ရွေးကောက်ပွဲကို ကူညီမည်ဟု BGF အတိအလင်း ကြေညာ

 265

သုတကျော် (NP News) - စက်တင်ဘာလ ၆

ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကူညီမည်ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) ၏ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေး အဖွဲ့က စက်တင်ဘာလ(၃)ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကလည်း ထပ်လောင်းအတည်ပြုသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီစနစ်သို့ ဦးတည်ကာ ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ကူညီလျက် မဲဆန္ဒရှင်များ၏ မဲပေးပိုင် ခွင့်အပေါ် အန္တရာယ်မရှိစေရန် အထူးအလေးထားကူညီဆောင် ရွက်သွားမည်ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲကို နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)အနေဖြင့် အပြည့်အဝထောက်ခံပြီး ကရင်ပြည်နယ် အတွင်း ရွေးကောက်ပွဲများကို တည်ငြိမ်လုံခြုံ တရားမျှတစွာကျင်းပနိုင်ရန်နှင့် အားလုံးပါ ဝင်သော ရွေးကောက်ပွဲဖြစ် စေရန် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် လှိုင်းဘွဲ့မြို့နယ်၊ မြဝတီမြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲနှင့် မြိုင်ကြီးငူ စသည်ဖြင့်နေရာ တို့တွင် တပ်ဖွဲ့ဝင်များဖြန့်ကြက်ချထားကြောင်း သိရသည်။

“အားလုံးက အာဏာရှင်မကြိုက်ကြဘူးလို့ ပြောဆိုနေကြတာ ရှိတယ်လေ။ ကျွန်တော်တို့လည်း ဒီလိုပါပဲ။ အာဏာရှင်ကိုမကြိုက်ဘူးဆိုရင် ဒီရွေး ကောက်ပွဲကို လက်ခံပေးရမယ်။ ဒါမှသာလျှင် ကျွန်တော်တို့က ပြည်သူ ရွေးကောက်လာတဲ့ အဆင့်ဆင့် ပေါ့ဗျာ။ နောက်မကြိုက်ရင် မဲပေးပေါ့။ စနစ်တွေက သူ့ဘာသာသူပြောင်းသွားရင် ကျွန်တော်တို့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေလည်း အဆုံးသတ်နိုင် သွားမှာပေါ့” ဟု ဒုတိယ ဗိုလ်မှူးကြီး နိုင် မောင်ဇော်က ပြောသည်။

BGF အနေဖြင့် ပြည်သူကို မျက်နှာမူထားသောကြောင့် ပြည်သူများအေးအေးချမ်းချမ်း နေထိုင်စားသောက် နိုင်ရန်အတွက် ရွေးကောက်ပွဲ လုပ်ခြင်းကိုမတားဆီးသကဲ့သို့ မနှောင့်ယှက် ကြောင်းလည်း ဆိုသည်။

“ကျွန်တော်တို့က ဒီနေရာမှာ ပြည်သူတွေပဲ များသောအားဖြင့် ဝင်ထွက်သွားလာမှာ ဖြစ်တဲ့အတွက် ကျွန်တော် တို့က မြို့ပေါ်မှာ ပြည်သူအတွက် လုံခြုံရေးယူပေးထားတာ ဖြစ်တဲ့အတွက် ပြည်သူ့ လုံခြုံရေးကိုပဲ အဓိကဦးစားပေးပြီး လုပ်သွားမှာဆိုတော့ ဒါတွေလည်း အကုန်လုံး အကျုံးဝင်နေတာပေါ့” ဟု မဲရုံများတွင် လုံခြုံရေးယူပေးမည်လောဟု မေးမြန်းချက်ကို ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုသည်။

လာမည့် ရွေးကောက်ပွဲနှင့်ဆန့်ကျင်၊ ကန့်ကွက်နေကြသည့် ကရင်လက်နက်ကိုင်အဖွဲ့များ ရှိသော်လည်း BGF က ယခုကဲ့သို့ ရွေးကောက်ပွဲကို ထောက်ခံပြီး လုံခြုံရေးယူပေးလျှင်လည်း ဆိုးရွား သော အခြေအနေမဖြစ်နိုင်ကြောင်း လည်း ၎င်းကဆိုသည်။

“ကျွန်တော်တို့မူက အချင်းချင်း မတိုက်ခိုက်ကြဖို့ ဆုံးဖြတ်ထားပြီးသားလေ။ အချင်းချင်း မတိုက်ခိုက်ကြဖို့ ကိုလည်း နှစ်ဖက်လူကြီးအချင်းချင်း သဘောတူညီမှုလည်း ရှိထားတဲ့အတွက်ကြောင့်မို့လို့ ဆိုးရွားတဲ့အခြေအနေတော့ မဖြစ်လောက်ဘူးလို့ သုံးသပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

zawgyi version

ေ႐ြးေကာက္ပြဲကို ကူညီမည္ဟု BGF အတိအလင္း ေၾကညာ

သုတေက်ာ္ (NP News) - စက္တင္ဘာလ ၆

ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ကူညီမည္ျဖစ္ေၾကာင္း ကရင္ျပည္နယ္ နယ္ျခား ေစာင့္တပ္ (BGF) ၏ ဗဟိုအႀကံေပးႏွင့္ကြပ္ကဲေရး အဖြဲ႕က စက္တင္ဘာလ(၃)ရက္တြင္ ထုတ္ျပန္ခဲ့ၿပီး ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္ကလည္း ထပ္ေလာင္းအတည္ျပဳသည္။

ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံ၏ အနာဂတ္အတြက္ ဒီမိုကေရစီစနစ္သို႔ ဦးတည္ကာ ျပည္သူအမ်ား၏ တည္ၿငိမ္ေအးခ်မ္းလုံၿခဳံေသာဘဝကို ဖန္တီးႏိုင္ရန္ အေရးပါသည္ဟု နားလည္ခံယူထားေၾကာင္း၊ ယခုက်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံေရးပါတီမ်ားအေပၚ ခြဲျခားမႈမရွိဘဲ တရားမွ်တစြာ ကူညီလ်က္ မဲဆႏၵရွင္မ်ား၏ မဲေပးပိုင္ ခြင့္အေပၚ အႏၲရာယ္မရွိေစရန္ အထူးအေလးထားကူညီေဆာင္ ႐ြက္သြားမည္ဟု ေဖာ္ျပထားသည္။

ေ႐ြးေကာက္ပြဲကို နယ္ျခားေစာင့္တပ္ (ကရင္ျပည္နယ္)အေနျဖင့္ အျပည့္အဝေထာက္ခံၿပီး ကရင္ျပည္နယ္ အတြင္း ေ႐ြးေကာက္ပြဲမ်ားကို တည္ၿငိမ္လုံၿခဳံ တရားမွ်တစြာက်င္းပႏိုင္ရန္ႏွင့္ အားလုံးပါ ဝင္ေသာ ေ႐ြးေကာက္ပြဲျဖစ္ ေစရန္ ကူညီေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ဖြဲ႕ (BGF) သည္ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ျမဝတီၿမိဳ႕နယ္၊ ပိုင္က်ဳံၿမိဳ႕နယ္ခြဲႏွင့္ ၿမိဳင္ႀကီးငူ စသည္ျဖင့္ေနရာ တို႔တြင္ တပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကက္ခ်ထားေၾကာင္း သိရသည္။

“အားလုံးက အာဏာရွင္မႀကိဳက္ၾကဘူးလို႔ ေျပာဆိုေနၾကတာ ရွိတယ္ေလ။ ကြၽန္ေတာ္တို႔လည္း ဒီလိုပါပဲ။ အာဏာရွင္ကိုမႀကိဳက္ဘူးဆိုရင္ ဒီေ႐ြး ေကာက္ပြဲကို လက္ခံေပးရမယ္။ ဒါမွသာလွ်င္ ကြၽန္ေတာ္တို႔က ျပည္သူ ေ႐ြးေကာက္လာတဲ့ အဆင့္ဆင့္ ေပါ့ဗ်ာ။ ေနာက္မႀကိဳက္ရင္ မဲေပးေပါ့။ စနစ္ေတြက သူ႔ဘာသာသူေျပာင္းသြားရင္ ကြၽန္ေတာ္တို႔ လက္ရွိ လက္နက္ကိုင္ပဋိပကၡေတြလည္း အဆုံးသတ္ႏိုင္ သြားမွာေပါ့” ဟု ဒုတိယ ဗိုလ္မႉးႀကီး ႏိုင္ ေမာင္ေဇာ္က ေျပာသည္။

BGF အေနျဖင့္ ျပည္သူကို မ်က္ႏွာမူထားေသာေၾကာင့္ ျပည္သူမ်ားေအးေအးခ်မ္းခ်မ္း ေနထိုင္စားေသာက္ ႏိုင္ရန္အတြက္ ေ႐ြးေကာက္ပြဲ လုပ္ျခင္းကိုမတားဆီးသကဲ့သို႔ မေႏွာင့္ယွက္ ေၾကာင္းလည္း ဆိုသည္။

“ကြၽန္ေတာ္တို႔က ဒီေနရာမွာ ျပည္သူေတြပဲ မ်ားေသာအားျဖင့္ ဝင္ထြက္သြားလာမွာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္ တို႔က ၿမိဳ႕ေပၚမွာ ျပည္သူအတြက္ လုံၿခဳံေရးယူေပးထားတာ ျဖစ္တဲ့အတြက္ ျပည္သူ႔ လုံၿခဳံေရးကိုပဲ အဓိကဦးစားေပးၿပီး လုပ္သြားမွာဆိုေတာ့ ဒါေတြလည္း အကုန္လုံး အက်ဳံးဝင္ေနတာေပါ့” ဟု မဲ႐ုံမ်ားတြင္ လုံၿခဳံေရးယူေပးမည္ေလာဟု ေမးျမန္းခ်က္ကို ဒုတိယဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္က ဆိုသည္။

လာမည့္ ေ႐ြးေကာက္ပြဲႏွင့္ဆန႔္က်င္၊ ကန႔္ကြက္ေနၾကသည့္ ကရင္လက္နက္ကိုင္အဖြဲ႕မ်ား ရွိေသာ္လည္း BGF က ယခုကဲ့သို႔ ေ႐ြးေကာက္ပြဲကို ေထာက္ခံၿပီး လုံၿခဳံေရးယူေပးလွ်င္လည္း ဆိုး႐ြား ေသာ အေျခအေနမျဖစ္ႏိုင္ေၾကာင္း လည္း ၎ကဆိုသည္။

“ကြၽန္ေတာ္တို႔မူက အခ်င္းခ်င္း မတိုက္ခိုက္ၾကဖို႔ ဆုံးျဖတ္ထားၿပီးသားေလ။ အခ်င္းခ်င္း မတိုက္ခိုက္ၾကဖို႔ ကိုလည္း ႏွစ္ဖက္လူႀကီးအခ်င္းခ်င္း သေဘာတူညီမႈလည္း ရွိထားတဲ့အတြက္ေၾကာင့္မို႔လို႔ ဆိုး႐ြားတဲ့အေျခအေနေတာ့ မျဖစ္ေလာက္ဘူးလို႔ သုံးသပ္ပါတယ္” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.