ကမ္ဘာရွှေဈေးစံချိန်တင်မြင့်တက်နေရာ ပြည်တွင်းရွှေဈေး ဆက်တက်ဖွယ်ရှိနေ

1347

NP News - စက်တင်ဘာ ၁၃
ကမ္ဘာရွှေဈေးသည် သမိုင်းတလျှောက် စံချိန်တင်အမြင့်ဆုံးဈေး ဖြင့် ဈေးကွက်ပိတ်သွားပြီဖြစ်ရာ ပြည်တွင်းရွှေဈေးများ လိုက်ပါမြင့်တက်နိုင်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ရွှေတစ်အောင်စလျှင် (၃၆၄၃)ဒေါ်လာဖြင့် ယခုတစ်ပါတ်အတွက် ရွှေဈေးကွက်အပိတ်ဈေးဖြစ်ပေါ်ခဲ့ရာ လာမည့် စက်တင်ဘာ (၁၅) ရက်ရောက်မှသာ ရွှေဈေးကွက် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
“ကမ္ဘာ့ရွှေဈေးက စံချိန်တင်ဆက်တိုက်မြင့်တက်နေတာ ပြည်တွင်းရွှေဈေးက တဖြည်းဖြည်း တက်လာတယ်။ အခုအခေါက်ရွှေတစ်ကျပ်သားကို (၇၉)သိန်းတစ်သောင်းဆိုတော့ ဆက်တက်နိုင်ချေရှိနေတယ်။ ပြည်တွင်းဒေါ်လာဈေး ကျနေလို့သာ အခေါက်ရွှေဈေးက သိသိသာသာ မတက်တာ” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရွှေဈေးနှုန်းသတ်မှတ်ချက်မှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်းခုနှစ်သောင်းဖြင့် အပြောင်းအလဲမရှိကြောင်း သိရသည်။
အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်းလျှော့ချမှုများကြောင့် ကမ္ဘာရွှေဈေး ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း ကမ္ဘာ့ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးကပြောသည်။
ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေးအဝယ် ကျပ် ၄,၁၉၀ နှင့် အရောင်း ကျပ် ၄,၂၇၅ ဝန်းကျင် ရှိသည်။
ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ ပဲ၊ မူး၊ ရွေး ကို အသုံးပြုပြီး တကျပ်သားလျှင် ဝ ဒသမ ၅၂၅ အောင်စ ရှိကာ (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း × ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေး ရနိုင်သည်။

Zawgyi Version:
ကမာၻေ႐ႊေဈးစံခ်ိန္တင္ျမင့္တက္ေနရာ ျပည္တြင္းေ႐ႊေဈး ဆက္တက္ဖြယ္ရွိေန
NP News - စက္တင္ဘာ ၁၃
ကမာၻေ႐ႊေဈးသည္ သမိုင္းတေလွ်ာက္ စံခ်ိန္တင္အျမင့္ဆုံးေဈး ျဖင့္ ေဈးကြက္ပိတ္သြားၿပီျဖစ္ရာ ျပည္တြင္းေ႐ႊေဈးမ်ား လိုက္ပါျမင့္တက္ႏိုင္ေၾကာင္း ေ႐ႊေဈးကြက္အတြင္းမွ သိရသည္။
ေ႐ႊတစ္ေအာင္စလွ်င္ (၃၆၄၃)ေဒၚလာျဖင့္ ယခုတစ္ပါတ္အတြက္ ေ႐ႊေဈးကြက္အပိတ္ေဈးျဖစ္ေပၚခဲ့ရာ လာမည့္ စက္တင္ဘာ (၁၅) ရက္ေရာက္မွသာ ေ႐ႊေဈးကြက္ ျပန္လည္ဖြင့္လွစ္မည္ျဖစ္သည္။
“ကမာၻ႔ေ႐ႊေဈးက စံခ်ိန္တင္ဆက္တိုက္ျမင့္တက္ေနတာ ျပည္တြင္းေ႐ႊေဈးက တျဖည္းျဖည္း တက္လာတယ္။ အခုအေခါက္ေ႐ႊတစ္က်ပ္သားကို (၇၉)သိန္းတစ္ေသာင္းဆိုေတာ့ ဆက္တက္ႏိုင္ေခ်ရွိေနတယ္။ ျပည္တြင္းေဒၚလာေဈး က်ေနလို႔သာ အေခါက္ေ႐ႊေဈးက သိသိသာသာ မတက္တာ” ဟု ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။
ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA မွ ေ႐ႊေဈးႏႈန္းသတ္မွတ္ခ်က္မွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၅၉)သိန္းခုႏွစ္ေသာင္းျဖင့္ အေျပာင္းအလဲမရွိေၾကာင္း သိရသည္။
အေမရိကန္ဗဟိုဘဏ္၏အတိုးႏႈန္းေလွ်ာ့ခ်မႈမ်ားေၾကာင့္ ကမာၻေ႐ႊေဈး ဆက္တိုက္ျမင့္တက္လာျခင္းျဖစ္ေၾကာင္း ကမာၻ႔ေ႐ႊေဈးကြက္ကြၽမ္းက်င္သူတစ္ဦးကေျပာသည္။
ေ႐ႊေဈးျမင့္တက္ေနေသာ္လည္း ျပည္တြင္းႏိုင္ငံျခားေငြလဲႏႈန္းေစ်းကြက္၌မူ ေစ်းတည္ၿငိမ္ေနၿပီး တစ္ေဒၚလာ ျပင္ပေပါက္ေစ်းအဝယ္ က်ပ္ ၄,၁၉၀ ႏွင့္ အေရာင္း က်ပ္ ၄,၂၇၅ ဝန္းက်င္ ရွိသည္။
ျပည္တြင္း၌ ေ႐ႊခ်ိန္တြယ္ရာတြင္မူ က်ပ္၊ ပဲ၊ မူး၊ ေ႐ြး ကို အသုံးျပဳၿပီး တက်ပ္သားလွ်င္ ဝ ဒသမ ၅၂၅ ေအာင္စ ရွိကာ (ကမာၻ႔ေ႐ႊေစ်း × တစ္ေဒၚလာေငြလဲႏႈန္း × ၀ ဒသမ ၅၂၅ )ျဖင့္ တြက္ခ်က္ပါက ရရွိသည့္ ပမာဏသည္ အနီးစပ္ဆုံးျပည္တြင္း အေခါက္ေ႐ႊေစ်း ရႏိုင္သည္။