ထိုင်းခေါင်းဆောင် အပြောင်းအလဲ (ဘာသာပြန်ဆောင်းပါး)

 335

Htay Oung (NP News) - စက်တင်ဘာ ၂
ပေတုန်ထန် ရှင်နာဝပ်ထရာရဲ့ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်နဲ့ ဇွန်လ ၁၅ ရက် ပေါက်ကြားသတင်းပါ ဖုန်းပြောဆိုချက်များဟာ ထိုင်းဝန်ကြီးချုပ်တစ်ဦးရဲ့ကျင့်ဝတ်စံနှုန်းများကို ဖောက်ဖျက်ရာရောက်ရှိကြောင်း၊ နယ်စပ်တင်းမာမှုများ မြင့်တက်နေချိန် ရိုးသားမှု မရှိပဲ ကိုယ်ကျိုးစီးပွားကို ဦးစားပေးရာ ရောက်ရှိပြီး နိုင်ငံရေး ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဒီအတွက် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ထိုင်းတရားရုံးတော် က ဆုံးဖြတ်လိုက်တယ်လို့ “စထရိတ်တိုင်းမ်က ၂ဝ၂၅ ခုနှစ် သြဂုတ်လ ၂၉ ရက်က ရေးသားခဲ့ပါတယ်။
တရားသူကြီး ၉ ဦးအနက် ၆ ဦးက ထောက်ခံခဲ့တဲ့ ဆုံးဖြတ်ချက်မှာ ပေတုန်ထန်ကို ဇူလိုင် ၁ ရက်မှစတင်ပြီး ရာထူးမှ ယာယီဆိုင်းငံ့ခဲ့ကြောင်း၊ ပေတုန်ထန်ဟာ အမျိုးသားအကျိုး စီးပွားထက် ပုဂ္ဂိုလ်နိုင်ငံရေးကို ထည့်သွင်းစဉ်းစားခဲ့ ကြောင်း၊ ရိုးသားမှုကင်းမဲပြီး ကျင့်ဝတ်စံနှုန်းများကို ပြင်းထန်စွာချိုးဖောက် (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။
ဟွန်ဆန်ကို “ဦးလေး” ဟု ခေါ်ဆိုပြီး ထိုင်းတပ်မှူးတစ်ဦးကို နားလည်မှုမရှိ “အတိုက်အခံလုပ်နေသူ” အဖြစ် ရည်ညွှန်းခြင်းဟာ စကားလုံးရွေးချယ်မှု မှားယွင်းခြင်းဖြစ်ကြောင်း ပေတုန်ထန်က တောင်းပန်ခဲ့ပါတယ်။ စေ့စပ် ညှိနှိုင်းရေး မဟာဗျူဟာမှာ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဖုန်းပြောဆိုနေစဉ် အသံဖမ်းယူနေခြင်းကို သတိမထားမိဘူး လို့ ပြောပါတယ်။
တရားရုံးတော်ရဲ့ယခုစီရင်ချက်ကို သူ့အနေနဲ့လက်ခံပေမယ့် ရုတ်တရက်နိုင်ငံရေးအပြောင်းအလဲကိုဖြစ်စေ ကြောင်း၊ ဟွန်ဆန်နဲ့ဖုန်းပြောဆိုစဉ် ပဋိပက္ခမီးတောက်လောင်နေကြခြင်းကို နိုင်ငံသားတစ်ဦးအနေနဲ့ ဟန့်တားရန် သာဖြစ်ပြီး ကိုယ်ရေးကိုယ်တာကိစ္စ ပါဝင်ခြင်းမရှိဘူးလို့ အသက် ၃၉ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်းက မှတ်ချက်ပေးပါတယ်။
