တိုက်ရိုက်ပစ်ခတ်မှုများပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အမေရိကန် နှင့် အင်ဒိုနီးရှားတို့ အောင်မြင်စွာပြုလုပ်

 289

Pika (NP News) - စက်တင်ဘာ ၅
အင်ဒိုနီးရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ထောင်နှင့်ချီသောစစ်သားများသည် အခြားနိုင်ငံတစ်ဒါဇင်ခန့်မှတပ်ဖွဲ့များနှင့်အတူ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတို့ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
Garuda Shieldဟုအမည်ပေးထားသည့် စစ်ရေးလေ့ကျင့်ခန်းကို ပြီးခဲ့သည့်ဩဂုတ်လ(၂၄)ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆူမားတြားကျွန်းရှိ Dabo Singkep နှင့် Baturaja မြို့များတွင်လည်း အခြားစစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
တာဝေးပစ်အမြောက်များနှင့် ဒုံးကျည်များပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်တပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုတို့ပါဝင်သည့် စစ်ရေးလေ့ကျင့်ခန်းများကို အင်ဒိုနီးရှားနိုင်ငံ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Agus Subiyanto နှင့် ကာကွယ်ရေးဝန်ကြီး Sjafrie Sjamsoeddinတို့က ကြီးကြပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးမျိုးသောခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် မဟာဗျူဟာမြောက်မိတ်ဖက်များနှင့် အပြန်အလှန်ပူးပေါင်းလုပ်ဆောင်နိုင်မှုကို ပြသခဲ့သော အင်ဒိုနီးရှားတပ်ဖွဲ့များကို Agus Subiyanto က ချီးကျူးခဲ့ကြောင်းလည်း သိရသည်။
အချိန်(၁၁)ရက်ကြာလုပ်ဆောင်ခဲ့သော စစ်ရေးလေ့ကျင့်မှုအတွင်း 11th Airborne Division တွင် တာဝန်ကျသော အမေရိကန်စစ်သားများသည် FIM-92 Stinger ဒုံးကျည်နှစ်စင်းကို အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံးအကြိမ်ပစ်လွှတ်ခဲ့ကြောင်းလည်း သိရသည်။
FIM-92 Stinger ဒုံးကျည်သည် အနိမ့်ပိုင်းတွင် ပျံသန်းသည့်လေယာဉ်များကို ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားသည့် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း သိရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက "FIM-92 Stinger ဒုံးကျည်ကို ပစ်လွှတ်မှုဟာ 11th Airborne Division အတွက် ပထမဆုံးအကြိမ်လုပ်ဆောင်မှုတစ်ခုသာမက အင်ဒိုနီးရှားမှာ ဒီစွမ်းရည်ကိုအသုံးချတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။

Zawgyi Version:
တိုက္႐ိုက္ပစ္ခတ္မႈမ်ားပါဝင္သည့္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို အေမရိကန္ ႏွင့္ အင္ဒိုနီးရွားတို႔ ေအာင္ျမင္စြာျပဳလုပ္
Pika (NP News) - စက္တင္ဘာ ၅
အင္ဒိုနီးရွားႏိုင္ငံႏွင့္ အေမရိကန္ႏိုင္ငံတို႔မွ ေထာင္ႏွင့္ခ်ီေသာစစ္သားမ်ားသည္ အျခားႏိုင္ငံတစ္ဒါဇင္ခန႔္မွတပ္ဖြဲ႕မ်ားႏွင့္အတူ ႏွစ္စဥ္ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားႏွင့္ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈတို႔ကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
Garuda Shieldဟုအမည္ေပးထားသည့္ စစ္ေရးေလ့က်င့္ခန္းကို ၿပီးခဲ့သည့္ဩဂုတ္လ(၂၄)ရက္တြင္ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕တြင္ စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ဆူမားၾတားကြၽန္းရွိ Dabo Singkep ႏွင့္ Baturaja ၿမိဳ႕မ်ားတြင္လည္း အျခားစစ္ေရးေလ့က်င့္ခန္းမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။
တာေဝးပစ္အေျမာက္မ်ားႏွင့္ ဒုံးက်ည္မ်ားပစ္ခတ္ျခင္း၊ ေလေၾကာင္းတိုက္ခိုက္မႈမ်ားႏွင့္ ေျမျပင္တပ္ဖြဲ႕မ်ား၏ စစ္ေရးေလ့က်င့္မႈတို႔ပါဝင္သည့္ စစ္ေရးေလ့က်င့္ခန္းမ်ားကို အင္ဒိုနီးရွားႏိုင္ငံ၏ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Agus Subiyanto ႏွင့္ ကာကြယ္ေရးဝန္ႀကီး Sjafrie Sjamsoeddinတို႔က ႀကီးၾကပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အမ်ိဳးမ်ိဳးေသာၿခိမ္းေျခာက္မႈမ်ားကို ကိုင္တြယ္ေျဖရွင္းရာတြင္ မဟာဗ်ဴဟာေျမာက္မိတ္ဖက္မ်ားႏွင့္ အျပန္အလွန္ပူးေပါင္းလုပ္ေဆာင္ႏိုင္မႈကို ျပသခဲ့ေသာ အင္ဒိုနီးရွားတပ္ဖြဲ႕မ်ားကို Agus Subiyanto က ခ်ီးက်ဴးခဲ့ေၾကာင္းလည္း သိရသည္။
အခ်ိန္(၁၁)ရက္ၾကာလုပ္ေဆာင္ခဲ့ေသာ စစ္ေရးေလ့က်င့္မႈအတြင္း 11th Airborne Division တြင္ တာဝန္က်ေသာ အေမရိကန္စစ္သားမ်ားသည္ FIM-92 Stinger ဒုံးက်ည္ႏွစ္စင္းကို အင္ဒိုနီးရွားႏိုင္ငံတြင္ ပထမဆုံးအႀကိမ္ပစ္လႊတ္ခဲ့ေၾကာင္းလည္း သိရသည္။
FIM-92 Stinger ဒုံးက်ည္သည္ အနိမ့္ပိုင္းတြင္ ပ်ံသန္းသည့္ေလယာဥ္မ်ားကို ဖ်က္ဆီးရန္ ဒီဇိုင္းထုတ္ထားသည့္ ေျမျပင္မွေဝဟင္ပစ္ဒုံးက်ည္အမ်ိဳးအစားျဖစ္ေၾကာင္း သိရသည္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက "FIM-92 Stinger ဒုံးက်ည္ကို ပစ္လႊတ္မႈဟာ 11th Airborne Division အတြက္ ပထမဆုံးအႀကိမ္လုပ္ေဆာင္မႈတစ္ခုသာမက အင္ဒိုနီးရွားမွာ ဒီစြမ္းရည္ကိုအသုံးခ်တဲ့ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္” ဟု ထုတ္ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.