နေတိုးနယ်မြေတိုင်းကို ကာကွယ်သွားမယ်လို့ အမေရိကန် ကတိပြု

 349

Pika (NP News) - စက်တင်ဘာ ၁၄

နေတိုးအဖွဲ့ရဲ့ ပိုင်နက်နယ်မြေတိုင်းကို ခုခံကာကွယ်သွားမယ်လို့ အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါ တယ်။ ရုရှားဘက်ကပစ်လွှတ်လိုက်တဲ့ဒရုန်းတွေဟာ ပိုလန်လေပိုင်နက်ထဲကို ဝင်ရောက်သွားခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ ပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး Dorothy Shea က “ဒီလိုကြောက်စရာကောင်းတဲ့ လေကြောင်း ပိုင်နက်ချိုးဖောက်မှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ နေတိုးမိတ်ဖက်နိုင်ငံတွေနဲ့အတူ ရပ်တည်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
ပိုလန်လေပိုင်နက်အတွင်းကို ရုရှားဒရုန်းတွေဝင်ရောက်သွားခဲ့တဲ့ဖြစ်ရပ်ဟာ အမှားအယွင်းတစ်ခုဖြစ်နိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောဆိုခဲ့ပြီးနောက် Dorothy Shea ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်းကတည်းက ရုရှားဟာ ယူကရိန်းအပေါ် ထိုးစစ်ဆင်မှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင် လာခဲ့တယ်လို့လည်း Dorothy Shea က မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။
Dorothy Shea က “ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့မိတ်ဖက်နိုင်ငံရဲ့ဝေဟင်ပိုင်နက်ကို ချိုးဖောက်တာဖြစ်ပြီး ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အမေရိကန်ရဲ့ကြိုးပမ်းမှုတွေကို မလေးမစားလုပ်နေတာမျိုးပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေနတိုးနယ္ေျမတိုင္းကို ကာကြယ္သြားမယ္လို႔ အေမရိကန္ ကတိျပဳ
Pika (NP News) - စက္တင္ဘာ ၁၄
ေနတိုးအဖြဲ႕ရဲ႕ ပိုင္နက္နယ္ေျမတိုင္းကို ခုခံကာကြယ္သြားမယ္လို႔ အေမရိကန္အစိုးရက ထုတ္ေဖာ္ေျပာဆိုလိုက္ပါ တယ္။ ႐ုရွားဘက္ကပစ္လႊတ္လိုက္တဲ့ဒ႐ုန္းေတြဟာ ပိုလန္ေလပိုင္နက္ထဲကို ဝင္ေရာက္သြားခဲ့တဲ့ျဖစ္ရပ္ျဖစ္ပြားခဲ့ ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အေမရိကန္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီး Dorothy Shea က “ဒီလိုေၾကာက္စရာေကာင္းတဲ့ ေလေၾကာင္း ပိုင္နက္ခ်ိဳးေဖာက္မႈေတြကို ရင္ဆိုင္ရာမွာ အေမရိကန္ဟာ ကြၽန္ေတာ္တို႔ရဲ႕ ေနတိုးမိတ္ဖက္ႏိုင္ငံေတြနဲ႔အတူ ရပ္တည္သြားမွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။
ပိုလန္ေလပိုင္နက္အတြင္းကို ႐ုရွားဒ႐ုန္းေတြဝင္ေရာက္သြားခဲ့တဲ့ျဖစ္ရပ္ဟာ အမွားအယြင္းတစ္ခုျဖစ္ႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကေျပာဆိုခဲ့ၿပီးေနာက္ Dorothy Shea ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒါ့ျပင္ ႐ုရွားသမၼတပူတင္ဟာ ေဒၚနယ္ထရမ့္နဲ႔ အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ပိုင္းကတည္းက ႐ုရွားဟာ ယူကရိန္းအေပၚ ထိုးစစ္ဆင္မႈေတြကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ လာခဲ့တယ္လို႔လည္း Dorothy Shea က မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။
Dorothy Shea က “ဒီျဖစ္ရပ္ဟာ အေမရိကန္ရဲ႕မိတ္ဖက္ႏိုင္ငံရဲ႕ေဝဟင္ပိုင္နက္ကို ခ်ိဳးေဖာက္တာျဖစ္ၿပီး ႐ုရွား-ယူကရိန္းပဋိပကၡကို အဆုံးသတ္ႏိုင္ဖို႔ အေမရိကန္ရဲ႕ႀကိဳးပမ္းမႈေတြကို မေလးမစားလုပ္ေနတာမ်ိဳးပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.