မော်လမြိုင်မြို့ပေါ်တွင် ဓါးပြတိုက်မှုဖြစ်ပွား

 454

သက်ပိုင်(NP News) - စက်တင်ဘာ ၁၁
မွန်ပြည်နယ်မြို့တော်ဖြစ်သော မော်လမြိုင်မြို့ပေါ်ရှိ နေအိမ်တစ်အိမ်ကို စက်တင်ဘာလ (၁၁)ရက် နံနက် (၂)နာရီ ဝန်းကျင်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မော်လမြိုင်မြို့၊ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်၊ တက္ကသိုလ်ဖြတ်လမ်း၊ လမ်းသွယ်(၃)ရှိ အိမ်အမှတ်(၅)ကို ဓားပြတိုက်ခဲ့ကြခြင်းဖြစ်ပြီး မျက်နှာဖုံး လက်အိတ် အဖြူ၊ ဘောင်းဘီရှည်အမဲနှင့် ကတ်ဦးထုပ်များ ဝတ်ဆင်ထားပြီး သေနတ်နှင့် ဓားများ ကိုင်ဆောင်ထားသည့် အသက် ၂၀ မှ ၃၀ နှစ်ခန့် ရှိ အမည်မသိလူငယ် သုံးဦးမှ ဓားပြတိုက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ဓားပြတိုက်ခံရတာကိုတော့ သတင်းတွေတက်လာလို့ ကြားမိပါတယ်။ဒီအတိုင်းဆိုရင်တော့ မော်လမြိုင်မြို့ကြီးက တော်တော်ကို စိုးရိမ်ဖို့ကောင်းနေပါပြီ။ လူတွေက ငွေရဖို့အတွက်နဲ့ တော်တော်အတင့်ရဲကြပြီလို့ထင်ပါတယ် ” ဟု မော်လမြိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။
ဓားပြများအနေဖြင့် နေအိမ်အတွင်းမှ I phone -16 pro max ရွှေရောင် (၁)လုံး၊ I phone - 14 pro Deep (၁)လုံး၊ IPad Pro (၁)လုံး၊ မီးလင်းလက်ကောက် (၃)ကျပ်သား တစ်ကွင်း၊နှစ်ကျပ်သား မီးလင်းလက်စွပ် တစ်ကွင်း၊ နှစ်ကျပ်သား မီးလင်းဆွဲကြိုး တစ်ကုံး၊သုံးကျပ်သား မီးလင်းဆွဲကြိုး တစ်ကုံးနှင့် ငွေကျပ်သိန်း (၄၀၀) ခန့်တို့ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး အမြန်ဆုံးဖမ်းဆီးရမိရရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ဓါးျပတိုက္မႈျဖစ္ပြား
သက္ပိုင္(NP News) - စက္တင္ဘာ ၁၁
မြန္ျပည္နယ္ၿမိဳ႕ေတာ္ျဖစ္ေသာ ေမာ္လၿမိဳင္ၿမိဳ႕ေပၚရွိ ေနအိမ္တစ္အိမ္ကို စက္တင္ဘာလ (၁၁)ရက္ နံနက္ (၂)နာရီ ဝန္းက်င္ခန႔္က ဓားျပတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ေမာ္လၿမိဳင္ၿမိဳ႕၊ေဈးႀကိဳရပ္ကြက္၊ ေဒါင္းဇရပ္၊ တကၠသိုလ္ျဖတ္လမ္း၊ လမ္းသြယ္(၃)ရွိ အိမ္အမွတ္(၅)ကို ဓားျပတိုက္ခဲ့ၾကျခင္းျဖစ္ၿပီး မ်က္ႏွာဖုံး လက္အိတ္ အျဖဴ၊ ေဘာင္းဘီရွည္အမဲႏွင့္ ကတ္ဦးထုပ္မ်ား ဝတ္ဆင္ထားၿပီး ေသနတ္ႏွင့္ ဓားမ်ား ကိုင္ေဆာင္ထားသည့္ အသက္ ၂၀ မွ ၃၀ ႏွစ္ခန႔္ ရွိ အမည္မသိလူငယ္ သုံးဦးမွ ဓားျပတိုက္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
“ဓားျပတိုက္ခံရတာကိုေတာ့ သတင္းေတြတက္လာလို႔ ၾကားမိပါတယ္။ဒီအတိုင္းဆိုရင္ေတာ့ ေမာ္လၿမိဳင္ၿမိဳ႕ႀကီးက ေတာ္ေတာ္ကို စိုးရိမ္ဖို႔ေကာင္းေနပါၿပီ။ လူေတြက ေငြရဖို႔အတြက္နဲ႔ ေတာ္ေတာ္အတင့္ရဲၾကၿပီလို႔ထင္ပါတယ္ ” ဟု ေမာ္လၿမိဳင္ၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။
ဓားျပမ်ားအေနျဖင့္ ေနအိမ္အတြင္းမွ I phone -16 pro max ေ႐ႊေရာင္ (၁)လုံး၊ I phone - 14 pro Deep (၁)လုံး၊ IPad Pro (၁)လုံး၊ မီးလင္းလက္ေကာက္ (၃)က်ပ္သား တစ္ကြင္း၊ႏွစ္က်ပ္သား မီးလင္းလက္စြပ္ တစ္ကြင္း၊ ႏွစ္က်ပ္သား မီးလင္းဆြဲႀကိဳး တစ္ကုံး၊သုံးက်ပ္သား မီးလင္းဆြဲႀကိဳး တစ္ကုံးႏွင့္ ေငြက်ပ္သိန္း (၄၀၀) ခန္႔တို႔ကို ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါကိစၥႏွင့္ပတ္သက္၍ ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားၿပီး အျမန္ဆုံးဖမ္းဆီးရမိရေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.