၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်ရှိနွေစပါး နှင့် အခြားသီးနှံဧက ပေါင်း (၂)သောင်းကျော် ကို ရေပေးဝေရန် လျာထား

 329

Pearl (NP News) - စက်တင်ဘာ ၈
၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်ရှိနွေစပါး နှင့် အခြားသီးနှံဧကပေါင်း (၂)သောင်းကျော် ကို ရေပေးဝေရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မုဆိုးညောင်ပင်ရွာအနီးရှိ ငမိုးရိပ်လျှပ်စစ်ရေတင်လုပ်ငန်း နှင့် လက်ပံရေတင်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိုလာစနစ်တွဲဖက်တပ်ဆင်အသုံးပြုသည့် မြစ်ရေတင်လုပ်ငန်း (၅)ခုတွင် ဆိုလာကီလိုဝပ် (၁၀၅၇ ဒသမ ၁) ကီလိုဝပ်နှင့် ဆိုလာစနစ်သီးသန့် ရေတင်လုပ်ငန်းများအဖြစ် ရေတင်လုပ်ငန်းငါးခု၌ ဆိုလာကီလိုဝပ် (၇၂၆) ကီလိုဝပ် စုစုပေါင်းဆိုလာကီလိုဝပ် (၁၇၈၃ ဒသမ ၁) ကီလိုဝပ် တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။
အလားတူ လှည်းကူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်တည်ဆောက်မည့် ဆိုလာကီလိုဝပ် (၅၀၅၀) တပ်ဆင်ရန် တင်ဒါခေါ်ယူဆောင်ရွက် ပြီးဖြစ်ကာ အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက စုစုပေါင်းဆိုလာကီလိုဝပ် (၆၈၃၃ ဒသမ ၁) ကို မြစ်ရေတင်လုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်၍ မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှစ်ခုတွင် တည်ဆောက်ပြီး မြစ်ရေတင်လုပ်ငန်း ၂၃ ခုမှ အကျိုးပြုဧက (၂၆၀၀၀) ကျော်နှင့် ဆောင်ရွက်ဆဲမြစ်ရေတင် စီမံကိန်းတစ်ခုမှ အကျိုးပြုဧက ၁၅၀၀ စုစုပေါင်းမြစ်ရေတင် ၂၄ ခုမှ အကျိုးပြုဧက (၂၇၈၀၀) ကျော် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွေစပါးဧက (၁၇၄၀၀) ကျော်နှင့် အခြားသီးနှံဧက (၂၆၀၀) ကျော်၊ စုစုပေါင်း ဧက (၂၀၁၀၀) ကို ရေပေးဝေရန် လျာထားကြောင်း သိရသည်။

Zawgyi Version:
၂၀၂၅-၂၆ ဘ႑ာႏွစ္တြင္ ရန္ကုန္ရွိေႏြစပါး ႏွင့္ အျခားသီးႏွံဧက ေပါင္း (၂)ေသာင္းေက်ာ္ ကို ေရေပးေဝရန္ လ်ာထား
Pearl (NP News) - စက္တင္ဘာ ၈
၂၀၂၅-၂၆ ဘ႑ာႏွစ္တြင္ ရန္ကုန္ရွိေႏြစပါး ႏွင့္ အျခားသီးႏွံဧကေပါင္း (၂)ေသာင္းေက်ာ္ ကို ေရေပးေဝရန္ လ်ာထားေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဗိုလ္ဗိုလ္ေက်ာ္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ မုဆိုးေညာင္ပင္႐ြာအနီးရွိ ငမိုးရိပ္လွ်ပ္စစ္ေရတင္လုပ္ငန္း ႏွင့္ လက္ပံေရတင္လုပ္ငန္းမ်ားကို ၾကည့္ရႈစစ္ေဆးၿပီး တာဝန္ရွိသူမ်ားအား လုပ္ငန္းဆိုင္ရာလိုအပ္ခ်က္မ်ား ေဆြးေႏြးမွာၾကား ခဲ့ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဆိုလာစနစ္တြဲဖက္တပ္ဆင္အသုံးျပဳသည့္ ျမစ္ေရတင္လုပ္ငန္း (၅)ခုတြင္ ဆိုလာကီလိုဝပ္ (၁၀၅၇ ဒသမ ၁) ကီလိုဝပ္ႏွင့္ ဆိုလာစနစ္သီးသန႔္ ေရတင္လုပ္ငန္းမ်ားအျဖစ္ ေရတင္လုပ္ငန္းငါးခု၌ ဆိုလာကီလိုဝပ္ (၇၂၆) ကီလိုဝပ္ စုစုေပါင္းဆိုလာကီလိုဝပ္ (၁၇၈၃ ဒသမ ၁) ကီလိုဝပ္ တပ္ဆင္ၿပီးျဖစ္ေၾကာင္း သိရသည္။
အလားတူ လွည္းကူးၿမိဳ႕နယ္ႏွင့္ ထန္းတပင္ၿမိဳ႕နယ္တို႔၌ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ရန္ပုံေငြျဖင့္တည္ေဆာက္မည့္ ဆိုလာကီလိုဝပ္ (၅၀၅၀) တပ္ဆင္ရန္ တင္ဒါေခၚယူေဆာင္႐ြက္ ၿပီးျဖစ္ကာ အဆိုပါလုပ္ငန္းမ်ားေဆာင္႐ြက္ၿပီးစီးပါက စုစုေပါင္းဆိုလာကီလိုဝပ္ (၆၈၃၃ ဒသမ ၁) ကို ျမစ္ေရတင္လုပ္ငန္းမ်ားတြင္ အသုံးျပဳႏိုင္မည္ျဖစ္၍ မဟာဓာတ္အားလိုင္းမွ လွ်ပ္စစ္ ဓာတ္အား ေခြၽတာသုံးစြဲႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္ႏွစ္ခုတြင္ တည္ေဆာက္ၿပီး ျမစ္ေရတင္လုပ္ငန္း ၂၃ ခုမွ အက်ိဳးျပဳဧက (၂၆၀၀၀) ေက်ာ္ႏွင့္ ေဆာင္႐ြက္ဆဲျမစ္ေရတင္ စီမံကိန္းတစ္ခုမွ အက်ိဳးျပဳဧက ၁၅၀၀ စုစုေပါင္းျမစ္ေရတင္ ၂၄ ခုမွ အက်ိဳးျပဳဧက (၂၇၈၀၀) ေက်ာ္ စိုက္ပ်ိဳးေရရရွိေရး ေဆာင္႐ြက္လ်က္ရွိရာ ၂၀၂၅-၂၀၂၆ ခုႏွစ္တြင္ ေႏြစပါးဧက (၁၇၄၀၀) ေက်ာ္ႏွင့္ အျခားသီးႏွံဧက (၂၆၀၀) ေက်ာ္၊ စုစုေပါင္း ဧက (၂၀၁၀၀) ကို ေရေပးေဝရန္ လ်ာထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.