အမေရိကန်တက္ကသိုလ်အတွင်း လူသိများထင်ရှားတဲ့တက်ကြွလှုပ်ရှားသူတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

174

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၁
အမေရိကန်နိုင်ငံ Utah ပြည်နယ် Orem, မြို့ရှိ Utah Valley တက္ကသိုလ်မှာ စက်တင်ဘာ ၁၁ ရက်က လုပ်ကြံ သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ လူသိများထင်ရှားတဲ့ Conservative activist တစ်ဦးဖြစ်တဲ့ ချာလီ ကီလ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၎င်းဟာ အမေရိကန် လယ်ယာယိမ်းနိုင်ငံရေးသမားတစ်ဦးဖြစ်သလို လူမူကွန်ရက်တွေမှာ သြဇာလွမ်းမိုးမှုရှိသူတစ်ဦးဖြစ်ပါတယ်။ ချာလီဟာ ၂၀၁၂ ခုနှစ်မှာ ရှေးရိုးစွဲအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Turning Point USA ကို တည်ထောင်ခဲ့ပြီး အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို Turning Point Action ရုံးရဲ့ အကြီးအက တာဝန်နဲ့ Council for National Policy အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းဟာ စက်တင်ဘာ ၁၁ ရက်က တက္ကသိုလ်အတွင်း တက္ကသိုလ်ကျောင်းသားတွေနဲ့ အမေးအဖြေပုံစံ ဆွေးနွေးပြောဆိုမှု တွေလုပ်ဆောင်နေချိန်အတွင်း လုပ်ကြံခံရတာဖြစ်တယ်လို့ သိရပါတယ်။
သေနတ်သမားဟာ ချာလီကို လုပ်ကြံဖို့ တက္ကသိုလ်အဆောက်အဦးအနားကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာမျိုးဖြစ် တယ်လို့ အမေရိကန်ရဲတပ်ဖွဲ့ကပြောပါတယ်။ အဆိုပါလုပ်ကြံမှုကို ကျူးလွန်ခဲ့သူဟာ အနည်းဆုံး လူနှစ်ဦး ပါဝင်ဖွယ် ရှိနေပြီး ဖမ်းဆီးနိုင်အောင် လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ချာလီ လုပ်ကြံခံရမှုဟာ အမေရိကန်အတွက် အမှောင်ကျတဲ့နေ့တစ်နေ့ဖြစ် တယ်လို့ ဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ နိုင်ငံရေးအကြမ်းဖက်မှုတွေဖြစ်ပွားနေတာနဲ့ ပတ်သက် ပြီး အစွန်းရောက်အယူဆတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ အပြင် အုပ်ချုပ်ရေး မှုးတွေကလည်း အဲဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ထားပါတယ်။ အမေရိကန်ရဲတပ်ဖွဲ့ နဲ့ လုံခြုံရေး အာဏာပိုင်တွေအနေနဲ့ တက္ကသိုလ်အဆောက်အဦးအတွင်း ချာလီကို လုပ်ကြံသတ်ဖြတ်ခဲ့သူကို အမြန်ဆုံး ဖမ်းဆီးနိုင်အောင် ကြိုးပမ်းကြဖို့ ဝိုင်းဝန်းတိုက်တွန်းတောင်းဆိုနေပါတယ်။ ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး အားနိုးက ‘’နိုင်ငံရေးဟာ နိုင်ငံအတွင်း ရောဂါတွေဖြစ်လာစေပြီး လူသေဆုံးမှုတွေဖြစ်လာစေ တယ်။ ကျွန်တော်တို့ဟာ အစွန်းရောက် အယူဆအတွေးခေါ်တွေကို တွန်းလှန်တိုက်ဖျက်ရမယ်’’ လို့ပြောပါတယ်။

