PTTEP က ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 တွင် အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

709

ပီယ (NP News) - စက်တင်ဘာ ၈
PTTEP က ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 တွင် အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနထံက သိရသည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော PTTEP International Limited က ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 တွင် Development Project Phase 1E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဟု ယင်း ဦးစီးဌာနက ကြေညာထားခြင်းဖြစ်သည်။
ယင်းလုပ်ငန်းကို စက်တင်ဘာလ (၂၀) ရက် မှ ဖေဖော်ဝါရီလ(၂၈ ) ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းလုပ်ငန်းများကို Heavy Lift Vessel, “HUA TIAN LONG” ၊ Pipe Lay Barge, “HUI ZHONG 301” နှင့် Dive Support Vessel “HUA XIANG LONG” ရေယာဉ်တို့ဖြင့် လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါတည်နေရာများမှ (၄) ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners ထုတ်ပြန် ကြေညာထားသောကြောင့် သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးထားသည်။

Zawgyi Version:
PTTEP က ကမ္းလြန္လုပ္ကြက္အမွတ္၊ M-9 တြင္ အသစ္တည္ေဆာက္မည့္ ပလက္ေဖာင္း(၄)ခုတပ္ဆင္ျခင္းႏွင့္ ေရေအာက္ပိုက္လိုင္းဆက္သြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္မည္
ပီယ (NP News) - စက္တင္ဘာ ၈
PTTEP က ကမ္းလြန္လုပ္ကြက္အမွတ္၊ M-9 တြင္ အသစ္တည္ေဆာက္မည့္ ပလက္ေဖာင္း(၄)ခုတပ္ဆင္ျခင္းႏွင့္ ေရေအာက္ပိုက္လိုင္းဆက္သြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ငါးလုပ္ငန္း ဦးစီးဌာနထံက သိရသည္။
ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္း၏ ေရနံရွာေဖြတူးေဖာ္ေရးလုပ္ငန္းမ်ားတြင္ အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေသာ PTTEP International Limited က ကမ္းလြန္လုပ္ကြက္အမွတ္၊ M-9 တြင္ Development Project Phase 1E အရ အသစ္တည္ေဆာက္မည့္ ပလက္ေဖာင္း(၄)ခုတပ္ဆင္ျခင္းႏွင့္ ေရေအာက္ပိုက္လိုင္းဆက္သြယ္ေရးလုပ္ငန္းမ်ားအား ေဆာင္႐ြက္သြားမည္ဟု ယင္း ဦးစီးဌာနက ေၾကညာထားျခင္းျဖစ္သည္။
ယင္းလုပ္ငန္းကို စက္တင္ဘာလ (၂၀) ရက္ မွ ေဖေဖာ္ဝါရီလ(၂၈ ) ရက္အထိ ေဆာင္႐ြက္သြားမည္ျဖစ္ကာ ယင္းလုပ္ငန္းမ်ားကို Heavy Lift Vessel, “HUA TIAN LONG” ၊ Pipe Lay Barge, “HUI ZHONG 301” ႏွင့္ Dive Support Vessel “HUA XIANG LONG” ေရယာဥ္တို႔ျဖင့္ လုပ္ငန္းမ်ားေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
ယင္းကာလအတြင္း လုပ္ငန္းမ်ားေႏွာင့္ေႏွးၾကန႔္ၾကာမႈမျဖစ္ေပၚေစေရးအတြက္ အထက္ေဖာ္ျပပါတည္ေနရာမ်ားမွ (၄) ကီလိုမီတာပတ္လည္အတြင္းအား ေရေၾကာင္းသတိေပးခ်က္ (Notice to Mariners ထုတ္ျပန္ ေၾကညာထားေသာေၾကာင့္ သေဘၤာႀကီးငယ္မ်ား၊ ကုန္တင္စက္ေလွမ်ား၊ ငါးဖမ္းသေဘၤာမ်ား၊ စက္တပ္သမၺန္မ်ားျဖတ္သန္းသြားလာျခင္း၊ ေက်ာက္ခ်ရပ္နားထားျခင္း၊ ငါးဖမ္းဆီးျခင္းႏွင့္ ငါးဖမ္းကိရိယာမ်ား ခ်ထားျခင္းမျပဳလုပ္ၾကရန္ အသိေပးထားသည္။