Maoist သူပုန်အဖွဲ့ ထိပ်တန်းတပ်မှူးတစ်ဦးနဲ့ အခြားအဖွဲ့ဝင်(၉)ဦးကို သတ်ပစ်နိုင်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ပြော

217

Pika (NP News) - စက်တင်ဘာ ၁၄
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဟာ Maoistသူပုန်အဖွဲ့နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း Maoist သူပုန်အဖွဲ့ ထိပ်တန်း တပ်မှူးတစ်ဦးနဲ့ အခြားအဖွဲ့ဝင်(၉)ဦးကို သတ်ပစ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
အိန္ဒိယနိုင်ငံမှာ ကာလရှည်ကြာဖြစ်ပွားနေတဲ့ပဋိပက္ခကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေကို အိန္ဒိယစစ်တပ်က အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ ယခုလိုသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ (၁၉၆၇)ခုနှစ်မှာ ဟိမဝန္တာ တောင်ခြေမှာရှိတဲ့ ရွာသားအချို့က ၎င်းတို့ရဲ့မြေရှင်တွေကို ဆန့်ကျင်မှုတွေ လုပ်ဆောင်လာချိန်ကနေစတင်ပြီး ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားခဲ့မှုနဲ့အတူ Maoist သူပုန်အဖွဲ့၊ အိန္ဒိယစစ်သားတွေနဲ့အရပ်သားတွေ (၁၂၀၀၀) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Maoist သူပုန်အဖွဲ့နဲ့ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့ နောက်ဆုံးတိုက်ပွဲဟာ Odisha ပြည်နယ်နဲ့ Chhattisgarh ပြည်နယ်ကြားမှာရှိတဲ့ သစ်တောအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးတန်းအရာရှိ Vivekanand Sinha က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Vivekanand Sinha က “Odisha ပြည်နယ်နဲ့ Chhattisgarh ပြည်နယ်ကြားက သစ်တောထဲမှဖြစ်ပွားခဲ့တဲ့တိုက်ပွဲ တွေအတွင်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဟာ Maoist သူပုန်အဖွဲ့ ထိပ်တန်းတပ်မှူးတစ်ဦးနဲ့ အခြားအဖွဲ့ဝင်(၉)ဦးကို သတ်ပစ်နိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
Maoist သူပုန္အဖြဲ႕ ထိပ္တန္းတပ္မႉးတစ္ဦးနဲ႔ အျခားအဖြဲ႕ဝင္(၉)ဦးကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔ အိႏၵိယရဲတပ္ဖြဲ႕ေျပာ
Pika (NP News) - စက္တင္ဘာ ၁၄
အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ Maoistသူပုန္အဖြဲ႕နဲ႔ျဖစ္ပြားခဲ့တဲ့တိုက္ပြဲအတြင္း Maoist သူပုန္အဖြဲ႕ ထိပ္တန္း တပ္မႉးတစ္ဦးနဲ႔ အျခားအဖြဲ႕ဝင္(၉)ဦးကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔ တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
အိႏၵိယႏိုင္ငံမွာ ကာလရွည္ၾကာျဖစ္ပြားေနတဲ့ပဋိပကၡကို အဆုံးသတ္ဖို႔ ႀကိဳးပမ္းမႈေတြကို အိႏၵိယစစ္တပ္က အရွိန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုသတင္းေတြထြက္ေပၚလာတာျဖစ္ပါတယ္။ (၁၉၆၇)ခုႏွစ္မွာ ဟိမဝႏၲာ ေတာင္ေျခမွာရွိတဲ့ ႐ြာသားအခ်ိဳ႕က ၎တို႔ရဲ႕ေျမရွင္ေတြကို ဆန႔္က်င္မႈေတြ လုပ္ေဆာင္လာခ်ိန္ကေနစတင္ၿပီး ပဋိပကၡေတြ ဆက္တိုက္ျဖစ္ပြားခဲ့မႈနဲ႔အတူ Maoist သူပုန္အဖြဲ႕၊ အိႏၵိယစစ္သားေတြနဲ႔အရပ္သားေတြ (၁၂၀၀၀) ေက်ာ္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
Maoist သူပုန္အဖြဲ႕နဲ႔ အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ေတြၾကားျဖစ္ပြားခဲ့တဲ့ ေနာက္ဆုံးတိုက္ပြဲဟာ Odisha ျပည္နယ္နဲ႔ Chhattisgarh ျပည္နယ္ၾကားမွာရွိတဲ့ သစ္ေတာအတြင္းမွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕အႀကီးတန္းအရာရွိ Vivekanand Sinha က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
Vivekanand Sinha က “Odisha ျပည္နယ္နဲ႔ Chhattisgarh ျပည္နယ္ၾကားက သစ္ေတာထဲမွျဖစ္ပြားခဲ့တဲ့တိုက္ပြဲ ေတြအတြင္း အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ Maoist သူပုန္အဖြဲ႕ ထိပ္တန္းတပ္မႉးတစ္ဦးနဲ႔ အျခားအဖြဲ႕ဝင္(၉)ဦးကို သတ္ပစ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။