ယူကရိန်းမှာရှိတဲ့ အနောက်အုပ်စုတပ်ဖွဲ့ဝင်တွေက တရားဝင်ပစ်မှတ်တွေဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ သတိပေး

 290

Pika (NP News) - စက်တင်ဘာလ ၆

ယူကရိန်းနိုင်ငံမှာ ဖြန့်ကျက်ချထားတဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေဟာ ရုရှားဘက်က တိုက်ခိုက်မှုတွေရဲ့ တရားဝင်ပစ်မှတ်တွေဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတပူတင်က သတိပေးပြောဆိုခဲ့ပါတယ်။ ယူကရိန်းကို မြေပြင်၊ဝေဟင်နဲ့ရေကြောင်းက နိုင်ငံတကာတပ်ဖွဲ့တွေအပါအဝင် စစ်ပြီးခေတ်လုံခြုံရေးအာမခံချက်တွေပေးဖို့ နိုင်ငံပေါင်း(၂၆)နိုင်ငံက ကတိပြုခဲ့တယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ပူတင်ရဲ့ သတိပေးပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားသမ္မတပူတင်နဲ့ပတ်သက်ပြီး အလွန်စိတ်ပျက်မိတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ပူတင်က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး သေဆုံးမှုတွေကို လျှော့ချနိုင်ဖို့အတွက် အရေးယူဆောင်ရွက်မှုအချို့ကို လုပ်ဆောင်ဖို့ အမေရိကန်အစိုးရက စီစဉ်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဇီလန်စကီးက တွန်းအားပေးခဲ့ပေမယ့်လည်း အဲဒီလိုမျိုးဆွေးနွေးပွဲအတွက် အစီအစဉ်တကျပြင်ဆင်ထားတာမျိုးမရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

zawgyi version

ယူကရိန္းမွာရွိတဲ့ အေနာက္အုပ္စုတပ္ဖြဲ႕ဝင္ေတြက တရားဝင္ပစ္မွတ္ေတြျဖစ္လာလိမ့္မယ္လို႔ ႐ုရွားသမၼတ သတိေပး

Pika (NP News) - စက္တင္ဘာလ ၆

ယူကရိန္းႏိုင္ငံမွာ ျဖန႔္က်က္ခ်ထားတဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ တပ္ဖြဲ႕ဝင္ေတြဟာ ႐ုရွားဘက္က တိုက္ခိုက္မႈေတြရဲ႕ တရားဝင္ပစ္မွတ္ေတြျဖစ္လာလိမ့္မယ္လို႔ ႐ုရွားသမၼတပူတင္က သတိေပးေျပာဆိုခဲ့ပါတယ္။ ယူကရိန္းကို ေျမျပင္၊ေဝဟင္နဲ႔ေရေၾကာင္းက ႏိုင္ငံတကာတပ္ဖြဲ႕ေတြအပါအဝင္ စစ္ၿပီးေခတ္လုံၿခဳံေရးအာမခံခ်က္ေတြေပးဖို႔ ႏိုင္ငံေပါင္း(၂၆)ႏိုင္ငံက ကတိျပဳခဲ့တယ္လို႔ ျပင္သစ္သမၼတ မက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ပူတင္ရဲ႕ သတိေပးေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

႐ုရွားသမၼတပူတင္နဲ႔ပတ္သက္ၿပီး အလြန္စိတ္ပ်က္မိတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ပူတင္က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ယူကရိန္းမွာျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ေသဆုံးမႈေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ အေရးယူေဆာင္႐ြက္မႈအခ်ိဳ႕ကို လုပ္ေဆာင္ဖို႔ အေမရိကန္အစိုးရက စီစဥ္ေနတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ပူတင္နဲ႔ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဇီလန္စကီးက တြန္းအားေပးခဲ့ေပမယ့္လည္း အဲဒီလိုမ်ိဳးေဆြးေႏြးပြဲအတြက္ အစီအစဥ္တက်ျပင္ဆင္ထားတာမ်ိဳးမရွိဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.