ဈေးကွက်အတွင်း ရောင်းချနေသည့် တိုင်းရင်းဆေး(၄)မျိုးကို သုံးစွဲရန်မသင့်ကြောင်း FDA Myanmar အသိပေး

 1550

ချယ်ရီ (NP News) - စက်တင်ဘာ ၁၁
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါး (၄)မျိုးကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA Myanmar) က ယနေ့(စက်တင်ဘာလ ၁၁ ရက်) တွင် အသိပေးထုတ်ပြန်ထား ခြင်းဖြစ်သည်။
လုံးဆန်ဆာ ကြာပန်းအမှတ် တံဆိပ်သွေးတိုးကျဆေးနှင့် ရာဇဂြိုဟ်အမှတ်တံဆိပ် သွေးတိုးကျဆေးတို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံ တင်ရရှိခဲ့သော်လည်း ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုမရှိခြင်း နှင့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်သက်တမ်းကုန်ဆုံးခြင်းတို့ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထို့ပြင် လွှမ်းမိုးအောင်အမှတ်တံဆိပ် သွေးချိုဆီးချိုကျဆေးကြီးနှင့် သကြားဓာတ်ထိန်း ရေနွေးကြမ်းတို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။
အဆိုပါတိုင်းရင်းဆေးဝါး (၄) မျိုးသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်မရှိသော တိုင်းရင်းဆေးဝါးများဖြစ်သဖြင့် ဆေးဝါးစစ်မှန်ကြောင်း အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများသုံးစွဲရန် မသင့် ကြောင်း မှ အသိပေးထားသည်။
ထို့ကြောင့် အများပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ဆေးဝါးများကို သာ စိစစ်ဝယ်ယူသုံးစွဲရန် FDA မှ နှိုးဆော်ထားသည်။
အလားတူ တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များအနေဖြင့် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူး၊ ရောင်းချခြင်း များကို ကျင့်ဝတ်အရ လုံးဝ (လုံးဝ)မပြုလုပ်ရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

Zawgyi Version:
ေဈးကြက္အတြင္း ေရာင္းခ်ေနသည့္ တိုင္းရင္းေဆး(၄)မ်ိဳးကို သုံးစြဲရန္မသင့္ေၾကာင္း FDA Myanmar အသိေပး
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၁
ေဈးကြက္အတြင္း ေရာင္းခ်လ်က္ရွိေသာ တိုင္းရင္းေဆးဝါး (၄)မ်ိဳးကို သုံးစြဲရန္မသင့္ေၾကာင္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA Myanmar) က ယေန႔(စက္တင္ဘာလ ၁၁ ရက္) တြင္ အသိေပးထုတ္ျပန္ထား ျခင္းျဖစ္သည္။
လုံးဆန္ဆာ ၾကာပန္းအမွတ္ တံဆိပ္ေသြးတိုးက်ေဆးႏွင့္ ရာဇၿဂိဳဟ္အမွတ္တံဆိပ္ ေသြးတိုးက်ေဆးတို႔သည္ တိုင္းရင္းေဆးဝါးမွတ္ပုံ တင္ရရွိခဲ့ေသာ္လည္း ထုတ္လုပ္ခြင့္လိုင္စင္ ေလွ်ာက္ထားမႈမရွိျခင္း ႏွင့္ တိုင္းရင္းေဆးဝါး မွတ္ပုံတင္သက္တမ္းကုန္ဆုံးျခင္းတို႔ ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ထို႔ျပင္ လႊမ္းမိုးေအာင္အမွတ္တံဆိပ္ ေသြးခ်ိဳဆီးခ်ိဳက်ေဆးႀကီးႏွင့္ သၾကားဓာတ္ထိန္း ေရေႏြးၾကမ္းတို႔သည္ တိုင္းရင္းေဆးဝါးမွတ္ပုံတင္ထားျခင္းမရွိေၾကာင္း ထည့္သြင္းေဖာ္ျပထားသည္။
အဆိုပါတိုင္းရင္းေဆးဝါး (၄) မ်ိဳးသည္ တိုင္းရင္းေဆးဝါးမွတ္ပုံတင္မရွိေသာ တိုင္းရင္းေဆးဝါးမ်ားျဖစ္သျဖင့္ ေဆးဝါးစစ္မွန္ေၾကာင္း အစြမ္းထက္မႈကို အာမခံခ်က္မေပးႏိုင္ေသာေၾကာင့္ အမ်ားျပည္သူမ်ားသုံးစြဲရန္ မသင့္ ေၾကာင္း မွ အသိေပးထားသည္။
ထို႔ေၾကာင့္ အမ်ားျပည္သူမ်ားအေနျဖင့္ က်န္းမာေရးဝန္ႀကီးဌာန၊ တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပုံတင္ ထားေသာ ေဆးဝါးမ်ားကို သာ စိစစ္ဝယ္ယူသုံးစြဲရန္ FDA မွ ႏႈိးေဆာ္ထားသည္။
အလားတူ တိုင္းရင္းေဆးဝါး ထုတ္လုပ္ျဖန႔္ျဖဴးသည့္ လုပ္ငန္းမ်ားႏွင့္ ေဆးဝါးေရာင္းခ်သည့္ ေဆးဆိုင္မ်ားအေနျဖင့္ အမ်ားျပည္သူသုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္ တိုင္းရင္းေဆးဝါးမ်ား တင္သြင္းျဖန႔္ျဖဴး၊ ေရာင္းခ်ျခင္း မ်ားကို က်င့္ဝတ္အရ လုံးဝ (လုံးဝ)မျပဳလုပ္ရန္ ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက တိုင္းရင္းေဆးဝါးဥပေဒပုဒ္မ (၃၁)၊ (၃၂) အရ တရားစြဲဆိုအေရးယူမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.