ငလျင်ဒဏ်သင့်စီးပွားရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလျံ (၇၀၀) ကို ထုတ်ချေးမည်

 353

Pearl (NP News) - စက်တင်ဘာ ၅
မန္တလေးမြေငလျင်ကြီးဒဏ်သင့် စီးပွားရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလျံ (၇၀၀) ကို ပြန်လည်ထူထောင်ရေးချေးငွေအဖြစ် ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်‌နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသများမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန်၊ နေအိမ်နှင့် လုပ်ငန်းသုံးစက်ရုံနှင့် အလုပ်ရုံများ ပြန်လည်တည်ဆောက်ရန် နိုင်ငံတော်က ထည့်ဝင်ပံ့ပိုးသောရန်ပုံငွေဖြင့် ချေးငွေအစီအစဉ်များ ဆောင်ရွက်ရန်အတွက် ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၅ အရ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၂၅ အရ ဩဂုတ် ၂၀ ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထိုသို့ အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ကနဦးမတည်ရန်ပုံငွေကျပ် ဘီလျံ ၇၀၀ ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် ဘီလျံ ၅၀၀ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဈေးကွက်တည်ငြိမ်ရေးရန်ပုံငွေမှ ကျပ် ဘီလျံ ၂၀၀ ထည့်ဝင်မည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်သင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်၍ သက်ဆိုင်ရာဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေလျှောက်ထားနိုင်ပြီး ချေးငွေသက်တမ်းကို ၃ နှစ်မှ ၅ နှစ်အထိ သတ်မှတ်ထားကာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စက်မှု လုပ်ငန်းများအတွက် လုပ်ငန်းသုံးအရင်းအနှီး၊ အိမ်များ၊ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေး၊ စက်ပစ္စည်း၊ ရေပေးဝေရေး၊ လျှပ်စစ်မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ တည်ဆောက်ရန်တာဝန်ယူသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့်ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအဖြစ် AYA Bank PCL ၊ uab Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့မှ ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလာခြင်းအပေါ် ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် (SOP) ပါ စံသတ်မှတ်ချက်များနှင့် အညီရွေးချယ်ထား ခြင်းဖြစ်ကြောင်းသိရသည်။
ချေးငွေထုတ်ပေးရန် ဦးစားပေးကဏ္ဍများအနေဖြင့် ကုန်သွယ်ရေး၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံ များနှင့် ပုဂ္ဂလိက စာသင်ကျောင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ ပျက်စီးသွားသော လူနေအိမ်များအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးသွားမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် ချေးငွေများအား စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ဒဏ္သင့္စီးပြားေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္ ဘီလ်ံ (၇၀၀) ကို ထုတ္ေခ်းမည္
Pearl (NP News) - စက္တင္ဘာ ၅
မႏၲေလးေျမငလ်င္ႀကီးဒဏ္သင့္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္ ဘီလ်ံ (၇၀၀) ကို ျပန္လည္ထူေထာင္ေရးေခ်းေငြအျဖစ္ ထုတ္ေခ်းသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ၿပီးခဲ့သည့္ စက္တင္ဘာ ၂ ရက္တြင္ ထုတ္ျပန္ေၾကညာ ထားေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ မတ္လ ၂၈ ရက္‌ေန႔က လႈပ္ခတ္ခဲ့သည့္ အင္အားျပင္း မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ျပည္ေထာင္စုနယ္ေျမ (ေနျပည္ေတာ္)၊ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္း‌ေဒသႀကီး၊ ပဲခူးတိုင္း‌ေဒသႀကီးႏွင့္ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္းေဒသမ်ားမွ ႏိုင္ငံ့ဝန္ထမ္းမ်ားအပါအဝင္ ျပည္သူမ်ား၏ စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ထူေထာင္ရန္၊ ေနအိမ္ႏွင့္ လုပ္ငန္းသုံးစက္႐ုံႏွင့္ အလုပ္႐ုံမ်ား ျပန္လည္တည္ေဆာက္ရန္ ႏိုင္ငံေတာ္က ထည့္ဝင္ပံ့ပိုးေသာရန္ပုံေငြျဖင့္ ေခ်းေငြအစီအစဥ္မ်ား ေဆာင္႐ြက္ရန္အတြက္ ဩဂုတ္ ၁၄ ရက္တြင္ ထုတ္ျပန္သည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံး၏ အမိန႔္ေၾကာ္ျငာစာအမွတ္ ၆၈/၂၀၂၅ အရ ရန္ပုံေငြႀကီးၾကပ္မႈဗဟိုေကာ္မတီႏွင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ အမိန႔္ေၾကာ္ျငာစာအမွတ္ ၃၀/၂၀၂၅ အရ ဩဂုတ္ ၂၀ ရက္တြင္ ရန္ပုံေငြစီမံခန႔္ခြဲမႈလုပ္ငန္းအဖြဲ႕ကို ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။
ထိုသို႔ အင္အားျပင္းမႏၲေလးငလ်င္ႀကီးဒဏ္ခံခဲ့ရသည့္ နယ္ေျမေဒသမ်ား ျပန္လည္ထူေထာင္ေရး ရန္ပုံေငြအတြက္ ကနဦးမတည္ရန္ပုံေငြက်ပ္ ဘီလ်ံ ၇၀၀ ကို အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈရန္ပုံေငြမွ က်ပ္ ဘီလ်ံ ၅၀၀ ႏွင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ ေဈးကြက္တည္ၿငိမ္ေရးရန္ပုံေငြမွ က်ပ္ ဘီလ်ံ ၂၀၀ ထည့္ဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ငလ်င္ဒဏ္သင့္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ျပည္သူမ်ားအေနျဖင့္ စက္တင္ဘာ ၂ ရက္မွ စတင္၍ သက္ဆိုင္ရာဘဏ္မ်ားႏွင့္ ဘဏ္မဟုတ္ေသာ ေငြေၾကးအဖြဲ႕အစည္းမ်ားတြင္ အတိုးႏႈန္းသက္သာစြာျဖင့္ ေခ်းေငြေလွ်ာက္ထားႏိုင္ၿပီး ေခ်းေငြသက္တမ္းကို ၃ ႏွစ္မွ ၅ ႏွစ္အထိ သတ္မွတ္ထားကာ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား (MSMEs) ႏွင့္ စက္မႈ လုပ္ငန္းမ်ားအတြက္ လုပ္ငန္းသုံးအရင္းအႏွီး၊ အိမ္မ်ား၊ အေဆာက္အအုံမ်ား ျပန္လည္ တည္ေဆာက္ေရး၊ စက္ပစၥည္း၊ ေရေပးေဝေရး၊ လွ်ပ္စစ္မီး၊ ဆိုလာႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံေတာ္၏ အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္ရန္တာဝန္ယူသည့္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအတြက္ ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း သိရသည္။
ေခ်းေငြအစီအစဥ္တြင္ ပါဝင္ေဆာင္႐ြက္မည့္ ဘဏ္ႏွင့္ဘဏ္မဟုတ္ေသာေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားအျဖစ္ AYA Bank PCL ၊ uab Bank PCL ၊ CB Bank PCL ၊ ဧရာဝတီေတာင္သူ လယ္သမားမ်ားဖြံ႕ၿဖိဳးေရးဘဏ္၊ ႐ိုးမဘဏ္၊ ေဆာက္လုပ္ေရးအိမ္ရာႏွင့္ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္၊ ျမန္မာႏိုင္ငံသားမ်ားဘဏ္၊ ကေမာၻဇဘဏ္၊ Best Merchant Finance Co., Ltd ႏွင့္ Zega Finance Co., Ltd တို႔မွ ေခ်းေငြအစီအစဥ္တြင္ ပါဝင္ေဆာင္႐ြက္လိုေၾကာင္း တင္ျပေလွ်ာက္ထားလာျခင္းအေပၚ ေခ်းေငြဆိုင္ရာစံျပဳလုပ္ငန္းစဥ္ (SOP) ပါ စံသတ္မွတ္ခ်က္မ်ားႏွင့္ အညီေ႐ြးခ်ယ္ထား ျခင္းျဖစ္ေၾကာင္းသိရသည္။
ေခ်းေငြထုတ္ေပးရန္ ဦးစားေပးက႑မ်ားအေနျဖင့္ ကုန္သြယ္ေရး၊ အေသးစား၊ အငယ္စား ႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ား၊ စက္မႈလက္မႈလုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးလုပ္ငန္းမ်ား၊ ပုဂၢလိကေဆး႐ုံ မ်ားႏွင့္ ပုဂၢလိက စာသင္ေက်ာင္းမ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအပါအဝင္ ျပည္သူမ်ား၏ ပ်က္စီးသြားေသာ လူေနအိမ္မ်ားအား ျပန္လည္တည္ေဆာက္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားသို႔ သက္သာေသာအတိုးႏႈန္းျဖင့္ ေခ်းေငြမ်ား အျမန္ဆုံးထုတ္ေခ်းသြားမည္ျဖစ္သည္။ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ ေခ်းေငြအစီအစဥ္တြင္ ပါဝင္ေဆာင္႐ြက္မည့္ ဘဏ္ႏွင့္ ဘဏ္မဟုတ္ေသာ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားမွတစ္ဆင့္ ေခ်းေငြမ်ားအား စတင္ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.