ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်ကို စီးပွားရေးအရဖိအားပေးဖို့ ဥရောပနိုင်ငံတွေကို ဒေါ်နယ်ထရမ့်တိုက်တွန်း

217

Pika (NP News) - စက်တင်ဘာလ ၆
ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို ထောက်ခံမှုအတွက် တရုတ်နိုင်ငံကို စီးပွားရေးအရ ဖိအားပေးမှုတွေလုပ်ဆောင်ဖို့ ဥရောပနိုင်ငံတွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် စစ်ပွဲအတွက် ထောက်ပံ့ပေးမှုတွေဖြစ်စေတဲ့ ရုရှားရေနံဝယ်ယူမှုတွေကို ဥရောပကရပ်တန့်ရမယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဥရောပခေါင်းဆောင်တွေနဲ့ ဒေါ်နယ်ထရမ့်တို့ကြား လုပ်ဆောင်ခဲ့တဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေနဲ့ ယူကရိန်းလေကြောင်းပိုင်နက်ကို ကာကွယ်ဖို့အတွက် ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ရုရှားရေနံဝယ်ယူမှုအတွက် အပြစ်ပေးတဲ့အနေနဲ့ အိန္ဒိယအပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့ ဆုံးဖြတ်ထားပြီးပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အိန္ဒိယရဲ့ကုန်စည်အားလုံးအပေါ် အမေရိကန်ရဲ့(၅၀)ရာခိုင်နှုန်းအခွန်စည်းကြပ်မှုဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ စတင်အသက်ဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း ဒေါ်နယ်ထရမ့်ဟာ ရုရှားရေနံအများအပြားကိုတင်သွင်းနေပြီး အမေရိကန်နဲ့ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲတွေလုပ်ဆောင်လျက်ရှိတဲ့ တရုတ်နိုင်ငံကို အဲဒီလိုမျိုးပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
zawgyi version
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး တ႐ုတ္ကို စီးပြားေရးအရဖိအားေပးဖို႔ ဥေရာပႏိုင္ငံေတြကို
ေဒၚနယ္ထရမ့္တိုက္တြန္း
Pika (NP News) - စက္တင္ဘာလ ၆
ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို ေထာက္ခံမႈအတြက္ တ႐ုတ္ႏိုင္ငံကို စီးပြားေရးအရ ဖိအားေပးမႈေတြလုပ္ေဆာင္ဖို႔ ဥေရာပႏိုင္ငံေတြကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ စစ္ပြဲအတြက္ ေထာက္ပံ့ေပးမႈေတြျဖစ္ေစတဲ့ ႐ုရွားေရနံဝယ္ယူမႈေတြကို ဥေရာပကရပ္တန႔္ရမယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ဥေရာပေခါင္းေဆာင္ေတြနဲ႔ ေဒၚနယ္ထရမ့္တို႔ၾကား လုပ္ေဆာင္ခဲ့တဲ့ ဖုန္းေခၚဆိုမႈအတြင္း ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြနဲ႔ ယူကရိန္းေလေၾကာင္းပိုင္နက္ကို ကာကြယ္ဖို႔အတြက္ ေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း ယူကရိန္းသမၼတ ဇီလန္စကီးက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံဟာ ႐ုရွားေရနံဝယ္ယူမႈအတြက္ အျပစ္ေပးတဲ့အေနနဲ႔ အိႏၵိယအေပၚ ပိတ္ဆို႔အေရးယူမႈေတြခ်မွတ္ဖို႔ ဆုံးျဖတ္ထားၿပီးၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အိႏၵိယရဲ႕ကုန္စည္အားလုံးအေပၚ အေမရိကန္ရဲ႕(၅၀)ရာခိုင္ႏႈန္းအခြန္စည္းၾကပ္မႈဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ စတင္အသက္ဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း ေဒၚနယ္ထရမ့္ဟာ ႐ုရွားေရနံအမ်ားအျပားကိုတင္သြင္းေနၿပီး အေမရိကန္နဲ႔ကုန္သြယ္ေရးဆိုင္ရာေဆြးေႏြးပြဲေတြလုပ္ေဆာင္လ်က္ရွိတဲ့ တ႐ုတ္ႏိုင္ငံကို အဲဒီလိုမ်ိဳးပိတ္ဆို႔အေရးယူမႈေတြ လုပ္ေဆာင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။