သာကေတတွင် ပံ့သကူကောက်နေသော လူအုပ်ကိုတိမ်းရှောင်သည့်ကားဝင်တိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံး

 424

သန့်ဇင်(NP News)-နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ပံ့သကူကောက်သော လူအုပ်ကိုတိမ်းရှောင်သည့်ကားဝင်တိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၅ရက်)၊ ည ၇ နာရီ ခွဲဝန်းကျင်အချိန်ခန့်က သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး၊ (၁၀)တောင်၊ (၁၃)ဂိတ် ဂတ်(စ်)ဆိုင်အရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရှေ့က ကားကပံ့သကူပစ်သွားတာကို လမ်းလယ်ကို နောက်က ကားက ဝင်ကောက်နေတဲ့လူအုပ်ကိုရှောင်ရင်းနဲ့ လမ်းဘေးမှာရပ်ကြည့် နေတဲ့ အမျိုးသမီးကိုဝင်တိုက်မိတာ။ တိုက်တဲ့ကားက Probox ကားလို့ သိရတယ်။ အမျိုးသမီးက ကျွန်တော်တို့ရောက်တော့ သတိမရ တော့ဘူး ။ နှလုံးတော့ ခုန်နေသေးတယ်”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတွင် ဦးခေါင်းဒဏ်ရာများ ရရှိကာ ဆေးရုံသို့ပို့ဆောင်ပြီးနောက် ခဏအကြာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ခေါင်းထိသွားတာ။ ပြီးတော့ နားနဲ့ ပါးစပ်မှာလည်း သွေးတွေထွက်နေတာ။ အဲဒါနဲ့ ဆေးရုံကြီးပို့ပေးခဲ့တာ။ တိုက်တဲ့ကားကတော့ တိုက်မိပြီး မောင်းပြေးသွားတယ်။သိရသလောက်ဆိုရင် ပံ့သကူကောက်ရင်း မတော်တဆဖြစ်တာက ရန်ကုန်မှာတင် (၇)ယောက် (၈)ယောက်လောက်ရှိမယ်။ လူသေဆုံးတာ‌တော့ ဒီတစ်ခု ပေါ့နော်။ အလှူဆိုပေမယ့် အိမ်ရှေ့မှာပဲဖြစ်ဖြစ် ကိုယ်တိုင်သွား ပံ့သကူပစ်တာ အကောင်းဆုံးပါ။ ဒီလိုလုပ်တာလည်းကမကောင်းဘူးလို့လည်း မပြောချင်ပါဘူး”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီးအား ရှင်သန်ရေးလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တဆောင်မုန်းလပြည့်ညနှင့် လပြည့်ကျော် (၁) ရက်၊ ညပိုင်းတို့တွင် ရန်ကုန်အပါအဝင် မြို့ကြီးအချို့၌ ကားလမ်းပေါ်တွင် ပံ့သကူကောက် သူများစွာနှင့် စည်ကားခဲ့သော်လည်း ယာဉ်တိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများလည်း (၁၅) ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
သာေကတတြင္ ပံ့သကူေကာက္ေနေသာ လူအုပ္ကိုတိမ္းေရွာင္သည့္ကားဝင္တိုက္မိ၍ အမ်ိဳးသမီးတစ္ဦး ေသဆုံး
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၆

ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္တြင္ ပံ့သကူေကာက္ေသာ လူအုပ္ကိုတိမ္းေရွာင္သည့္ကားဝင္တိုက္မိ၍ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း ရွင္သန္ေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာ ၅ရက္)၊ ည ၇ နာရီ ခြဲဝန္းက်င္အခ်ိန္ခန႔္က သာေကတၿမိဳ႕နယ္၊ ရႈခင္းသာလမ္းမႀကီး၊ (၁၀)ေတာင္၊ (၁၃)ဂိတ္ ဂတ္(စ္)ဆိုင္အေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရွ႕က ကားကပံ့သကူပစ္သြားတာကို လမ္းလယ္ကို ေနာက္က ကားက ဝင္ေကာက္ေနတဲ့လူအုပ္ကိုေရွာင္ရင္းနဲ႔ လမ္းေဘးမွာရပ္ၾကည့္ ေနတဲ့ အမ်ိဳးသမီးကိုဝင္တိုက္မိတာ။ တိုက္တဲ့ကားက Probox ကားလို႔ သိရတယ္။ အမ်ိဳးသမီးက ကြၽန္ေတာ္တို႔ေရာက္ေတာ့ သတိမရ ေတာ့ဘူး ။ ႏွလုံးေတာ့ ခုန္ေနေသးတယ္”ဟု ရွင္သန္ေရးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အသက္ (၄၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတြင္ ဦးေခါင္းဒဏ္ရာမ်ား ရရွိကာ ေဆး႐ုံသို႔ပို႔ေဆာင္ၿပီးေနာက္ ခဏအၾကာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ေခါင္းထိသြားတာ။ ၿပီးေတာ့ နားနဲ႔ ပါးစပ္မွာလည္း ေသြးေတြထြက္ေနတာ။ အဲဒါနဲ႔ ေဆး႐ုံႀကီးပို႔ေပးခဲ့တာ။ တိုက္တဲ့ကားကေတာ့ တိုက္မိၿပီး ေမာင္းေျပးသြားတယ္။သိရသေလာက္ဆိုရင္ ပံ့သကူေကာက္ရင္း မေတာ္တဆျဖစ္တာက ရန္ကုန္မွာတင္ (၇)ေယာက္ (၈)ေယာက္ေလာက္ရွိမယ္။ လူေသဆုံးတာ‌ေတာ့ ဒီတစ္ခု ေပါ့ေနာ္။ အလႉဆိုေပမယ့္ အိမ္ေရွ႕မွာပဲျဖစ္ျဖစ္ ကိုယ္တိုင္သြား ပံ့သကူပစ္တာ အေကာင္းဆုံးပါ။ ဒီလိုလုပ္တာလည္းကမေကာင္းဘူးလို႔လည္း မေျပာခ်င္ပါဘူး”ဟု ၎ကဆိုသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီးအား ရွင္သန္ေရးလူမႈကူညီေရးအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

တေဆာင္မုန္းလျပည့္ညႏွင့္ လျပည့္ေက်ာ္ (၁) ရက္၊ ညပိုင္းတို႔တြင္ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးအခ်ိဳ႕၌ ကားလမ္းေပၚတြင္ ပံ့သကူေကာက္ သူမ်ားစြာႏွင့္ စည္ကားခဲ့ေသာ္လည္း ယာဥ္တိုက္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရသူမ်ားလည္း (၁၅) ဦးထက္မနည္းရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.