သရုပ်ဆောင်ဦးပေါ်လေး၏ အရေးပေါ်ကျန်းမာရေးအခြေအနေ (၂)ရက် စောင့်ကြည့်ရမည်

 1383

သန့်ဇင်(NP News)-စက်တင်ဘာ ၇
ဟာသလူရွှင်တော်၊ သရုပ်ဆောင်ဦးပေါ်လေး အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် (၂)ရက် စောင့်ကြည့်နေရကြောင်း သရုပ်ဆောင် အသိုင်း ဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်။
ဦးပေါ်လေးသည် ယမန်နေ့(စက်တင်ဘာလ ၆ရက်) ညပိုင်းက ကျန်းမာရေးအခြေအနေဆိုးရွာလာသဖြင့် မြောက်ဥက္ကလာပဆေးရုံကြီး နှလုံးကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ထားရခြင်းဖြစ်ကြောင်း သိရသည်။
“အဖေဦးပေါ်လေးက နဂိုတည်းက ကျန်းမာရေးကလည်းသိပ်ကောင်းတာမဟုတ်ဘူးလေ။ ဝိတ်ကလည်းတက်တယ်။ ပြီးတော့ သူ့မှာ ရင်ကျပ်ရောဂါကဟိုးအရင်တည်းကလည်းရှိတာပေါ့ဗျာ။ အခုက နှလုံးကြပ်မတ်ဆောင်မှာကျွန်တော်တို့တင်ထားပါတယ်။ မနေ့ည ကပေါ့ နော်။ မနေ့ညကရောဂါဖောက်လို့ဆိုပြီး သူ့သားလူရွှင်တော်ကိုချစ်စုကနေပြီးတော့ သူ့ရဲ့ဖေ့ဘွတ်မှာတင်ထားတာ။ ကျွန်တော်တို့လည်းသွား မကြည့်ရသေးဘူး”ဟု လူရွှင်တော်သရုပ်ဆောင်ငွေတိုးက NP Newsကိုပြောသည်။
သရုပ်ဆောင်ဦးပေါ်လေးသည် လက်ရှိတွင် အသက်(၇၁)နှစ်အရွယ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေအရ အနုပညာအလုပ်များကို အနည်းငယ်သာလုပ်ကိုင်နိုင်တော့ကြောင်း သိရသည်။
“အခုကမြောက်ဥက္ကလာဆေးရုံမှာရောက်နေတယ်။ ပထမဆေးရုံကနေတစ်ဆင့် အခုက အရေးပေါ်ဆိုပြီး ဆေးရုံပြောင်းတင်လိုက်ရတယ် ပေါ့နော်။ နှလုံးကြပ်မတ်ဆောင်မှာဆိုတော့ လူရွှင်တော်အသင်းအဖွဲ့တွေကလည်းအားလုံးသွားကြပါတယ်။ အဖေကြီးအမြန်ဆုံးကျန်းမာ ပါစေ။ အသက်အရွယ်တွေအရက ကျွန်တော်တို့ပြောရမယ်ဆိုရင် ရောဂါဝေဒနာတွေနဲ့ သူတို့ခံစားရတာကို ကျွန်တော်တို့ကမခံစားစေချင် ဘူး။ အမြန်ဆုံးသက်သာပါစေ။ ရှားပါးတဲ့ ပုဂ္ဂိုလ်တွေပါ”ဟု ၎င်းကဆက်ပြောသည်။

Zawgyi Version:
သ႐ုပ္ေဆာင္ဦးေပၚေလး၏ အေရးေပၚက်န္းမာေရးအေျခအေန (၂)ရက္ ေစာင့္ၾကည့္ရမည္
သန႔္ဇင္(NP News)-စက္တင္ဘာ ၇
ဟာသလူ႐ႊင္ေတာ္၊ သ႐ုပ္ေဆာင္ဦးေပၚေလး အေရးေပၚက်န္းမာေရးအေျခအေနေၾကာင့္ (၂)ရက္ ေစာင့္ၾကည့္ေနရေၾကာင္း သ႐ုပ္ေဆာင္ အသိုင္း ဝိုင္းႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ဦးေပၚေလးသည္ ယမန္ေန႔(စက္တင္ဘာလ ၆ရက္) ညပိုင္းက က်န္းမာေရးအေျခအေနဆိုး႐ြာလာသျဖင့္ ေျမာက္ဥကၠလာပေဆး႐ုံႀကီး ႏွလုံးၾကပ္မတ္ ကုသေဆာင္သို႔ ပို႔ေဆာင္ထားရျခင္းျဖစ္ေၾကာင္း သိရသည္။
“အေဖဦးေပၚေလးက နဂိုတည္းက က်န္းမာေရးကလည္းသိပ္ေကာင္းတာမဟုတ္ဘူးေလ။ ဝိတ္ကလည္းတက္တယ္။ ၿပီးေတာ့ သူ႔မွာ ရင္က်ပ္ေရာဂါကဟိုးအရင္တည္းကလည္းရွိတာေပါ့ဗ်ာ။ အခုက ႏွလုံးၾကပ္မတ္ေဆာင္မွာကြၽန္ေတာ္တို႔တင္ထားပါတယ္။ မေန႔ည ကေပါ့ ေနာ္။ မေန႔ညကေရာဂါေဖာက္လို႔ဆိုၿပီး သူ႔သားလူ႐ႊင္ေတာ္ကိုခ်စ္စုကေနၿပီးေတာ့ သူ႔ရဲ႕ေဖ့ဘြတ္မွာတင္ထားတာ။ ကြၽန္ေတာ္တို႔လည္းသြား မၾကည့္ရေသးဘူး”ဟု လူ႐ႊင္ေတာ္သ႐ုပ္ေဆာင္ေငြတိုးက NP Newsကိုေျပာသည္။
သ႐ုပ္ေဆာင္ဦးေပၚေလးသည္ လက္ရွိတြင္ အသက္(၇၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး က်န္းမာေရးအေျခအေနအရ အႏုပညာအလုပ္မ်ားကို အနည္းငယ္သာလုပ္ကိုင္ႏိုင္ေတာ့ေၾကာင္း သိရသည္။
“အခုကေျမာက္ဥကၠလာေဆး႐ုံမွာေရာက္ေနတယ္။ ပထမေဆး႐ုံကေနတစ္ဆင့္ အခုက အေရးေပၚဆိုၿပီး ေဆး႐ုံေျပာင္းတင္လိုက္ရတယ္ ေပါ့ေနာ္။ ႏွလုံးၾကပ္မတ္ေဆာင္မွာဆိုေတာ့ လူ႐ႊင္ေတာ္အသင္းအဖြဲ႕ေတြကလည္းအားလုံးသြားၾကပါတယ္။ အေဖႀကီးအျမန္ဆုံးက်န္းမာ ပါေစ။ အသက္အ႐ြယ္ေတြအရက ကြၽန္ေတာ္တို႔ေျပာရမယ္ဆိုရင္ ေရာဂါေဝဒနာေတြနဲ႔ သူတို႔ခံစားရတာကို ကြၽန္ေတာ္တို႔ကမခံစားေစခ်င္ ဘူး။ အျမန္ဆုံးသက္သာပါေစ။ ရွားပါးတဲ့ ပုဂၢိဳလ္ေတြပါ”ဟု ၎ကဆက္ေျပာသည္။

Related news

© 2021. All rights reserved.