ပတ်စပို့ နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားအတုပြုလုပ်သူ (၈၀) ကျော် ကို တရားစွဲဆိုထား

498

(NP News) - စက်တင်ဘာ ၆
နိုင်ငံကူးလတ်မှတ် (ပတ်စပို့) ၊ အိမ်ထောင်စုစာရင်း ၊ UID နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားအတုပြုလုပ်သူ ၈၀ ကျော်ကို တရားစွဲဆိုထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန က သိရသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် (၈) ခုမှ အရေးယူဆောင်ရွက်ခဲ့သည့် တရားခံ ၈၁ဦးကိုအမှုဖွင့်တရားစွဲဆိုထားပြီး ၊ ပြစ်မှုထင်ရှားသည့်တရားခံ (၂၀) ကိုပြစ်ဒဏ်များ ချမှတ်အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
" နိုင်ငံသားစစ်စစ်ရေးကတ်ပြားအိမ်ထောင်စုလူဦးရေစာရင်း၊ ပတ်စပို့ (passports) ၊ UID စတာတွေကိုအတုအပပြုလုပ်ဆောင်ရွက်ပေးသူတွေ၊ ကိုင်ဆောင်သူတွေ၊ လူမှုကွန်ရက်ကနေ အခကြေးငွေရယူကာ အတုအပပြုလုပ်ပေးနေသူတွေအားလုံးကို (၁၉၈၂) ခုနှစ် ၊ မြန်မာနိုင်ငံသားဥပဒေ ၊ ဆက်သွယ်ရေးဥပဒေ ၊ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိတဲ့အခါမှာတိုင်းဒေသကြီးနဲ့ပြည်နယ် (၈) ခုကနေအရေးယူဆောင်ရွက်ရတဲ့ တရားခံ ၈၁ဦးကိုအမှုဖွင့်တရားစွဲဆိုထားပြီး ၊ ပြစ်မှုထင်ရှားတဲ့တရားခံ (၂၀) ကိုပြစ်ဒဏ်များ ချမှတ်အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်တယ်" ဟု အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
လူမှုကွန်ရက်ပေါ် တွင် တရားမဝင် အခကြေးငွေရယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု၊ UID အတု များ ပြုလုပ်ပြီး လိမ်လည်နေခြင်းကြောင့် အတုပြုလုပ်ထားသည့်စာရွက်စာတမ်း များ ကို ပြည်သူများအနေဖြင့် ကိုင်ဆောင်အသုံးပြုပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူ ခံရမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားအတုမဖြစ်စေရန် အတွက် ပြုလုပ်မည့်သူများ အနေဖြင့် အွန်လိုင်းပေါ်မှ တစ်ဆင့်မပြုလုပ်ရန်နှင့် ၊ ရုံးများသို့တိုက်ရိုက်လာရောက်ရန်လိုအပ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန က ထုတ်ပြန်သည်။
လက်ရှိအချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID နံပါတ်များကို အတုအပပြုလုပ်ပြီး မသိနားမလည်သူ များ အပေါ်အခွင့်ကောင်းယူကာ အခကြေးငွေရယူဆောင်ရွက်ပေးနေသူများရှိနေသည့်အပြင် ၊ Account အမျိုးမျိုး၊ ဆက်သွယ်ရေး တယ်လီဖုန်းနံပါတ်အမျိုးမျိုးဖြင့် တရားမဝင်ကြော်ငြာများ အွန်လိုင်းမှ မဟုတ်မမှန်ဖော်ပြဆောင်ရွက်နေခြင်းများကို စိစစ်တွေ့ရှိရကြောင်းသိရသည်။
စစ်ဆေးတွေ့ရှိပါက ပြုလုပ်သူနှင့် ပြုလုပ်ပေးသူကိုပါ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။ နိုင်ငံသားလက်မှတ်အတုပြုလုပ်ခြင်းဖြစ်စေ ၊ အားပေးကူညီခြင်းဖြစ်စေ ၊ စစ်ဆေးတွေ့မည်ဆိုပါက ထောင်ဒဏ် (၁၅) နှစ် နှင့် ဒဏ်ငွေ ကျပ် (၅ဝဝဝဝ) ကျခံရနိုင်ကြောင်းသိရသည်။
