နစကအဖွဲ့ဝင်ဟောင်း ဦးသိန်းညွန့်၏ မိသားစုဝင်များကို နေအိမ်မှဖယ်ရှားရန် ကြိုးပမ်းခံခဲ့ရ

1249

သက််ပိုင်(NP News) - စက်တင်ဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဟောင်း၊ လက်ရှိအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်၏ မိသားစုဝင်များကို ဩဂုတ်လ (၂)ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ နေထိုင်ရာမြေနှင့် အဆောက်အဦးမှဖယ်ရှားရန် ကြိုးပမ်းခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဇ /မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်းမ ကြီးပေါ်ရှိ အမှတ်(၇၂)၊ မြေတိုင်းရပ်ကွက်အမှတ် (၂ဝ)၊ မြေကွက်အမှတ်(၆၁)မှာ (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ကတည်းက ကျပ်သိန်း(၄၄၀၀၀) ဖြင့် လေလံတင်ရောင်းချခဲ့ပြီးဖြစ်သည့်အတွက် လေလံအောင်မြင်သူများက ဌာနဆိုင်ရာများနှင့်အတူ လာရောက်ကာ ဖယ်ရှားရန်ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။
လေလံအောင်မြင်ခဲ့သူအနေဖြင့် အမှတ်(၇၂)၊ မြေတိုင်းရပ်ကွက်အမှတ် (၂ဝ)၊ မြေကွက်အမှတ် (၆၁)၊မြေ (၁ ဒသမ ၅၃၈) ဧကကိုသာ လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ယင်းမြေပေါ်တွင်ရှိသည့် အဆောက်အဦးများကိုမူ ဥပဒေအရ ပိုင်ဆိုင်ခြင်းမရှိကြောင်း သိရသည်။
လေလံအောင်မြင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယင်းခြံဝန်းအတွင်းသို့ စက်တင်ဘာလ (၂)ရက် နံနက် (၁၀) နာရီ (၅၅)မိနစ်တွင် စတင်ဝင်ရောက်ခဲ့ကြပြီး၎င်းတို့အနေဖြင့် ဦးသိန်းညွန့်၏ မိသားစုဝင်များကို လိုက်လံခေါ်ဆိုခဲ့ကြသော်လည်း နေအိမ်များမှာ တံခါးပိတ်ထားသည့်အတွက် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ရုံးတာဝန်ရှိသူနှင့်သာ တွေ့ဆုံခဲ့သည်။
“မြေကွက်က လေလံအောင်ပြီးသားဖြစ်တဲ့အတွက်၊ လေလံအောင်တဲ့သူကို အပ်ရမယ်။ လေလံအောင်ပြီးသား ဖြစ်တဲ့အတွက် ဆက်နေလို့မရတော့ဘူး။ ဖယ်ပေးရမယ့်သဘောရှိတယ်။ ဖယ်ပေးရမယ်ဆိုတာကိုသိလား ” ဟု တရားရုံးအရာရှိဆိုသူက ပြောဆိုခဲ့သည်။
ပါတီတာဝန်ရှိသူဆိုသူက ဖယ်ပေးရမည်မှာမှန်ကန်သော်လည်း ၊လက်ရှိတွင် မြေပေါ်တွင်ပါရှိသည့် နေအိမ်အဆောက်အဦး(၆)လုံးအတွက်တန်ဖိုးငွေကို ရရှိခြင်းမရှိသည့်အတွက် ဖယ်ရှားရန် အဆင်မပြေကြောင်း နှင့် တရားရုံးမှဆက်လက် ပြောဆိုနိုင်ပါကြောင်း ပြောဆိုခဲ့သည်။
ယင်းနောက် လေလံအောင်မြင်သူနှင့် လေလံပါမြေပေါ်တွင်ရှိသည့် အဆောက်အဦးများ၏ တန်ဖိုးငွေကို ညှိနှိုင်းခဲ့ကြပြီး အဆောက်အဦး(၆)လုံး၏ တန်ဖိုးကို ကျပ်သိန်း(၆၀၀၀၀) တောင်းဆိုခဲ့ရာ လေလံအောင်မြင်သူက အများဆုံး ကျပ်သိန်း(၁၀၀၀၀)သာ ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ထို့နောက် ဆက်လက်ညှိနှိုင်းမှုများ မလုပ်ဆောင်တော့ဘဲ ညနေ (၅) နာရီခန့်တွင် တရားရုံး တာဝန်ရှိသူများက နေအိမ်အရေအတွက်နှင့် ပိုင်ရှင်အမည်စာရင်းများကို မေးမြန်းမှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့ရောက်ရှိခဲ့ကြောင်း အသိသက်သေ လက်မှတ်များထိုးစေခဲ့ကာ ပြန်ထွက်သွားခဲ့ကြကြောင်း သိရသည်။
zawgyi version