တစ်နှစ်ကျော်သာ ရာထူးသက်တမ်းရှိသေးတဲ့ ပေတုန်ထန်ဟာ ရာထူးမှ ဖယ်ရှားခံရတဲ့ တတိယမြောက် ရှင်နာ ဝပ်ထရာ နိုင်ငံရေးမိသားစုဖြစ်လာပါတယ်။ သူ့ဖခင် “သက်ဆင်” ကို ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ဖြုတ်ချ ခံရပြီး အဒေါ်ဖြစ်သူ “ယဉ်လတ်” ဟာ စစ်တပ်အာဏာသိမ်းမှု မတိုင်မီ ရက်သတ္တ ၂-ပတ်အလို ၂၀၁၄-ခုနှစ်မှာ ဥပဒေကြောင်းအရ ဖယ်ရှားခံခဲ့ရပါတယ်။
ယခုဆုံးဖြတ်ချက်ချမှတ်တဲ့ တရားရုံးတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးဖြစ်ပြီး ၂၀၂၄-ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတရားရုံးကပဲ ၂၀၂၃-ခုနှစ် ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိခဲ့တဲ့ “MFP ” ပါတီကို ဖျက်သိမ်းခဲ့ဖူးပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ် ဖယ်ရှားခံရလျှင် အစိုးရတစ်ဖွဲ့လုံး နှုတ်ထွက်ရမှာဖြစ်ပေမယ့် လက်ရှိ အစိုးရမှာ စစ်တပ်ထောက်ခံသူများအပါအဝင် အခြားပါတီများနဲ့စုစည်းထားတဲ့ ညွန့်ပေါင်းဖြစ်နေတဲ့အတွက် အခြားဝန်ကြီးချုပ်တစ်ဦးကို ရွေးကောက်တင်မြောက်ရပါလိမ့်မယ်။
MFP ပါတီခေါင်းဆောင် လူကြိုက်များခဲ့တဲ့ “ပစ်ထာ လင်ဂျာရွန်ရတ်” (၄၄-နှစ်) ဟာ “ကျွန်တော်ပြောသားပဲ နောက်တစ်ယောက်ဖြစ်ပြန်ပြီး” လို့ လူထုထောက်ခံမှုပိုမိုရရှိပြီး နိုင်ငံရေးသိက္ခာ မြင့်တက်လာနိုင်ပေမယ့် သူနဲ့ ပါတီ ခေါင်းဆောင်တွေဟာ နိုင်ငံရေးပါဝင်ဆောင်ရွက်ခြင်းမှ ၁၀-နှစ်ပိတ်ပင်ခံထားရပါတယ်။ ပါတီဝင်များမှာ လည်း အခြားပါတီများကို ပြောင်းရွှေ့ကုန်ကြပါပြီ။
ယခင် ဘုရင်ထောက်ခံ (ရှပ်ဝါ) များနဲ့ အင်အားပြိုင်ခဲ့တဲ့ စင်နာထရာထောက်ခံ (ရှပ်နီ) များမှာ MFP နဲ့ ဖျူ ထိုင်းပါတီတို့အကြား မျိုးဆက်သစ်နိုင်ငံရေးကွဲပြားမှုအဖြစ် ပြောင်းလဲခဲ့ပါပြီ၊ ဒီအတွက် ထိုင်းနိုင်ငံရေး မတည်မငြိမ် ဖြစ်တဲ့အခါတိုင်း ဆန့်ကျင်ဘက်အုပ်စုအချင်းချင်း ရုန့်ရင်းဆန်ခတ် အဓိကရုန်းများ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။
၂၀၁၄ ခုနှစ် ယဉ်လတ်အစိုးရပြုတ်ကျပြီး အာဏာသိမ်းမှုနဲ့ ထိုင်းနိုင်ငံကို ဆယ်စုနှစ် တစ်စုနီးပါး ဦးဆောင်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း-ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာ (၇၁ နှစ်) ဟာ နိုင်ငံရေးမှ အနားယူနေပေမယ့် အပေးအယူများနဲ့ တစ်ကျော့ပြန်လာဖွယ် ရှိပါတယ်။
