တရုတ်နဲ့ တူရကီနိုင်ငံတို့ဟာ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်သင့်တယ်လို့ ရှီကျင့်ဖျင် ပြော

162

Pika (NP News) - စက်တင်ဘာ ၂
တရုတ်နိုင်ငံနဲ့ တူရကီနိုင်ငံတို့ဟာ အကြမ်းဖက်မှုနှိမ်နှင်းရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမို အားကောင်းအောင်လုပ်ဆောင်သင့်တယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရှီကျင့်ဖျင် ဟာ တူရကီသမ္မတအာဒိုဂန်နဲ့ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့ ဆင်ဟွာ သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် တရုတ်နဲ့ တူရကီနှစ်နိုင်ငံစလုံးဟာ စွမ်းအင်သစ်၊ 5G နည်းပညာနဲ့ ဇီဝဆေးဝါးနယ်ပယ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုအခွင့်အလမ်းအသစ်တွေကို ရှာဖွေသင့်တယ်လို့ ရှီကျင့်ဖျင်က အကြုံပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ရှီကျင့်ဖျင်နဲ့ အာဒိုဂန်တို့ဟာ တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းမြို့မှာကျင်းပတဲ့ SCO ထိပ်သီးအစည်းအဝေး အပြီးမှာ တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ SCO ထိပ်သီးအစည်းအဝေးကို ရုရှား၊အိန္ဒိယနဲ့တူရကီတို့အပါအဝင် နိုင်ငံအများအပြားက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုံခြုံရေး ဖိုရမ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကာအကွယ်ပေးဖို့အတွက် ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်လျက်ရှိတယ်လို့လည်း ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္နဲ႔ တူရကီႏိုင္ငံတို႔ဟာ လုံၿခဳံေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈေတြကို အရွိန္ျမႇင့္တင္သင့္တယ္လို႔ ရွီက်င့္ဖ်င္ ေျပာ
Pika (NP News) - စက္တင္ဘာ ၂
တ႐ုတ္ႏိုင္ငံနဲ႔ တူရကီႏိုင္ငံတို႔ဟာ အၾကမ္းဖက္မႈႏွိမ္ႏွင္းေရးနယ္ပယ္မွာ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမို အားေကာင္းေအာင္လုပ္ေဆာင္သင့္တယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ရွီက်င့္ဖ်င္ ဟာ တူရကီသမၼတအာဒိုဂန္နဲ႔ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔ ဆင္ဟြာ သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ တ႐ုတ္နဲ႔ တူရကီႏွစ္ႏိုင္ငံစလုံးဟာ စြမ္းအင္သစ္၊ 5G နည္းပညာနဲ႔ ဇီဝေဆးဝါးနယ္ပယ္ေတြမွာ ပူးေပါင္း ေဆာင္႐ြက္မႈအခြင့္အလမ္းအသစ္ေတြကို ရွာေဖြသင့္တယ္လို႔ ရွီက်င့္ဖ်င္က အႀကဳံျပဳေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ရွီက်င့္ဖ်င္နဲ႔ အာဒိုဂန္တို႔ဟာ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း တီယန္က်င္းၿမိဳ႕မွာက်င္းပတဲ့ SCO ထိပ္သီးအစည္းအေဝး အၿပီးမွာ ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ SCO ထိပ္သီးအစည္းအေဝးကို ႐ုရွား၊အိႏၵိယနဲ႔တူရကီတို႔အပါအဝင္ ႏိုင္ငံအမ်ားအျပားက ေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ လက္ရွိအခ်ိန္မွာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ လုံၿခဳံေရး ဖိုရမ္ဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို အကာအကြယ္ေပးဖို႔အတြက္ ႀကီးမားတဲ့တာဝန္ကို ထမ္းေဆာင္လ်က္ရွိတယ္လို႔လည္း ရွီက်င့္ဖ်င္က ေျပာၾကားခဲ့ပါတယ္။