zawgyi version
ပတ္စပို႔ ႏွင့္ ႏိုင္ငံသား စိစစ္ေရးကတ္ျပားအတုျပဳလုပ္သူ ၈၀ ေက်ာ္ ကို တရားစြဲဆိုထား
(NP News) - စက္တင္ဘာ ၆
ႏိုင္ငံကူးလတ္မွတ္ (ပတ္စပို႔) ၊ အိမ္ေထာင္စုစာရင္း ၊ UID ႏွင့္ ႏိုင္ငံသား စိစစ္ေရးကတ္ျပားအတုျပဳလုပ္သူ ၈၀ ေက်ာ္ကို တရားစြဲဆိုထားေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန က သိရသည္။
တိုင္းေဒသႀကီးႏွင့္ျပည္နယ္ (၈) ခုမွ အေရးယူေဆာင္႐ြက္ခဲ့သည့္ တရားခံ ၈၁ဦးကိုအမႈဖြင့္တရားစြဲဆိုထားၿပီး ၊ ျပစ္မႈထင္ရွားသည့္တရားခံ (၂၀) ကိုျပစ္ဒဏ္မ်ား ခ်မွတ္အေရးယူေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။
" ႏိုင္ငံသားစစ္စစ္ေရးကတ္ျပားအိမ္ေထာင္စုလူဦးေရစာရင္း၊ ပတ္စပို႔ (passports) ၊ UID စတာေတြကိုအတုအပျပဳလုပ္ေဆာင္႐ြက္ေပးသူေတြ၊ ကိုင္ေဆာင္သူေတြ၊ လူမႈကြန္ရက္ကေန အခေၾကးေငြရယူကာ အတုအပျပဳလုပ္ေပးေနသူေတြအားလုံးကို (၁၉၈၂) ခုႏွစ္ ၊ ျမန္မာႏိုင္ငံသားဥပေဒ ၊ ဆက္သြယ္ေရးဥပေဒ ၊ ျပစ္မႈဆိုင္ရာဥပေဒေတြနဲ႔ ထိေရာက္စြာအေရးယူေဆာင္႐ြက္လ်က္ရွိတဲ့အခါမွာတိုင္းေဒသႀကီးနဲ႔ျပည္နယ္ (၈) ခုကေနအေရးယူေဆာင္႐ြက္ရတဲ့ တရားခံ ၈၁ဦးကိုအမႈဖြင့္တရားစြဲဆိုထားၿပီး ၊ ျပစ္မႈထင္ရွားတဲ့တရားခံ (၂၀) ကိုျပစ္ဒဏ္မ်ား ခ်မွတ္အေရးယူေဆာင္႐ြက္ခဲ့ၿပီးျဖစ္တယ္" ဟု အီလက္ထေရာနစ္မွတ္ပုံတင္စနစ္ဦးစီးဌာန မွ တာဝန္ရွိသူ တစ္ဦး က ေျပာသည္။
လူမႈကြန္ရက္ေပၚ တြင္ တရားမဝင္ အခေၾကးေငြရယူၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ျပားအတု၊ UID အတု မ်ား ျပဳလုပ္ၿပီး လိမ္လည္ေနျခင္းေၾကာင့္ အတုျပဳလုပ္ထားသည့္စာ႐ြက္စာတမ္း မ်ား ကို ျပည္သူမ်ားအေနျဖင့္ ကိုင္ေဆာင္အသုံးျပဳပါက တည္ဆဲဥပေဒမ်ားႏွင့္ အညီ အေရးယူ ခံရမည္ျဖစ္ေၾကာင္းသိရသည္။
ႏိုင္ငံသားစိစစ္ေရးကတ္ျပားအတုမျဖစ္ေစရန္ အတြက္ ျပဳလုပ္မည့္သူမ်ား အေနျဖင့္ အြန္လိုင္းေပၚမွ တစ္ဆင့္မျပဳလုပ္ရန္ႏွင့္ ၊ ႐ုံးမ်ားသို႔တိုက္႐ိုက္လာေရာက္ရန္လိုအပ္ေၾကာင္း လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန က ထုတ္ျပန္သည္။
လက္ရွိအခ်ိန္တြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန အေနျဖင့္ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ UID နံပါတ္မ်ားကို အတုအပျပဳလုပ္ၿပီး မသိနားမလည္သူ မ်ား အေပၚအခြင့္ေကာင္းယူကာ အခေၾကးေငြရယူေဆာင္႐ြက္ေပးေနသူမ်ားရွိေနသည့္အျပင္ ၊ Account အမ်ိဳးမ်ိဳး၊ ဆက္သြယ္ေရး တယ္လီဖုန္းနံပါတ္အမ်ိဳးမ်ိဳးျဖင့္ တရားမဝင္ေၾကာ္ျငာမ်ား အြန္လိုင္းမွ မဟုတ္မမွန္ေဖာ္ျပေဆာင္႐ြက္ေနျခင္းမ်ားကို စိစစ္ေတြ႕ရွိရေၾကာင္းသိရသည္။
စစ္ေဆးေတြ႕ရွိပါက ျပဳလုပ္သူႏွင့္ ျပဳလုပ္ေပးသူကိုပါ ဥပေဒႏွင့္အညီအေရးယူေဆာင္႐ြက္သြားမည္ဟုသိရသည္။ ႏိုင္ငံသားလက္မွတ္အတုျပဳလုပ္ျခင္းျဖစ္ေစ ၊ အားေပးကူညီျခင္းျဖစ္ေစ ၊ စစ္ေဆးေတြ႕မည္ဆိုပါက ေထာင္ဒဏ္ (၁၅) ႏွစ္ ႏွင့္ ဒဏ္ေငြ က်ပ္ (၅ဝဝဝဝ) က်ခံရႏိုင္ေၾကာင္းသိရသည္။