ကယ်လီဖိုးနီးယားပြည်နယ်၊ သမိုင်းဝင် Golden Country တဝှမ်း တောမီးများ လောင်ကျွမ်းနေ

 212

ရောင်နီ (NP News) - စက်တင်ဘာ ၅
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း ခရိုင်နှစ်ခုရဲ့အစိတ်အပိုင်းတချို့မှာ တောမီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်နေပြီး နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။
တစ်ချိန်က သမိုင်းဝင် ရွှေအလုအယက် တူးဖော်ရာမြို့(Golden Country) ရဲ့တစ်စိတ်တစ်ပိုင်းဟာလည်း တောမီးလောင်ကျွမ်းမှုထဲ ပါဝင်နေပါတယ်။ အင်္ဂါနေ့ (စက်တင်ဘာ ၅ ရက်) က မိုးကြိုးမုန်တိုင်းကြောင့် တောမီးစတင်လောင်ကျွမ်းခဲ့ပြီး ကယ်လီဖိုးနီးယား သစ်တောနဲ့ တောမီး ကာကွယ်ရေးဌာနရဲ့အဆိုအရ ဧက ၁၃၀၀၀ ကျော် (၅၂၆၁ ဟက်တာ) ထက်မနည်း လောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ Gold Country ဒေသ၊ ဆီရာနဗာဒါ အနောက်တောင်ခြေရှိ နေထိုင်သူ လူ ၁၀၀ ဝန်းကျင်သာရှိတဲ့ Chinese Camp ကျေးရွာဟာ အဆိုပါတောမီးလောင်ကျွမ်းမှုကို အပြင်းအထန်ခံစားနေရကာ ၁၈၅၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ပြီး မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ မီးသတ်တပ်ဖွဲ့ဝင် ၆၀၀ ကျော် စေလွှတ်ထားတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် အိုးအိမ် ဆုံးရှုံးမှုနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုအတိုင်းအတာ အပြည့်အစုံမသိရသေးပေမယ့် အသေအပျောက်တော့ မရှိဘူးလို့ သတင်းရရှိပါတယ်။ မီးလောင်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကယ်ဆယ်ရေးစခန်းနှစ်ခု၊ တိရစ္ဆာန်တွေနဲ့ အိမ်မွေးတိရစ္ဆာန်ငယ်တွေအတွက် အမိုးအကာတွေ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ကယ္လီဖိုးနီးယားျပည္နယ္၊ သမိုင္းဝင္ Golden Country တဝွမ္း ေတာမီးမ်ား ေလာင္ကြၽမ္းေန
ေရာင္နီ (NP News) - စက္တင္ဘာ ၅
အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ပိုင္း ခ႐ိုင္ႏွစ္ခုရဲ႕အစိတ္အပိုင္းတခ်ိဳ႕မွာ ေတာမီးေလာင္ကြၽမ္းမႈေတြျဖစ္ေပၚေနၿပီး ေနထိုင္သူေတြကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းထားတယ္လို႔ သိရပါတယ္။
တစ္ခ်ိန္က သမိုင္းဝင္ ေ႐ႊအလုအယက္ တူးေဖာ္ရာၿမိဳ႕(Golden Country) ရဲ႕တစ္စိတ္တစ္ပိုင္းဟာလည္း ေတာမီးေလာင္ကြၽမ္းမႈထဲ ပါဝင္ေနပါတယ္။ အဂၤါေန႔ (စက္တင္ဘာ ၅ ရက္) က မိုးႀကိဳးမုန္တိုင္းေၾကာင့္ ေတာမီးစတင္ေလာင္ကြၽမ္းခဲ့ၿပီး ကယ္လီဖိုးနီးယား သစ္ေတာနဲ႔ ေတာမီး ကာကြယ္ေရးဌာနရဲ႕အဆိုအရ ဧက ၁၃၀၀၀ ေက်ာ္ (၅၂၆၁ ဟက္တာ) ထက္မနည္း ေလာင္ကြၽမ္းသြားတယ္လို႔ ဆိုပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္၊ Gold Country ေဒသ၊ ဆီရာနဗာဒါ အေနာက္ေတာင္ေျခရွိ ေနထိုင္သူ လူ ၁၀၀ ဝန္းက်င္သာရွိတဲ့ Chinese Camp ေက်း႐ြာဟာ အဆိုပါေတာမီးေလာင္ကြၽမ္းမႈကို အျပင္းအထန္ခံစားေနရကာ ၁၈၅၄ ခုႏွစ္က တည္ေဆာက္ခဲ့တဲ့ ဘုရားေက်ာင္းတစ္ခုလည္း ထိခိုက္ပ်က္စီးခဲ့ၿပီး မီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ဖို႔ မီးသတ္တပ္ဖြဲ႕ဝင္ ၆၀၀ ေက်ာ္ ေစလႊတ္ထားတယ္လို႔ သိရပါတယ္။
မီးေလာင္မႈေၾကာင့္ အိုးအိမ္ ဆုံးရႈံးမႈနဲ႔ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းမႈအတိုင္းအတာ အျပည့္အစုံမသိရေသးေပမယ့္ အေသအေပ်ာက္ေတာ့ မရွိဘူးလို႔ သတင္းရရွိပါတယ္။ မီးေလာင္မႈေၾကာင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအတြက္ ကယ္ဆယ္ေရးစခန္းႏွစ္ခု၊ တိရစာၦန္ေတြနဲ႔ အိမ္ေမြးတိရစာၦန္ငယ္ေတြအတြက္ အမိုးအကာေတြ ဖြင့္လွစ္ေပးထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.