ပေတုန်တန်ကို ယာယီဆိုင်းငံ့ထားစဉ် ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ “ဖွမ်သမ် ဝီချရာချိုင်” မှာ ၂၀၂၃-ခုနှစ် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းသွင်းခဲ့သူ မဟုတ်ခြင်းကြောင့် ဥပဒေ ကြောင်းအရ အရည်အချင်း ပြည့်မီသူ မဟုတ်ပါဘူး၊ ဒါပေမယ့် လက်ရှိ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန် ကြီးဟောင်း “အနုတင် ချန်ဗီရာကူ” (၅၈-နှစ်) နဲ့ အခြား ၂-ဦးတို့ဟာ ၂၀၂၃-ခုနှစ် ရွေးကောက်ပွဲမှာ ဝန်ကြီး ချုပ်လောင်းအဖြစ် စာရင်းသွင်းခဲ့သူများဖြစ်လို့ ဝန်ကြီးချုပ်အဖြစ် အရည်အချင်းပြည့်မီကြပါတယ်။
လက်ရှိထိုင်းနိုင်ငံမှာ ကမ္ဘောဒီးယားနဲ့ နယ်စပ် ပဋိပက္ခဖြစ်ပွားနေပြီး နိုင်ငံတကာ အာရုံစိုက်ခံနေရခြင်း၊ နိုင်ငံ ရေးလွတ်လပ်ခွင့် ပိုမိုရရှိလိုတဲ့ ပြည်သူလူထုကြောင့် ထိုင်းစစ်တပ်အနေနဲ့ တိုက်ရိုက်အာဏာသိမ်းမယ့်အစား တရားရုံး-လွှတ်တော်နဲ့ အစိုးရမဟာမိတ်များကို အသုံးချရန်သာ အများဆုံး ဖြစ်နိုင်ပါတယ်။
#HtayOung #OungMarine

Zawgyi Version:
ထိုင္းေခါင္းေဆာင္ အေျပာင္းအလဲ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - စက္တင္ဘာ ၂
ေပတုန္ထန္ ရွင္နာဝပ္ထရာရဲ႕ကေမာၻဒီးယားေခါင္းေဆာင္ ဟြန္ဆန္နဲ႔ ဇြန္လ ၁၅ ရက္ ေပါက္ၾကားသတင္းပါ ဖုန္းေျပာဆိုခ်က္မ်ားဟာ ထိုင္းဝန္ႀကီးခ်ဳပ္တစ္ဦးရဲ႕က်င့္ဝတ္စံႏႈန္းမ်ားကို ေဖာက္ဖ်က္ရာေရာက္ရွိေၾကာင္း၊ နယ္စပ္တင္းမာမႈမ်ား ျမင့္တက္ေနခ်ိန္ ႐ိုးသားမႈ မရွိပဲ ကိုယ္က်ိဳးစီးပြားကို ဦးစားေပးရာ ေရာက္ရွိၿပီး ႏိုင္ငံေရး ဆႏၵျပမႈမ်ားကို ျဖစ္ေပၚေစခဲ့ေၾကာင္း၊ ဒီအတြက္ ဝန္ႀကီးခ်ဳပ္ရာထူးမွ ဖယ္ရွားလိုက္ေၾကာင္း ထိုင္းတရား႐ုံးေတာ္ က ဆုံးျဖတ္လိုက္တယ္လို႔ “စထရိတ္တိုင္းမ္က ၂ဝ၂၅ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္က ေရးသားခဲ့ပါတယ္။
တရားသူႀကီး ၉ ဦးအနက္ ၆ ဦးက ေထာက္ခံခဲ့တဲ့ ဆုံးျဖတ္ခ်က္မွာ ေပတုန္ထန္ကို ဇူလိုင္ ၁ ရက္မွစတင္ၿပီး ရာထူးမွ ယာယီဆိုင္းငံ့ခဲ့ေၾကာင္း၊ ေပတုန္ထန္ဟာ အမ်ိဳးသားအက်ိဳး စီးပြားထက္ ပုဂၢိဳလ္ႏိုင္ငံေရးကို ထည့္သြင္းစဥ္းစားခဲ့ ေၾကာင္း၊ ႐ိုးသားမႈကင္းမဲၿပီး က်င့္ဝတ္စံႏႈန္းမ်ားကို ျပင္းထန္စြာခ်ိဳးေဖာက္ (သို႔မဟုတ္) လိုက္နာရန္ ပ်က္ကြက္ခဲ့ တယ္လို႔ ေဖာ္ျပထားပါတယ္။
