစ္ေတြလုပ္ေဆာင္ဖို႔ အစီအစဥ္ေတြေရးဆြဲေနတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ဂါဇာကိုသိမ္းယူဖို႔ ခြင့္ျပဳခဲ့တဲ့ အစၥေရးအစိုးရ ရဲ႕ဆုံးျဖတ္ခ်က္ကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး သိမ္းယူမႈေတြမလုပ္ေဆာင္ဖို႔ အစၥေရးကို တိုက္တြန္း ခဲ့ၾကတယ္လို႔လည္းသိရပါတယ္။

Related news

© 2021. All rights reserved.