ဆွေးနွေးပွဲဖြင့် စစ်ပွဲကိုအဆုံးမသတ်ပါက အင်အားသုံး၍ အဆုံးသတ်သွားမည်ဟု ရုရှားသမ္မတပြော

350

Pika (NP News) – စက်တင်ဘာ ၆
ဆွေးနွေးပွဲများမှတစ်ဆင့် ယူကရိန်းစစ်ပွဲ ကိုအဆုံးသတ်ရန်အခွင့်အလမ်းရှိကြောင်းနှင့် အဆိုပါနည်းလမ်း အတိုင်းဖြစ်မလာပါက အင်အားသုံးကာ အဆုံးသတ်ရန် အဆင်သင့်ရှိကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြော ဆိုခဲ့သည်။ ထို့ပြင် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်၏ ကြိုးပမ်းမှုများကို ဥမင်လိုဏ်ခေါင်းအဆုံးတွင်ရှိသည့် အလင်းရောင် တစ်ခုအဖြစ်ထင်မြင်ကြောင်း ပူတင်ကပြောကြားခဲ့သည်။
ပူတင်က ‘ယူကရိန်းပဋိပက္ခကိုအဆုံး သတ်ဖို့အတွက် လက်ခံနိုင်လောက်တဲ့ဖြေရှင်းချက် တစ်ခုကို သဘောတူ ညီဖို့က ဖြစ်နိုင်ပါတယ်။ အဲဒါက ကျွန်တော်ရဲ့ယူဆချက်ပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိ ကန်အစိုးရရဲ့သဘောထားကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းတွေ့ မြင်ခဲ့ရပါတယ်။ ထုတ်ပြန်ချက်တွေတင်မဟုတ်ဘဲ ဖြေရှင်းချက်တစ်ခုကိုရှာဖွေလိုတဲ့ အမေရိကန်ရဲ့ စိတ်ရင်းမှန်နဲ့ဆန္ဒကိုလည်း ကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။ အခြေ အနေတွေ ဘယ်လိုတိုးတက်လာလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ဘက်က အရာ အားလုံးကို အင်အားသုံး ပြီးဖြေရှင်းသွားရပါလိမ့်မယ်’ဟုပြောဆိုခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ယူကရိန်းသမ္မတဇယ်လန်စကီး လာရောက်လည်ပတ်ခဲ့မည် ဆိုပါက ၎င်းနှင့်တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။ သို့သော်လည်း ယင်းကဲ့သို့ တွေ့ ဆုံမှုမျိုး ဖြစ်လာနိုင်ခြင်းရှိ/မရှိနှင့် ဖြစ်လာခဲ့မည်ဆို ပါကထိုက်တန်ခြင်း ရှိ/မရှိကို စောင့် ကြည့်ရမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထား သည်။
zawgyi version
ေဆြးေႏြးပြဲျဖင့္ စစ္ပြဲကိုအဆုံးမသတ္ပါက အင္အားသုံး၍ အဆုံးသတ္သြားမည္ဟု ႐ုရွားသမၼတေျပာ
Pika (NP News) – စက္တင္ဘာ ၆
ေဆြးေႏြးပြဲမ်ားမွတစ္ဆင့္ ယူကရိန္းစစ္ပြဲ ကိုအဆုံးသတ္ရန္အခြင့္အလမ္းရွိေၾကာင္းႏွင့္ အဆိုပါနည္းလမ္း အတိုင္းျဖစ္မလာပါက အင္အားသုံးကာ အဆုံးသတ္ရန္ အဆင္သင့္ရွိေၾကာင္း ႐ုရွားသမၼတ ပူတင္က ထုတ္ေဖာ္ေျပာ ဆိုခဲ့သည္။ ထို႔ျပင္ ယူကရိန္း စစ္ပြဲႏွင့္ပတ္သက္ၿပီး အေမရိကန္၏ ႀကိဳးပမ္းမႈမ်ားကို ဥမင္လိုဏ္ေခါင္းအဆုံးတြင္ရွိသည့္ အလင္းေရာင္ တစ္ခုအျဖစ္ထင္ျမင္ေၾကာင္း ပူတင္ကေျပာၾကားခဲ့သည္။
ပူတင္က ‘ယူကရိန္းပဋိပကၡကိုအဆုံး သတ္ဖို႔အတြက္ လက္ခံႏိုင္ေလာက္တဲ့ေျဖရွင္းခ်က္ တစ္ခုကို သေဘာတူ ညီဖို႔က ျဖစ္ႏိုင္ပါတယ္။ အဲဒါက ကြၽန္ေတာ္ရဲ႕ယူဆခ်က္ပါ။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္လက္ထက္မွာ အေမရိ ကန္အစိုးရရဲ႕သေဘာထားကို ကြၽန္ေတာ္တို႔ ရွင္းရွင္းလင္းလင္းေတြ႕ ျမင္ခဲ့ရပါတယ္။ ထုတ္ျပန္ခ်က္ေတြတင္မဟုတ္ဘဲ ေျဖရွင္းခ်က္တစ္ခုကိုရွာေဖြလိုတဲ့ အေမရိကန္ရဲ႕ စိတ္ရင္းမွန္နဲ႔ဆႏၵကိုလည္း ကြၽန္ေတာ္တို႔ေတြ႕ျမင္ခဲ့ရပါတယ္။ အေျခ အေနေတြ ဘယ္လိုတိုးတက္လာလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။ အဲဒီလိုမွမဟုတ္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ဘက္က အရာ အားလုံးကို အင္အားသုံး ၿပီးေျဖရွင္းသြားရပါလိမ့္မယ္’ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕သို႔ ယူကရိန္းသမၼတဇယ္လန္စကီး လာေရာက္လည္ပတ္ခဲ့မည္ ဆိုပါက ၎ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ပူတင္က ထပ္မံေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ယင္းကဲ့သို႔ ေတြ႕ ဆုံမႈမ်ိဳး ျဖစ္လာႏိုင္ျခင္းရွိ/မရွိႏွင့္ ျဖစ္လာခဲ့မည္ဆို ပါကထိုက္တန္ျခင္း ရွိ/မရွိကို ေစာင့္ ၾကည့္ရမည္ျဖစ္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားထား သည္။