တတ်နိုင်သမျှနည်းလမ်းအားလုံးဖြင့် ရုရှားကိုကူညီပေးသွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်ကတိပြု

 222

Pika (NP News) - စက်တင်ဘာ ၅

မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံကို ၎င်းတို့၏မိတ်ဖက်ညီအစ်ကိုနိုင်ငံအဖြစ် ရှုမြင်ထားပြီး တတ်နိုင်သမျှနည်းလမ်းအားလုံးဖြင့် ရုရှားကိုကူညီပေးဖို့က ၎င်းတို့၏တာဝန်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ရုရှားသမ္မတပူတင်ကို ပြောကြားခဲ့သည်။
ပူတင်နှင့် ကင်ဂျုံအန်းတို့သည် တရုတ်နိုင်ငံတွင် ကျင်းပသော စစ်ရေးပြပွဲအခမ်းအနားအတွင်း အပြန်အလှန်ဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကာ့စ်ဒေသတွင် ယူကရိန်း၏ကျူးကျော်တိုက်ခိုက်မှုများကို ရင်ဆိုင်တိုက်ခိုက်ရာတွင် မြောက်ကိုရီးယား၏ စစ်ရေးအကူအညီများအတွက် ရုရှား၏ အသိအမှတ်ပြုမှုကို ပူတင်က ထပ်မံအတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။
ကာ့စ်ဒေသတွင် ယူကရိန်း၏ကျူးကျော်တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ခိုက်မှုအား ယနေ့ခေတ်နာဇီလက်သစ်ဝါဒကို ဆန့်ကျင်သည့် ပူးပေါင်းတိုက်ခိုက်မှုတစ်ခုအဖြစ် ပူတင်က ဖော်ပြပြောဆိုခဲ့ကြောင်းသိရသည်။
ကင်ဂျုံအန်းက "အရင်တွေ့ဆုံမှုတွေတုန်းက ပြောခဲ့သလိုပဲ ရုရှားကိုကူညီနိုင်မယ့်နည်းလမ်းတွေ ရှိမယ်ဆိုရင် အဲဒီနည်းလမ်းတွေကို ကျွန်တော်တို့သေချာပေါက်လုပ်ဆောင်သွားမှာပါ။ အဲဒါက ကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်ဇွန်လတွင် ရုရှားနှင့်မြောက်ကိုရီးယားတို့သည် အပြန်အလှန်ကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက်များ ပါဝင်သော ဘက်စုံပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
ထို့ပြင် ရုရှားပိုင်နက်များကို ကာကွယ်သည့်အချိန်အတွင်း ကျဆုံးသွားခဲ့သည့် မြောက်ကိုရီးယားစစ်သားများအတွက် မော်စကိုမြို့တွင် အထိမ်းအမှတ်မှတ်တိုင်များ စိုက်ထူပေးသွားမည်ဖြစ်ကြောင်း ပူတင်က ကတိပြုပြောခဲ့သည်။

Zawgyi Version:
တတ္ႏိုင္သမွ်နည္းလမ္းအားလုံးျဖင့္ ႐ုရွားကိုကူညီေပးသြားမည္ဟု ေျမာက္ကိုရီးယားေခါင္းေဆာင္ကတိျပဳ
Pika (NP News) - စက္တင္ဘာ ၅
ေျမာက္ကိုရီးယားႏိုင္ငံသည္ ႐ုရွားႏိုင္ငံကို ၎တို႔၏မိတ္ဖက္ညီအစ္ကိုႏိုင္ငံအျဖစ္ ရႈျမင္ထားၿပီး တတ္ႏိုင္သမွ်နည္းလမ္းအားလုံးျဖင့္ ႐ုရွားကိုကူညီေပးဖို႔က ၎တို႔၏တာဝန္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ႐ုရွားသမၼတပူတင္ကို ေျပာၾကားခဲ့သည္။
ပူတင္ႏွင့္ ကင္ဂ်ဳံအန္းတို႔သည္ တ႐ုတ္ႏိုင္ငံတြင္ က်င္းပေသာ စစ္ေရးျပပြဲအခမ္းအနားအတြင္း အျပန္အလွန္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရန္အတြက္ ေဘဂ်င္းၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ကာ့စ္ေဒသတြင္ ယူကရိန္း၏က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို ရင္ဆိုင္တိုက္ခိုက္ရာတြင္ ေျမာက္ကိုရီးယား၏ စစ္ေရးအကူအညီမ်ားအတြက္ ႐ုရွား၏ အသိအမွတ္ျပဳမႈကို ပူတင္က ထပ္မံအတည္ျပဳေျပာၾကားခဲ့ေၾကာင္း သိရသည္။
ကာ့စ္ေဒသတြင္ ယူကရိန္း၏က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို တြန္းလွန္တိုက္ခိုက္မႈအား ယေန႔ေခတ္နာဇီလက္သစ္ဝါဒကို ဆန႔္က်င္သည့္ ပူးေပါင္းတိုက္ခိုက္မႈတစ္ခုအျဖစ္ ပူတင္က ေဖာ္ျပေျပာဆိုခဲ့ေၾကာင္းသိရသည္။
ကင္ဂ်ဳံအန္းက "အရင္ေတြ႕ဆုံမႈေတြတုန္းက ေျပာခဲ့သလိုပဲ ႐ုရွားကိုကူညီႏိုင္မယ့္နည္းလမ္းေတြ ရွိမယ္ဆိုရင္ အဲဒီနည္းလမ္းေတြကို ကြၽန္ေတာ္တို႔ေသခ်ာေပါက္လုပ္ေဆာင္သြားမွာပါ။ အဲဒါက ကြၽန္ေတာ္တို႔ရဲ႕တာဝန္ပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ဇြန္လတြင္ ႐ုရွားႏွင့္ေျမာက္ကိုရီးယားတို႔သည္ အျပန္အလွန္ကာကြယ္ေရးဆိုင္ရာျပ႒ာန္းခ်က္မ်ား ပါဝင္ေသာ ဘက္စုံပူးေပါင္းေဆာင္႐ြက္ေရးသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ႐ုရွားပိုင္နက္မ်ားကို ကာကြယ္သည့္အခ်ိန္အတြင္း က်ဆုံးသြားခဲ့သည့္ ေျမာက္ကိုရီးယားစစ္သားမ်ားအတြက္ ေမာ္စကိုၿမိဳ႕တြင္ အထိမ္းအမွတ္မွတ္တိုင္မ်ား စိုက္ထူေပးသြားမည္ျဖစ္ေၾကာင္း ပူတင္က ကတိျပဳေျပာခဲ့သည္။

Related news

© 2021. All rights reserved.