စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဂြိုလ်တုအသစ်ကို အာကာသထဲသို့ အစ္စရေးလွှတ်တင်

242

Pika (NP News)-စက်တင်ဘာ ၄
အစ္စရေးနိုင်ငံဟာ ၎င်းရဲ့နောက်ဆုံးပေါ် စပိုင်ဂြိုလ်တုကို အာကာသထဲကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း လွှတ်တင်မှုကို ဘယ်နေရာမှာလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။အာကာသထဲကိုလွှတ်တင်နိုင်ခဲ့တဲ့ Ofek 19 ဂြိုလ်တုကို နိုင်ငံပိုင် Israel Aerospace Industriesကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက” Ofek 19ဂြိုလ်တုဟာ အဆင့်မြှင့်တင်ထားတဲ့ စွမ်းဆောင်ရည်မြင့် စူးစမ်းလေ့လာရေးဂြိုလ်တုတစ်ခုဖြစ်ပါတယ်။ကမ္ဘာပတ်လမ်းအတွင်းကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့မှုနဲ့အတူ Ofek 19ဂြိုလ်တုဟာ ကြံခိုင်မှုနဲ့စွမ်းဆောင်ရည်တွေကို အကဲဖြတ်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့စမ်းသပ်မှုတွေကို လုပ်ဆောင်သွားပါလိမ့်မယ်။”လို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အစ္စရေးဟာ ၎င်းရဲ့စစ်တပ်အတွက် စောင့်ကြည့်ရေးနဲ့ထောက်လှမ်းရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ (၁၉၈၈)ခုနှစ်တည်းက Ofek စူးစမ်းလေ့လာရေးဂြိုလ်တုတွေကို အာကာသထဲကို လွှတ်တင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရသိမ်းယူမှုတွေလုပ်ဆောင်ဖို့ အစ္စရေးအစိုးရကခွင့်ပြုခဲ့ပြီးနောက် သီတင်းပတ်များစွာအကြာမှာ စပိုင်ဂြိုလ်တုလွှတ်တင်မှု ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
စစ္ဘက္ဆိုင္ရာေထာက္လွမ္းေရးၿဂိဳလ္တုအသစ္ကို အာကာသထဲသို႔ အစၥေရးလႊတ္တင္
Pika (NP News)-စက္တင္ဘာ ၄
အစၥေရးႏိုင္ငံဟာ ၎ရဲ႕ေနာက္ဆုံးေပၚ စပိုင္ၿဂိဳလ္တုကို အာကာသထဲကို ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့တယ္လို႔ အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း လႊတ္တင္မႈကို ဘယ္ေနရာမွာလုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။အာကာသထဲကိုလႊတ္တင္ႏိုင္ခဲ့တဲ့ Ofek 19 ၿဂိဳလ္တုကို ႏိုင္ငံပိုင္ Israel Aerospace Industriesကုမၸဏီက တည္ေဆာက္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနက” Ofek 19ၿဂိဳလ္တုဟာ အဆင့္ျမႇင့္တင္ထားတဲ့ စြမ္းေဆာင္ရည္ျမင့္ စူးစမ္းေလ့လာေရးၿဂိဳလ္တုတစ္ခုျဖစ္ပါတယ္။ကမာၻပတ္လမ္းအတြင္းကို ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့မႈနဲ႔အတူ Ofek 19ၿဂိဳလ္တုဟာ ႀကံခိုင္မႈနဲ႔စြမ္းေဆာင္ရည္ေတြကို အကဲျဖတ္ႏိုင္ဖို႔အတြက္ သတ္မွတ္ထားတဲ့စမ္းသပ္မႈေတြကို လုပ္ေဆာင္သြားပါလိမ့္မယ္။”လို႔ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။အစၥေရးဟာ ၎ရဲ႕စစ္တပ္အတြက္ ေစာင့္ၾကည့္ေရးနဲ႔ေထာက္လွမ္းေရးလုပ္ငန္းေတြလုပ္ေဆာင္ဖို႔ (၁၉၈၈)ခုႏွစ္တည္းက Ofek စူးစမ္းေလ့လာေရးၿဂိဳလ္တုေတြကို အာကာသထဲကို လႊတ္တင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဂါဇာကမ္းေျမာင္ေဒသကို စစ္ေရးအရသိမ္းယူမႈေတြလုပ္ေဆာင္ဖို႔ အစၥေရးအစိုးရကခြင့္ျပဳခဲ့ၿပီးေနာက္ သီတင္းပတ္မ်ားစြာအၾကာမွာ စပိုင္ၿဂိဳလ္တုလႊတ္တင္မႈ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။