တရုတ်နဲ့ဆက်ဆံရေးတွေကို မြှင့်တင်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ကတိပြု

 236

Pika (NP News) - စက်တင်ဘာ ၂
တရုတ်နိုင်ငံနဲ့ဆက်ဆံရေးတွေကိုမြှင့်တင်ဖို့ အိန္ဒိယနိုင်ငံက ကတိပြုထားတယ်လို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မိုဒီဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ SCO ထိပ်သီးအစည်းအဝေးအပြီး တွေ့ဆုံမှုအတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံကိုသွားရောက်လည်ပတ်ခဲ့တဲ့ မိုဒီရဲ့ခရီးစဉ်ဟာ (၂၀၁၈)ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံကို ပထမဆုံး အကြိမ်သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ မိုဒီက “အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနဲ့ အာရုံခံစားနိုင်မှုတို့အပေါ် အခြေခံပြီး နှစ်နိုင်ငံကြားဆက်ဆံရေးကို တိုးတက်အောင်လုပ်ဆောင်ဖို့ ကျွန်တော်တို့ ကတိပြုထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး အိန္ဒိယအပေါ် အမေရိကန်ရဲ့ (၅၀)ရာခိုင်နှုန်းအခွန်စည်းကြပ်မှု စတင် အသက်ဝင်ခဲ့ပြီးနောက် (၅)ရက်အကြာမှာ မိုဒီနဲ့ရှီကျင့်ဖျင်တို့ရဲ့ တွေ့ဆုံမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ရှီကျင့်ဖျင်နဲ့ မိုဒီတို့ဟာ အနောက်အုပ်စုရဲ့ဖိအားတွေကို တွန်းလှန်နိုင်မယ့် ၎င်းတို့ရဲ့စည်းလုံးညီညွတ်မှုကို ပြသဖို့ ကြိုးပမ်းနေတာဖြစ်နိုင်တယ်လို့လည်း လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တရုတ်နဲ့အိန္ဒိယ နိုင်ငံကြား တင်းမာမှုတွေဖြစ်ပေါ်စေခဲ့တဲ့ နယ်စပ်အငြင်းပွားမှုပြဿနာတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးသဘောတူညီချက်တစ်ခုကို ဖန်တီးထားတယ်လို့လည်း မိုဒီက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္နဲ႔ဆက္ဆံေရးေတြကို ျမႇင့္တင္သြားမယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္ ကတိျပဳ
Pika (NP News) - စက္တင္ဘာ ၂
တ႐ုတ္ႏိုင္ငံနဲ႔ဆက္ဆံေရးေတြကိုျမႇင့္တင္ဖို႔ အိႏၵိယႏိုင္ငံက ကတိျပဳထားတယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ မိုဒီဟာ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ SCO ထိပ္သီးအစည္းအေဝးအၿပီး ေတြ႕ဆုံမႈအတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံကိုသြားေရာက္လည္ပတ္ခဲ့တဲ့ မိုဒီရဲ႕ခရီးစဥ္ဟာ (၂၀၁၈)ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံကို ပထမဆုံး အႀကိမ္သြားေရာက္လည္ပတ္တဲ့ ခရီးစဥ္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ မိုဒီက “အျပန္အလွန္ေလးစားမႈ၊ ယုံၾကည္မႈနဲ႔ အာ႐ုံခံစားႏိုင္မႈတို႔အေပၚ အေျခခံၿပီး ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို တိုးတက္ေအာင္လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ ကတိျပဳထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားေရနံဝယ္ယူမႈနဲ႔ပတ္သက္ၿပီး အိႏၵိယအေပၚ အေမရိကန္ရဲ႕ (၅၀)ရာခိုင္ႏႈန္းအခြန္စည္းၾကပ္မႈ စတင္ အသက္ဝင္ခဲ့ၿပီးေနာက္ (၅)ရက္အၾကာမွာ မိုဒီနဲ႔ရွီက်င့္ဖ်င္တို႔ရဲ႕ ေတြ႕ဆုံမႈထြက္ေပၚလာတာျဖစ္ပါတယ္။ ရွီက်င့္ဖ်င္နဲ႔ မိုဒီတို႔ဟာ အေနာက္အုပ္စုရဲ႕ဖိအားေတြကို တြန္းလွန္ႏိုင္မယ့္ ၎တို႔ရဲ႕စည္းလုံးညီၫြတ္မႈကို ျပသဖို႔ ႀကိဳးပမ္းေနတာျဖစ္ႏိုင္တယ္လို႔လည္း ေလ့လာသုံးသပ္သူေတြက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ တ႐ုတ္နဲ႔အိႏၵိယ ႏိုင္ငံၾကား တင္းမာမႈေတြျဖစ္ေပၚေစခဲ့တဲ့ နယ္စပ္အျငင္းပြားမႈျပႆနာေတြနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံၾကား ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးသေဘာတူညီခ်က္တစ္ခုကို ဖန္တီးထားတယ္လို႔လည္း မိုဒီက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.