ဟြန္ဆန္ကို “ဦးေလး” ဟု ေခၚဆိုၿပီး ထိုင္းတပ္မႉးတစ္ဦးကို နားလည္မႈမရွိ “အတိုက္အခံလုပ္ေနသူ” အျဖစ္ ရည္ၫႊန္းျခင္းဟာ စကားလုံးေ႐ြးခ်ယ္မႈ မွားယြင္းျခင္းျဖစ္ေၾကာင္း ေပတုန္ထန္က ေတာင္းပန္ခဲ့ပါတယ္။ ေစ့စပ္ ညႇိႏႈိင္းေရး မဟာဗ်ဴဟာမွာ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး ဖုန္းေျပာဆိုေနစဥ္ အသံဖမ္းယူေနျခင္းကို သတိမထားမိဘူး လို႔ ေျပာပါတယ္။
တရား႐ုံးေတာ္ရဲ႕ယခုစီရင္ခ်က္ကို သူ႔အေနနဲ႔လက္ခံေပမယ့္ ႐ုတ္တရက္ႏိုင္ငံေရးအေျပာင္းအလဲကိုျဖစ္ေစ ေၾကာင္း၊ ဟြန္ဆန္နဲ႔ဖုန္းေျပာဆိုစဥ္ ပဋိပကၡမီးေတာက္ေလာင္ေနၾကျခင္းကို ႏိုင္ငံသားတစ္ဦးအေနနဲ႔ ဟန႔္တားရန္ သာျဖစ္ၿပီး ကိုယ္ေရးကိုယ္တာကိစၥ ပါဝင္ျခင္းမရွိဘူးလို႔ အသက္ ၃၉ ႏွစ္အ႐ြယ္ရွိ ဝန္ႀကီးခ်ဳပ္ေဟာင္းက မွတ္ခ်က္ေပးပါတယ္။
တစ္ႏွစ္ေက်ာ္သာ ရာထူးသက္တမ္းရွိေသးတဲ့ ေပတုန္ထန္ဟာ ရာထူးမွ ဖယ္ရွားခံရတဲ့ တတိယေျမာက္ ရွင္နာ ဝပ္ထရာ ႏိုင္ငံေရးမိသားစုျဖစ္လာပါတယ္။ သူ႔ဖခင္ “သက္ဆင္” ကို ၂၀၀၆ ခုႏွစ္ စစ္အာဏာသိမ္းမႈနဲ႔ျဖဳတ္ခ် ခံရၿပီး အေဒၚျဖစ္သူ “ယဥ္လတ္” ဟာ စစ္တပ္အာဏာသိမ္းမႈ မတိုင္မီ ရက္သတၱ ၂-ပတ္အလို ၂၀၁၄-ခုႏွစ္မွာ ဥပေဒေၾကာင္းအရ ဖယ္ရွားခံခဲ့ရပါတယ္။
ယခုဆုံးျဖတ္ခ်က္ခ်မွတ္တဲ့ တရား႐ုံးေတာ္ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာတရား႐ုံးျဖစ္ၿပီး ၂၀၂၄-ခုႏွစ္မွာ ဖြဲ႕စည္းခဲ့ပါတယ္။ အဲဒီတရား႐ုံးကပဲ ၂၀၂၃-ခုႏွစ္ ထိုင္းေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံး ရရွိခဲ့တဲ့ “MFP ” ပါတီကို ဖ်က္သိမ္းခဲ့ဖူးပါတယ္။

ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဝန္ႀကီးခ်ဳပ္ ဖယ္ရွားခံရလွ်င္ အစိုးရတစ္ဖြဲ႕လုံး ႏႈတ္ထြက္ရမွာျဖစ္ေပမယ့္ လက္ရွိ အစိုးရမွာ စစ္တပ္ေထာက္ခံသူမ်ားအပါအဝင္ အျခားပါတီမ်ားနဲ႔စုစည္းထားတဲ့ ၫြန႔္ေပါင္းျဖစ္ေနတဲ့အတြက္ အျခားဝန္ႀကီးခ်ဳပ္တစ္ဦးကို ေ႐ြးေကာက္တင္ေျမာက္ရပါလိမ့္မယ္။