နစကအဖြဲ႕ဝင္ေဟာင္း ဦးသိန္းၫြန႔္၏ မိသားစုဝင္မ်ားကို ေနအိမ္မွဖယ္ရွားရန္ ႀကိဳးပမ္းခံခဲ့ရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၆
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ေဟာင္း၊ လက္ရွိအမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ ဗဟိုအႀကံေပးအဖြဲ႕ဝင္ ဦးသိန္းၫြန႔္၏ မိသားစုဝင္မ်ားကို ဩဂုတ္လ (၂)ရက္က ရန္ကုန္ၿမိဳ႕ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ေနထိုင္ရာေျမႏွင့္ အေဆာက္အဦးမွဖယ္ရွားရန္ ႀကိဳးပမ္းခဲ့ၾကသည္။
ရန္ကုန္တိုင္းေဒသႀကီး သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဇ /ေျမာက္ရပ္ကြက္၊ ေလးေထာင့္ကန္လမ္းမ ႀကီးေပၚရွိ အမွတ္(၇၂)၊ ေျမတိုင္းရပ္ကြက္အမွတ္ (၂ဝ)၊ ေျမကြက္အမွတ္(၆၁)မွာ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလ (၂)ရက္ေန႔ကတည္းက က်ပ္သိန္း(၄၄၀၀၀) ျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ၿပီးျဖစ္သည့္အတြက္ ေလလံေအာင္ျမင္သူမ်ားက ဌာနဆိုင္ရာမ်ားႏွင့္အတူ လာေရာက္ကာ ဖယ္ရွားရန္ႀကိဳးပမ္းခဲ့ၾကျခင္း ျဖစ္သည္။
ေလလံေအာင္ျမင္ခဲ့သူအေနျဖင့္ အမွတ္(၇၂)၊ ေျမတိုင္းရပ္ကြက္အမွတ္ (၂ဝ)၊ ေျမကြက္အမွတ္ (၆၁)၊ေျမ (၁ ဒသမ ၅၃၈) ဧကကိုသာ ေလလံေအာင္ျမင္ခဲ့ျခင္းျဖစ္ၿပီး ယင္းေျမေပၚတြင္ရွိသည့္ အေဆာက္အဦးမ်ားကိုမူ ဥပေဒအရ ပိုင္ဆိုင္ျခင္းမရွိေၾကာင္း သိရသည္။
ေလလံေအာင္ျမင္သူမ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားသည္ ယင္းၿခံဝန္းအတြင္းသို႔ စက္တင္ဘာလ (၂)ရက္ နံနက္ (၁၀) နာရီ (၅၅)မိနစ္တြင္ စတင္ဝင္ေရာက္ခဲ့ၾကၿပီး၎တို႔အေနျဖင့္ ဦးသိန္းၫြန႔္၏ မိသားစုဝင္မ်ားကို လိုက္လံေခၚဆိုခဲ့ၾကေသာ္လည္း ေနအိမ္မ်ားမွာ တံခါးပိတ္ထားသည့္အတြက္ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ (NNDP) ႐ုံးတာဝန္ရွိသူႏွင့္သာ ေတြ႕ဆုံခဲ့သည္။
“ေျမကြက္က ေလလံေအာင္ၿပီးသားျဖစ္တဲ့အတြက္၊ ေလလံေအာင္တဲ့သူကို အပ္ရမယ္။ ေလလံေအာင္ၿပီးသား ျဖစ္တဲ့အတြက္ ဆက္ေနလို႔မရေတာ့ဘူး။ ဖယ္ေပးရမယ့္သေဘာရွိတယ္။ ဖယ္ေပးရမယ္ဆိုတာကိုသိလား ” ဟု တရား႐ုံးအရာရွိဆိုသူက ေျပာဆိုခဲ့သည္။
ပါတီတာဝန္ရွိသူဆိုသူက ဖယ္ေပးရမည္မွာမွန္ကန္ေသာ္လည္း ၊လက္ရွိတြင္ ေျမေပၚတြင္ပါရွိသည့္ ေနအိမ္အေဆာက္အဦး(၆)လုံးအတြက္တန္ဖိုးေငြကို ရရွိျခင္းမရွိသည့္အတြက္ ဖယ္ရွားရန္ အဆင္မေျပေၾကာင္း ႏွင့္ တရား႐ုံးမွဆက္လက္ ေျပာဆိုႏိုင္ပါေၾကာင္း ေျပာဆိုခဲ့သည္။
ယင္းေနာက္ ေလလံေအာင္ျမင္သူႏွင့္ ေလလံပါေျမေပၚတြင္ရွိသည့္ အေဆာက္အဦးမ်ား၏ တန္ဖိုးေငြကို ညႇိႏႈိင္းခဲ့ၾကၿပီး အေဆာက္အဦး(၆)လုံး၏ တန္ဖိုးကို က်ပ္သိန္း(၆၀၀၀၀) ေတာင္းဆိုခဲ့ရာ ေလလံေအာင္ျမင္သူက အမ်ားဆုံး က်ပ္သိန္း(၁၀၀၀၀)သာ ေပးႏိုင္မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကသည္။
ထို႔ေနာက္ ဆက္လက္ညႇိႏႈိင္းမႈမ်ား မလုပ္ေဆာင္ေတာ့ဘဲ ညေန (၅) နာရီခန႔္တြင္ တရား႐ုံး တာဝန္ရွိသူမ်ားက ေနအိမ္အေရအတြက္ႏွင့္ ပိုင္ရွင္အမည္စာရင္းမ်ားကို ေမးျမန္းမွတ္တမ္းတင္ခဲ့ၿပီး ၎တို႔ေရာက္ရွိခဲ့ေၾကာင္း အသိသက္ေသ လက္မွတ္မ်ားထိုးေစခဲ့ကာ ျပန္ထြက္သြားခဲ့ၾကေၾကာင္း သိရသည္။