မန္တလေးရှိ ငလျင်ဘေးသင့်အာမခံအလုပ်သမား လေးထောင်ကျော်အတွက် ကျပ်သန်း(၃၄၀)ကျော် ထပ်မံထုတ်ပေး

 358

ချယ်ရီ (NP News) - စက်တင်ဘာ ၅
မန္တလေးငလျင်ဘေးသင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးရှိ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၄,၀၀၀)ကျော်အတွက် ကျပ်သန်း (၃၄၀)ကျော် ထပ်မံထုတ်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ပြောကြားသည်။
ယမန်နေ့ (စက်တင်ဘာလ ၄ ရက်)က မန္တလေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမား များ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်၊
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးငလျင်ဘေးသင့်ခဲ့သော လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် အလုပ်ဌာန (၇,၄၃၀)၊ အာမခံအလုပ်သမား (၁၂၁,၁၃၀)ရှိပြီး ၎င်းတို့ကို သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်း ထုတ်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယခုတွင် ၎င်းတို့အထဲမှ အာမခံအလုပ်သမား (၄,၃၈၆) ဦးအတွက် ငွေကျပ် (၃၄၇ ဒသမ ၄၆၃) သန်းကို ပေးအပ်သွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်း အာမခံအလုပ်သမား (၃၁,၆၈၁) ဦးအတွက်လည်း ငွေကျပ် (၂,၆၂၅ ဒသမ ၅၀၂) သန်းကို Online Payment စနစ်ဖြင့် အာမခံအလုပ်သမားများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံပြောကြားသည်။
ထို့ပြင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အတွက် မန္တလေးတိုင်းအတွင်းရှိ ပညာသင်စရိတ် လျှောက်ထားလာသည့် အလုပ်သမား (၃,၉၄၀) ၏ သားသမီး (၅,၃၉၆) ဦးအတွက် ပညာသင်စရိတ် စုစုပေါင်း ငွေကျပ် (၂၁၄ ဒသမ ၇၀၇) သန်းကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် အကျုံးဝင်လျှောက်လွှာများကို စိစစ်လျက်ရှိကာ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အလားတူ ပြီးခဲ့သည့်ဇူလိုင်လ (၄) ရက်ကလည်း ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အာမခံအလုပ်သမားများအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန (၁,ဝ၉၇) ဌာန၊ အာမခံအလုပ်သမား (၂၇,၂၆၇) ဦးအနက်မှ အာမခံလုပ်သား (၁၁,၂၀၃) ဦးကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာနှုန်းဖြစ်သည့် ငွေကျပ် (၁,၀၀၁ ဒသမ ၅၆၃) သန်းကို ဦးစွာ ထုတ်ပေးထားကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးရွိ ငလ်င္ေဘးသင့္အာမခံအလုပ္သမား ေလးေထာင္ေက်ာ္အတြက္ က်ပ္သန္း(၃၄၀)ေက်ာ္ ထပ္မံထုတ္ေပး
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၅
မႏၲေလးငလ်င္ေဘးသင့္ခဲ့သည့္ မႏၲေလးတိုင္းေဒသႀကီးရွိ လူမႈဖူလုံေရးအဖြဲ႕တြင္ မွတ္ပုံတင္ထားေသာ အာမခံအလုပ္သမား (၄,၀၀၀)ေက်ာ္အတြက္ က်ပ္သန္း (၃၄၀)ေက်ာ္ ထပ္မံထုတ္ေပးခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ေက်ာ္ဟိုးက ေျပာၾကားသည္။
ယမန္ေန႔ (စက္တင္ဘာလ ၄ ရက္)က မႏၲေလးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌က်င္းပေသာ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ အာမခံအလုပ္သမား မ်ား၏ သားသမီးမ်ားအား ပညာသင္စရိတ္ေထာက္ပံ့ျခင္းႏွင့္ မႏၲေလးငလ်င္ေဘးသင့္ သဘာဝေဘးအႏၲရာယ္ က်ေရာက္မႈဆိုင္ရာ မိသားစုေထာက္ပံ့မႈ အက်ိဳးခံစားခြင့္မ်ားေပးအပ္ျခင္း အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္၊
မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ မႏၲေလးငလ်င္ေဘးသင့္ခဲ့ေသာ လူမႈဖူလုံေရးအဖြဲ႕တြင္ မွတ္ပုံတင္ထားသည့္ အလုပ္ဌာန (၇,၄၃၀)၊ အာမခံအလုပ္သမား (၁၂၁,၁၃၀)ရွိၿပီး ၎တို႔ကို သဘာဝေဘးအႏၲရာယ္ က်ေရာက္မႈဆိုင္ရာ အက်ိဳးခံစားခြင့္ (၄၀) ရာခိုင္ႏႈန္း ထုတ္ေပးလ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ယခုတြင္ ၎တို႔အထဲမွ အာမခံအလုပ္သမား (၄,၃၈၆) ဦးအတြက္ ေငြက်ပ္ (၃၄၇ ဒသမ ၄၆၃) သန္းကို ေပးအပ္သြားမည္ျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီးအတြင္း စုစုေပါင္း အာမခံအလုပ္သမား (၃၁,၆၈၁) ဦးအတြက္လည္း ေငြက်ပ္ (၂,၆၂၅ ဒသမ ၅၀၂) သန္းကို Online Payment စနစ္ျဖင့္ အာမခံအလုပ္သမားမ်ား၏ လက္ဝယ္အေရာက္ ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထပ္မံေျပာၾကားသည္။
ထို႔ျပင္ (၂၀၂၅-၂၀၂၆) ပညာသင္ႏွစ္အတြက္ မႏၲေလးတိုင္းအတြင္းရွိ ပညာသင္စရိတ္ ေလွ်ာက္ထားလာသည့္ အလုပ္သမား (၃,၉၄၀) ၏ သားသမီး (၅,၃၉၆) ဦးအတြက္ ပညာသင္စရိတ္ စုစုေပါင္း ေငြက်ပ္ (၂၁၄ ဒသမ ၇၀၇) သန္းကို လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးထံ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး က်န္ရွိသည့္ အက်ဳံးဝင္ေလွ်ာက္လႊာမ်ားကို စိစစ္လ်က္ရွိကာ ဆက္လက္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
အလားတူ ၿပီးခဲ့သည့္ဇူလိုင္လ (၄) ရက္ကလည္း ငလ်င္ေဘးဒဏ္ ခံစားခဲ့ရသည့္ အာမခံအလုပ္သမားမ်ားအား ျပည္ေထာင္စုနယ္ေျမ (ေနျပည္ေတာ္)အတြင္း အက်ဳံးဝင္မွတ္ပုံတင္ထားေသာ အလုပ္ဌာန (၁,ဝ၉၇) ဌာန၊ အာမခံအလုပ္သမား (၂၇,၂၆၇) ဦးအနက္မွ အာမခံလုပ္သား (၁၁,၂၀၃) ဦးကို သဘာဝေဘးအႏၲရာယ္က်ေရာက္မႈဆိုင္ရာ မိသားစုေထာက္ပံ့မႈ အက်ိဳးခံစားခြင့္ (၄၀) ရာႏႈန္းျဖစ္သည့္ ေငြက်ပ္ (၁,၀၀၁ ဒသမ ၅၆၃) သန္းကို ဦးစြာ ထုတ္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.