အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအတွက် အငယ်တန်းစာရေးနေရာ (၄၀)နီးပါး ခေါ်ယူ

 180

ချယ်ရီ (NP News) - စက်တင်ဘာ ၁၁
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအတွက် လစ်လပ်နေသော အငယ်တန်းစာရေးနေရာ (၄၀)နီးပါး ခေါ်ယူနေကြောင်း ယနေ့ (စက်တင်ဘာလ ၁၁ ရက်)တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါဌာန၏ အငယ်တန်းစာရေး (၃၈)နေရာအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊ ကွန်ပျူတာအခြေခံတတ်ကျွမ်းသူနှင့် လာမည့်စက်တင်ဘာလ (၁၅) ရက်၌ အသက် (၃၀) နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုအပ်ကာ နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် နိုင်ရမည်ဖြစ်ကြောင်းနှင့် အခြားအစိုးရဌာနတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသူများပါ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထို့ပြင် အဆိုပါဝန်ကြီးဌာနရှိ တာဝန်ထမ်းဆောင်နေသူများပါ လျှောက်ထားနိုင်ပြီး အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရန် လိုအပ်ကာ ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းခံရပါက အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို ယနေ့ (စက်တင်ဘာလ ၁၁ ရက်)မှစတင်၍ နေပြည်တော်ရှိ ရုံးအမှတ်(၅၁) အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနချုပ်အပါဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင် အထူးစီးပွားရေးဇုန်၊ မြို့နယ်ရုံးများတွင် ထုတ်ယူနိုင်ပြီး အောက်တိုဘာလ (၁၁) ရက်ကို နောက်ဆုံးထားကာ အထက်ပါဌာနများ၌ လျှောက်ထားပေး ရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနအတြက္ အငယ္တန္းစာေရးေနရာ (၄၀)နီးပါး ေခၚယူ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၁
အလုပ္သမားဝန္ႀကီးဌာန၊ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနအတြက္ လစ္လပ္ေနေသာ အငယ္တန္းစာေရးေနရာ (၄၀)နီးပါး ေခၚယူေနေၾကာင္း ယေန႔ (စက္တင္ဘာလ ၁၁ ရက္)တြင္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
အဆိုပါဌာန၏ အငယ္တန္းစာေရး (၃၈)ေနရာအတြက္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိသူ၊ ကြန္ပ်ဴတာအေျခခံတတ္ကြၽမ္းသူႏွင့္ လာမည့္စက္တင္ဘာလ (၁၅) ရက္၌ အသက္ (၃၀) ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရန္လိုအပ္ကာ ေနရာေဒသမေ႐ြး သြားေရာက္တာဝန္ထမ္းေဆာင္ ႏိုင္ရမည္ျဖစ္ေၾကာင္းႏွင့္ အျခားအစိုးရဌာနတစ္ခုခုတြင္ တာဝန္ထမ္းေဆာင္ေနသူမ်ားပါ ေလွ်ာက္ထားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ထို႔ျပင္ အဆိုပါဝန္ႀကီးဌာနရွိ တာဝန္ထမ္းေဆာင္ေနသူမ်ားပါ ေလွ်ာက္ထားႏိုင္ၿပီး အသက္ (၃၅) ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရန္ လိုအပ္ကာ ဝန္ထမ္းအျဖစ္ခန႔္အပ္ျခင္းခံရပါက အနည္းဆုံး (၅)ႏွစ္ တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေလွ်ာက္လႊာမ်ားကို ယေန႔ (စက္တင္ဘာလ ၁၁ ရက္)မွစတင္၍ ေနျပည္ေတာ္ရွိ ႐ုံးအမွတ္(၅၁) အလုပ္သမားၫႊန္ၾကားေရး ဦးစီးဌာနခ်ဳပ္အပါဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္၊ ခ႐ိုင္ အထူးစီးပြားေရးဇုန္၊ ၿမိဳ႕နယ္႐ုံးမ်ားတြင္ ထုတ္ယူႏိုင္ၿပီး ေအာက္တိုဘာလ (၁၁) ရက္ကို ေနာက္ဆုံးထားကာ အထက္ပါဌာနမ်ား၌ ေလွ်ာက္ထားေပး ရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.