ရုရှားသမ္မတပူတင်က ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုနေတယ်လို့ ယူကရိန်းသမ္မတ ဝေဖန်

353

Pika (NP News) - စက်တင်ဘာ ၁၄
ရုရှားသမ္မတပူတင်ဟာ ယူကရိန်းနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်လိုနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေ ရပ်တန့်သွားစေဖို့ အမေရိကန်က ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့်လည်း ပူတင်က ယူကရိန်းတစ်ခုလုံးကို ဆက်လက်သိမ်းပိုက် လိုနေတယ်လို့ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဇီလန်စကီးက “ပူတင်ရဲ့ရည်မှန်းချက်က ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်ဖို့ပဲဖြစ်ပါတယ်။ အခြားသူတွေကို ဘယ်လိုတွေပဲပြောနေပါစေ ပူတင်ရဲ့ ပုဂ္ဂလိက ရည်မှန်းချက်က လုံးဝပြောင်းလဲမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းကြားလုပ်ဆောင်လျက်ရှိတဲ့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားပြီလို့ ရုရှားအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဇီလန်စကီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က “ကျွန်တော်တို့ရဲ့စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေဟာ ချန်နယ်တွေကနေ တစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ရှိပေမယ့်လည်း လက်ရှိနှစ်နိုင်ငံကြား လုပ်ဆောင် လျက်ရှိတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ရပ်ဆိုင်းသွားပါပြီ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္က ယူကရိန္းတစ္ႏိုင္ငံလုံးကို သိမ္းပိုက္လိုေနတယ္လို႔ ယူကရိန္းသမၼတ ေဝဖန္
Pika (NP News) - စက္တင္ဘာ ၁၄
႐ုရွားသမၼတပူတင္ဟာ ယူကရိန္းႏိုင္ငံတစ္ခုလုံးကို သိမ္းပိုက္လိုေနတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြ ရပ္တန႔္သြားေစဖို႔ အေမရိကန္က ႀကိဳးပမ္းမႈေတြ ဆက္လက္လုပ္ေဆာင္ေနေပမယ့္လည္း ပူတင္က ယူကရိန္းတစ္ခုလုံးကို ဆက္လက္သိမ္းပိုက္ လိုေနတယ္လို႔ ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ ဇီလန္စကီးက “ပူတင္ရဲ႕ရည္မွန္းခ်က္က ယူကရိန္းတစ္ႏိုင္ငံလုံးကို သိမ္းပိုက္ဖို႔ပဲျဖစ္ပါတယ္။ အျခားသူေတြကို ဘယ္လိုေတြပဲေျပာေနပါေစ ပူတင္ရဲ႕ ပုဂၢလိက ရည္မွန္းခ်က္က လုံးဝေျပာင္းလဲမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားနဲ႔ယူကရိန္းၾကားလုပ္ေဆာင္လ်က္ရွိတဲ့ ၿငိမ္းခ်မ္းေရးဆိုင္ရာေဆြးေႏြးပြဲေတြ ရပ္ဆိုင္းသြားၿပီလို႔ ႐ုရွားအစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က “ကြၽန္ေတာ္တို႔ရဲ႕ေစ့စပ္ညႇိႏႈိင္းေရးအဖြဲ႕ေတြဟာ ခ်န္နယ္ေတြကေန တစ္ဆင့္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ဖို႔ အဆင္သင့္ရွိေပမယ့္လည္း လက္ရွိႏွစ္ႏိုင္ငံၾကား လုပ္ေဆာင္ လ်က္ရွိတဲ့ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြဟာ ရပ္ဆိုင္းသြားပါၿပီ” လို႔ ေျပာခဲ့ပါတယ္။