MFP ပါတီေခါင္းေဆာင္ လူႀကိဳက္မ်ားခဲ့တဲ့ “ပစ္ထာ လင္ဂ်ာ႐ြန္ရတ္” (၄၄-ႏွစ္) ဟာ “ကြၽန္ေတာ္ေျပာသားပဲ ေနာက္တစ္ေယာက္ျဖစ္ျပန္ၿပီး” လို႔ လူထုေထာက္ခံမႈပိုမိုရရွိၿပီး ႏိုင္ငံေရးသိကၡာ ျမင့္တက္လာႏိုင္ေပမယ့္ သူနဲ႔ ပါတီ ေခါင္းေဆာင္ေတြဟာ ႏိုင္ငံေရးပါဝင္ေဆာင္႐ြက္ျခင္းမွ ၁၀-ႏွစ္ပိတ္ပင္ခံထားရပါတယ္။ ပါတီဝင္မ်ားမွာ လည္း အျခားပါတီမ်ားကို ေျပာင္းေ႐ႊ႕ကုန္ၾကပါၿပီ။
ယခင္ ဘုရင္ေထာက္ခံ (ရွပ္ဝါ) မ်ားနဲ႔ အင္အားၿပိဳင္ခဲ့တဲ့ စင္နာထရာေထာက္ခံ (ရွပ္နီ) မ်ားမွာ MFP နဲ႔ ဖ်ဴ ထိုင္းပါတီတို႔အၾကား မ်ိဳးဆက္သစ္ႏိုင္ငံေရးကြဲျပားမႈအျဖစ္ ေျပာင္းလဲခဲ့ပါၿပီ၊ ဒီအတြက္ ထိုင္းႏိုင္ငံေရး မတည္မၿငိမ္ ျဖစ္တဲ့အခါတိုင္း ဆန႔္က်င္ဘက္အုပ္စုအခ်င္းခ်င္း ႐ုန႔္ရင္းဆန္ခတ္ အဓိက႐ုန္းမ်ား ျဖစ္ႏိုင္ေျခ အလြန္နည္းပါတယ္။
၂၀၁၄ ခုႏွစ္ ယဥ္လတ္အစိုးရျပဳတ္က်ၿပီး အာဏာသိမ္းမႈနဲ႔ ထိုင္းႏိုင္ငံကို ဆယ္စုႏွစ္ တစ္စုနီးပါး ဦးေဆာင္ခဲ့သူ ဝန္ႀကီးခ်ဳပ္ေဟာင္း-ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာယြတ္ ခ်န္အိုခ်ာ (၇၁ ႏွစ္) ဟာ ႏိုင္ငံေရးမွ အနားယူေနေပမယ့္ အေပးအယူမ်ားနဲ႔ တစ္ေက်ာ့ျပန္လာဖြယ္ ရွိပါတယ္။
ေပတုန္တန္ကို ယာယီဆိုင္းငံ့ထားစဥ္ ေခတၱဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ “ဖြမ္သမ္ ဝီခ်ရာခ်ိဳင္” မွာ ၂၀၂၃-ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ စာရင္းသြင္းခဲ့သူ မဟုတ္ျခင္းေၾကာင့္ ဥပေဒ ေၾကာင္းအရ အရည္အခ်င္း ျပည့္မီသူ မဟုတ္ပါဘူး၊ ဒါေပမယ့္ လက္ရွိ ဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ ျပည္ထဲေရးဝန္ ႀကီးေဟာင္း “အႏုတင္ ခ်န္ဗီရာကူ” (၅၈-ႏွစ္) နဲ႔ အျခား ၂-ဦးတို႔ဟာ ၂၀၂၃-ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ဝန္ႀကီး ခ်ဳပ္ေလာင္းအျဖစ္ စာရင္းသြင္းခဲ့သူမ်ားျဖစ္လို႔ ဝန္ႀကီးခ်ဳပ္အျဖစ္ အရည္အခ်င္းျပည့္မီၾကပါတယ္။
လက္ရွိထိုင္းႏိုင္ငံမွာ ကေမာၻဒီးယားနဲ႔ နယ္စပ္ ပဋိပကၡျဖစ္ပြားေနၿပီး ႏိုင္ငံတကာ အာ႐ုံစိုက္ခံေနရျခင္း၊ ႏိုင္ငံ ေရးလြတ္လပ္ခြင့္ ပိုမိုရရွိလိုတဲ့ ျပည္သူလူထုေၾကာင့္ ထိုင္းစစ္တပ္အေနနဲ႔ တိုက္႐ိုက္အာဏာသိမ္းမယ့္အစား တရား႐ုံး-လႊတ္ေတာ္နဲ႔ အစိုးရမဟာမိတ္မ်ားကို အသုံးခ်ရန္သာ အမ်ားဆုံး ျဖစ္ႏိုင္ပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.