မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ် (၃ ဒသမ ၃၆) ဘီလီယံတန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ

193

သက်ပိုင် (NP News) – စက်တင်ဘာ ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၌ ငွေကျပ် (၃ ဒသမ ၃၆) ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) (၄၂၀) ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် (၃၀) ရက် ည (၁၀) နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာအုပ်စု နားယုန့်ကျေးရွာအနီးတွင် မက်မန်းမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းဦးသီလ (ခ)စိုင်းရွက် မောင်းနှင်လာသည့် TOYOTA KLUGER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် (၃ ဒသမ ၃၆) ဘီလျံကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါ အိုက်စ် (မက်သ် အဖက်တမင်း)များကို မက်မန်းမြို့နယ် တာကော်လေး ကျေးရွာအနီးမှ မိုင်းပျဉ်းမြို့နယ် နားယုန့်ကျေးရွာအနီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
zawgyi version
မိုင္းပ်ဥ္းၿမိဳ႕နယ္တြင္ ေငြက်ပ္ (၃ ဒသမ ၃၆) ဘီလီယံတန္ဖိုးရွိ အိုက္စ္မ်ားဖမ္းဆီးရမိ
သက္ပိုင္ (NP News) – စက္တင္ဘာ ၆
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မိုင္းပ်ဥ္းၿမိဳ႕နယ္၌ ေငြက်ပ္ (၃ ဒသမ ၃၆) ဘီလီယံတန္ဖိုးရွိ အိုက္စ္ (မက္သ္အဖက္တမင္း) (၄၂၀) ကီလို ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္ (၃၀) ရက္ ည (၁၀) နာရီတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းပ်ဥ္းၿမိဳ႕နယ္ ေဟာင္ကန္ေက်း႐ြာအုပ္စု နားယုန္႔ေက်း႐ြာအနီးတြင္ မက္မန္းၿမိဳ႕ဘက္မွ မိုင္းပ်ဥ္းၿမိဳ႕ဘက္သို႔ စိုင္းဦးသီလ (ခ)စိုင္း႐ြက္ ေမာင္းႏွင္လာသည့္ TOYOTA KLUGER ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ ယာဥ္ေပၚမွ အိုက္စ္ (မက္သ္အဖက္တမင္း) ၄၂၀ ကီလို (၎ေဒသတန္ဖိုးေငြက်ပ္ (၃ ဒသမ ၃၆) ဘီလ်ံကို ဖမ္းဆီးရမိခဲ့ေၾကာင္းႏွင့္ အဆိုပါ အိုက္စ္ (မက္သ္ အဖက္တမင္း)မ်ားကို မက္မန္းၿမိဳ႕နယ္ တာေကာ္ေလး ေက်း႐ြာအနီးမွ မိုင္းပ်ဥ္းၿမိဳ႕နယ္ နားယုန္႔ေက်း႐ြာအနီးသို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။