တပ်မတော်ပြန်လည်သိမ်းပိုက်ထားသော နောင်ချိုမြို့တွင် (MEVM) မဲပေးစက်များအသုံးပြုခြင်းဆိုင်ရာသတင်တန်းပို့ချကာ လက်တွေ့စမ်းသပ်မဲပေး

140

သန့်ဇင်(NP News)-စက်တင်ဘာ ၄
တပ်မတော်ပြန်လည်သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာသင်တန်းပို့ချကာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းနှင့် မဲဆန္ဒရှင်အသိပညာပေးသရုပ်ပြစမ်းသပ် မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ (စက်တင်ဘာ ၃ရက်) နံနက်ပိုင်းက နောင်ချိုမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင်ပြည်သူများ မြန်မာအီ လက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုတတ်စေရန် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုနည်းနှင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားကာ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်း သပ်မဲပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ၂၇ ရက်၊ နံနက် ၉နာရီခွဲကလည်း (MEVM)မဲပေးစက် အသုံးပြုနည်းနှင့် လက်တွေ့ စမ်းသပ် မဲပေး ခြင်း အခမ်းအနားကို လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း (၂၂၈) ဦး တက်ရောက်ခဲ့ပြီး တစ်ဦးချင်းလက်တွေ့စမ်းသပ် မဲပေးခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်မြေပြန်လည်တည်ငြိမ်လာသော လားရှိုးမြို့နှင့် နောင်ချိုမြို့တို့တွင် ယခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲ ဆိုင်ရာ (MEVM)မဲပေးစက်အသုံးပြုနည်းနှင့် စမ်းသက်မဲပေးခြင်းများကို ပြန်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ လုပ်ဆောင် လာနေသည်ကိုတွေ့မြင်ရသည်။

Zawgyi Version:
တပ်မတော်ပြန်လည်သိမ်းပိုင်ထားသော နောင်ချိုမြို့တွင် (MEVM) မဲပေးစက်များအသုံးပြုခြင်းဆိုင်ရာသတင်တန်းပို့ချကာ လက်တွေ့စမ်းသပ်မဲပေး
သန့်ဇင်(NP News)-စက်တင်ဘာ ၎
တပ်မတော်ပြန်လည်သိမ်းပိုင်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာသင်တန်းပို့ချကာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်မြေပြန်လည်တည်ငြိမ်လာသော လားရှိုးမြို့နှင့် နောင်ချိုမြို့တို့တွင် ယခုရက်ပိုင်းအတွင်း ရွေးကောက် ဆိုင်ရာ (MEVM)မဲပေးစက်အသုံးပြုနည်းနှင့် စမ်းသက်မဲပေးခြင်းများကို ပြန်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ လုပ်ဆောင် လာနေသည်ကိုတွေ့မြင်ရသည်။