တရုတ်နှင့်ရုရှားပူးပေါင်းကာ ဝင်ရိုးစုံ ကမ္ဘာတည်ဆောက်မည်

 381

ဂျန်ဇက် (NP News) - စက်တင်ဘာလ ၆

တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ Global Order အစီအစဉ်များတည်ဆောက်နိုင်ရန် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်သည်။
ရုရှားသမ္မတ ပူတင်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ (၄) ရက်ကြာ သွားရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ သည် ဝင်ရိုးစုံကမ္ဘာတည်ဆောက်နိုင်ရန် ပိုမိုပူးပေါင်း လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာအုပ်ချုပ်ရေးစနစ် နှင့်ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်မှုရှိသော အုပ်ချုပ်ရေးစနစ် အတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်မှု ပိုမိုလုပ်ကိုင်မည်ဖြစ်ကြောင်း ပြောသည်။

(SCO) ထိပ်သီးအစည်းအဝေးအတွင်း ရုရှားသမ္မတနှင့် တရုတ်သမ္မတတို့ တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အနောက်အုပ်စု နိုင်ငံများ၏ နိုင်ငံရေးအင်အားနှင့်သဟဇာတဖြစ်မှုများကို ဆန့်ကျင်ပြီး အပြန်အလှန် လေးစားမှုကို အ ခြေခံသော ကမ္ဘာအုပ်ချုပ်ရေးစနစ်အသစ် တည် ဆောက်ရန် အဆိုပြုခဲ့ကြောင်းသိရသည်။

ရုရှားသမ္မတပူတင်ကလည်း တရုတ်သမ္မတ၏အဆိုပြုကမ်းလှမ်းချက်များကို ချီးကျူးပြောဆိုခဲ့ပြီး (SCO) အဖွဲ့က ကမ္ဘာအုပ်ချုပ်ရေးအစီအစဉ်များအတွက် မောင်းနှင်မည့်အဖွဲစည်းတစ်ခုဖြစ်ဖွယ်ရှိနေကြောင်း ပြောသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက " တရုတ်နိုင်ငံဟာ တရုတ်နဲ့ရုရှားနိုင်ငံကြား အပြန်အလှန် ဆက်ဆံရေး ပိုမို ကောင်းမွန်လာအောင် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့အတူ ဒေသ အတွင်း ပြဿနာတွေအပြင် နိုင်ငံတကာ ပြဿနာတွေကို တက်ကြွစွာပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ ကမ္ဘာကြီး တည်ငြိမ်ရေး၊ နိုင်ငံတကာ တရားမျှတမှုနဲ့ ကျိုးကြောင်းဆီလျော်မှုရှိတဲ့ကမ္ဘာအုပ်ချုပ်ရေးစနစ် တွေကို ပိုမိုဖန်တီး နိုင်အောင် အတူပူးပေါင်းဆောင်ရွက်မယ်"ဟုပြောသည်။

zawgyi version

တ႐ုတ္ႏွင့္႐ုရွားပူးေပါင္းကာ ဝင္႐ိုးစုံ ကမာၻတည္ေဆာက္မည္

ဂ်န္ဇက္ (NP News) - စက္တင္ဘာလ ၆

တ႐ုတ္ႏိုင္ငံအေနျဖင့္ ႐ုရွားႏိုင္ငံႏွင့္အတူ Global Order အစီအစဥ္မ်ားတည္ေဆာက္ႏိုင္ရန္ ပိုမိုပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
႐ုရွားသမၼတ ပူတင္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပေသာ ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) ထိပ္သီးအစည္းအေဝးသို႔ တက္ေရာက္ရန္ တ႐ုတ္ႏိုင္ငံသို႔ (၄) ရက္ၾကာ သြားေရာက္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံျခား ေရးဝန္ႀကီးဌာနက တ႐ုတ္ႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔ သည္ ဝင္႐ိုးစုံကမာၻတည္ေဆာက္ႏိုင္ရန္ ပိုမိုပူးေပါင္း လုပ္ကိုင္မည္ျဖစ္ေၾကာင္း၊ ကမာၻအုပ္ခ်ဳပ္ေရးစနစ္ ႏွင့္ပတ္သက္ၿပီး က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိေသာ အုပ္ခ်ဳပ္ေရးစနစ္ အတြက္ ႐ုရွားႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္ ႐ြက္မႈ ပိုမိုလုပ္ကိုင္မည္ျဖစ္ေၾကာင္း ေျပာသည္။

(SCO) ထိပ္သီးအစည္းအေဝးအတြင္း ႐ုရွားသမၼတႏွင့္ တ႐ုတ္သမၼတတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ရာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က အေနာက္အုပ္စု ႏိုင္ငံမ်ား၏ ႏိုင္ငံေရးအင္အားႏွင့္သဟဇာတျဖစ္မႈမ်ားကို ဆန႔္က်င္ၿပီး အျပန္အလွန္ ေလးစားမႈကို အ ေျခခံေသာ ကမာၻအုပ္ခ်ဳပ္ေရးစနစ္အသစ္ တည္ ေဆာက္ရန္ အဆိုျပဳခဲ့ေၾကာင္းသိရသည္။

႐ုရွားသမၼတပူတင္ကလည္း တ႐ုတ္သမၼတ၏အဆိုျပဳကမ္းလွမ္းခ်က္မ်ားကို ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး (SCO) အဖြဲ႕က ကမာၻအုပ္ခ်ဳပ္ေရးအစီအစဥ္မ်ားအတြက္ ေမာင္းႏွင္မည့္အဖြဲစည္းတစ္ခုျဖစ္ဖြယ္ရွိေနေၾကာင္း ေျပာသည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနက " တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္နဲ႔႐ုရွားႏိုင္ငံၾကား အျပန္အလွန္ ဆက္ဆံေရး ပိုမို ေကာင္းမြန္လာေအာင္ က႑စုံမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆႏၵရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ႐ုရွားႏိုင္ငံနဲ႔အတူ ေဒသ အတြင္း ျပႆနာေတြအျပင္ ႏိုင္ငံတကာ ျပႆနာေတြကို တက္ႂကြစြာပူးေပါင္းေဆာင္႐ြက္ဖို႔ ဆႏၵရွိပါတယ္။ ကမာၻႀကီး တည္ၿငိမ္ေရး၊ ႏိုင္ငံတကာ တရားမွ်တမႈနဲ႔ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိတဲ့ကမာၻအုပ္ခ်ဳပ္ေရးစနစ္ ေတြကို ပိုမိုဖန္တီး ႏိုင္ေအာင္ အတူပူးေပါင္းေဆာင္႐ြက္မယ္"ဟုေျပာသည္။

တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ ႐ုရွားသမၼ တႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ႏိုင္ငံတကာ ဥပေဒမ်ားႏွင့္အညီ အခ်ဳပ္အျခာ အာဏာတန္းတူ ညီမွ်ရွိေရး အပါအဝင္ အခ်က္ငါးခ်က္ကို အဆိုျပဳ ကမ္းလွမ္းခဲ့ေၾကာင္းသိရသည္။ ႐ုရွား သမၼတပူတင္က ႏိုင္ငံအခ်ိဳ႕သည္ ႏိုင္ငံတကာေရးရာျပႆနာမ်ားတြင္ အာဏာရွင္ဆန္ဆန္ လုပ္ကိုင္ရန္ ၎တို႔ ဆႏၵ မ်ားကို စြန႔္လႊတ္ဖို႔ဝန္ေလးေနေၾကာင္း ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.