KTV ၊ BAR နှင့် CLUB များရှိလူငယ်များကိုရောင်းရန် မူးယစ်ဆေးသယ်ဆောင်သူ (၂)ဦး ပျော်ဘွယ်တွင် ဖမ်းမိ

 291

ချယ်ရီ (NP News) - စက်တင်ဘာ ၁၂
KTV ၊ BAR နှင့် CLUB များရှိ လူငယ်များကိုရောင်းရန် တစ်ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်သူ (၂)ဦးကို မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ဖမ်းမိရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်စက်တင်ဘာလ (၆)ရက်၊ မွန်းလွဲ (၁) နာရီ (၃ဝ) မိနစ်အချိန်ခန့်က ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာအနီးတွင် သာစည်မြို့နယ်မှ ပျော်ဘွယ်မြို့နယ်ဘက်သို့ ဖဝေး မောင်းနှင်ပြီး မျိုးမြင့်ဟန် လိုက်ပါလာသော ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ (၂) ဦး သယ်ဆောင်လာသည့် ငွေကျပ် သိန်း (၆,၇၂၀) တန်ဖိုးရှိ အက်တက်စီဆေးပြား (၁၁,၂၀၀) ပြား ၊ ငွေကျပ် သိန်း (၉,၆၀၀) တန်ဖိုးရှိ Happy Water (၈) ကီလိုနှင့် ငွေကျပ်(၂၇)သိန်းတန်ဖိုးရှိ ကက်တမင်း (၀ ဒသမ ၀၉) ကီလို၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၁ ဒသမ ၆၃၄၇) ဘီလျံရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသော စိတ်ပြောင်းဆေးဝါးများကို သာစည်မြို့နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်၍ KTV ၊ BAR နှင့် CLUB များတွင် လူငယ်များအားရောင်းချရန် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
KTV ၊ BAR ႏွင့္ CLUB မ်ားရွိလူငယ္မ်ားကိုေရာင္းရန္ မူးယစ္ေဆးသယ္ေဆာင္သူ (၂)ဦး ေပ်ာ္ဘြယ္တြင္ ဖမ္းမိ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၂
KTV ၊ BAR ႏွင့္ CLUB မ်ားရွိ လူငယ္မ်ားကိုေရာင္းရန္ တစ္ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးသယ္ေဆာင္သူ (၂)ဦးကို မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္တြင္ ဖမ္းမိရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္စက္တင္ဘာလ (၆)ရက္၊ မြန္းလြဲ (၁) နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္က ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ေတာင္ဂြေက်း႐ြာအနီးတြင္ သာစည္ၿမိဳ႕နယ္မွ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ဘက္သို႔ ဖေဝး ေမာင္းႏွင္ၿပီး မ်ိဳးျမင့္ဟန္ လိုက္ပါလာေသာ ဆိုင္ကယ္ကို စစ္ေဆးရွာေဖြရာ ၎တို႔ (၂) ဦး သယ္ေဆာင္လာသည့္ ေငြက်ပ္ သိန္း (၆,၇၂၀) တန္ဖိုးရွိ အက္တက္စီေဆးျပား (၁၁,၂၀၀) ျပား ၊ ေငြက်ပ္ သိန္း (၉,၆၀၀) တန္ဖိုးရွိ Happy Water (၈) ကီလိုႏွင့္ ေငြက်ပ္(၂၇)သိန္းတန္ဖိုးရွိ ကက္တမင္း (၀ ဒသမ ၀၉) ကီလို၊ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၁ ဒသမ ၆၃၄၇) ဘီလ်ံရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိေသာ စိတ္ေျပာင္းေဆးဝါးမ်ားကို သာစည္ၿမိဳ႕နယ္မွ ရန္ကုန္ၿမိဳ႕သို႔ သယ္ေဆာင္၍ KTV ၊ BAR ႏွင့္ CLUB မ်ားတြင္ လူငယ္မ်ားအားေရာင္းခ်ရန္ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.