Zawgyi Version:
အေမရိကန္တကၠသိုလ္အတြင္း လူသိမ်ားထင္ရွားတဲ့တက္ႂကြလႈပ္ရွားသူတစ္ဦး လုပ္ႀကံသတ္ျဖတ္ခံရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၁
အေမရိကန္ႏိုင္ငံ Utah ျပည္နယ္ Orem, ၿမိဳ႕ရွိ Utah Valley တကၠသိုလ္မွာ စက္တင္ဘာ ၁၁ ရက္က လုပ္ႀကံ သတ္ျဖတ္မႈျဖစ္ပြားခဲ့ၿပီး အေမရိကန္ႏိုင္ငံမွာ လူသိမ်ားထင္ရွားတဲ့ Conservative activist တစ္ဦးျဖစ္တဲ့ ခ်ာလီ ကီလ္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ၎ဟာ အေမရိကန္ လယ္ယာယိမ္းႏိုင္ငံေရးသမားတစ္ဦးျဖစ္သလို လူမူကြန္ရက္ေတြမွာ ၾသဇာလြမ္းမိုးမႈရွိသူတစ္ဦးျဖစ္ပါတယ္။ ခ်ာလီဟာ ၂၀၁၂ ခုႏွစ္မွာ ေရွး႐ိုးစြဲအဖြဲ႕အစည္းတစ္ခု ျဖစ္တဲ့ Turning Point USA ကို တည္ေထာင္ခဲ့ၿပီး အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူခဲ့ဖူးသူျဖစ္သလို Turning Point Action ႐ုံးရဲ႕ အႀကီးအက တာဝန္နဲ႔ Council for National Policy အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ပါတယ္။ ၎ဟာ စက္တင္ဘာ ၁၁ ရက္က တကၠသိုလ္အတြင္း တကၠသိုလ္ေက်ာင္းသားေတြနဲ႔ အေမးအေျဖပုံစံ ေဆြးေႏြးေျပာဆိုမႈ ေတြလုပ္ေဆာင္ေနခ်ိန္အတြင္း လုပ္ႀကံခံရတာျဖစ္တယ္လို႔ သိရပါတယ္။
ေသနတ္သမားဟာ ခ်ာလီကို လုပ္ႀကံဖို႔ တကၠသိုလ္အေဆာက္အဦးအနားကေန ေသနတ္နဲ႔ပစ္ခတ္ခဲ့တာမ်ိဳးျဖစ္ တယ္လို႔ အေမရိကန္ရဲတပ္ဖြဲ႕ကေျပာပါတယ္။ အဆိုပါလုပ္ႀကံမႈကို က်ဴးလြန္ခဲ့သူဟာ အနည္းဆုံး လူႏွစ္ဦး ပါဝင္ဖြယ္ ရွိေနၿပီး ဖမ္းဆီးႏိုင္ေအာင္ လိုက္လံရွာေဖြေနတယ္လို႔ သိရပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ခ်ာလီ လုပ္ႀကံခံရမႈဟာ အေမရိကန္အတြက္ အေမွာင္က်တဲ့ေန႔တစ္ေန႔ျဖစ္ တယ္လို႔ ဆိုပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ႏိုင္ငံေရးအၾကမ္းဖက္မႈေတြျဖစ္ပြားေနတာနဲ႔ ပတ္သက္ ၿပီး အစြန္းေရာက္အယူဆေတြကို ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ အေမရိကန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အျပင္ အုပ္ခ်ဳပ္ေရး မႈးေတြကလည္း အဲဒီလုပ္ႀကံမႈနဲ႔ပတ္သက္ၿပီး ေဝဖန္ျပစ္တင္ထားပါတယ္။ အေမရိကန္ရဲတပ္ဖြဲ႕ နဲ႔ လုံၿခဳံေရး အာဏာပိုင္ေတြအေနနဲ႔ တကၠသိုလ္အေဆာက္အဦးအတြင္း ခ်ာလီကို လုပ္ႀကံသတ္ျဖတ္ခဲ့သူကို အျမန္ဆုံး ဖမ္းဆီးႏိုင္ေအာင္ ႀကိဳးပမ္းၾကဖို႔ ဝိုင္းဝန္းတိုက္တြန္းေတာင္းဆိုေနပါတယ္။ ကမာၻေက်ာ္ ႐ုပ္ရွင္မင္းသားႀကီး အားႏိုးက ‘’ႏိုင္ငံေရးဟာ ႏိုင္ငံအတြင္း ေရာဂါေတြျဖစ္လာေစၿပီး လူေသဆုံးမႈေတြျဖစ္လာေစ တယ္။ ကြၽန္ေတာ္တို႔ဟာ အစြန္းေရာက္ အယူဆအေတြးေခၚေတြကို တြန္းလွန္တိုက္ဖ်က္ရမယ္’’ လို႔ေျပာပါတယ္။