စလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးကို အမည်မသိအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

 294

သက်ပိုင်(NP News) - နိုဝင်ဘာလ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊စလင်းမြို့မှ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် တစ်ဦးကို အမည်မသိ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက NP News သို ့နိုဝင်ဘာလ(၆) ရက်တွင် ပြောသည်။
စလင်းမြို့နယ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးသက်ဝေထွန်းကို ပြီးခဲ့သည့် အောက်တိုဘာလ (၁) ရက်က အမည်မသိအကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။
“အဖမ်းခံရတာက အောက်တိုဘာလ (၁) ရက်ကပါ။အခုအချိန်အထိတော့ ပြန်မလွတ်သေးသလို မိသားစုဝင်တွေနဲ့လည်း အဆက်သွယ်မရသေးဘူးလို့ သိရပါတယ်။ဘယ်အဖွဲ့က ဖမ်းသွားတာလည်း ဆိုတာကိုလည်း စုံစမ်းနေဆဲပါပဲ။သူက မြို့နယ်် ကော်မရှင်အဖွဲ့ခွဲ မှာ အဖွဲ့ဝင်အဖြစ် တာဝန်ယူထားတာပါ ” ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိက ပြောသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေမှုများကို ပြုလုပ်လျက်ရှိကြောင်းနှင့် စုံစမ်းရှာဖွေရေးကိစ္စ အသေးစိတ်ကိုမူ လုံခြုံရေးအရ မိမိတို့အနေဖြင့် မသိရှိနိုင်ကြောင်း ၎င်းကပြောသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့်ကျူးလွန်သူ များအားဖော်ထုတ် အရေးယူခြင်းများဆောင်ရွက်ခဲ့ရာ ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး /ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်ထားသူ (၉၀)ကျော် ရှိပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်လက်များအရ သိရသည်။

Zawgyi Version:
စလင္းၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္တစ္ဦးကို အမည္မသိအၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕၏ဖမ္းဆီး
သက္ပိုင္(NP News) - နိုဝင်ဘာလ ၆
မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္၊စလင္းၿမိဳ႕မွ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ အဖြဲ႕ဝင္ တစ္ဦးကို အမည္မသိ အၾကမ္းဖက္လက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ တာဝန္ရွိသူတစ္ဦးက NP News သို ့ႏိုဝင္ဘာလ(၆) ရက္တြင္ ေျပာသည္။
စလင္းၿမိဳ႕နယ္ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ အဖြဲ႕ဝင္ ဦးသက္ေဝထြန္းကို ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၁) ရက္က အမည္မသိအၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း အဆိုပါတာဝန္ရွိသူကဆိုသည္။
“အဖမ္းခံရတာက ေအာက္တိုဘာလ (၁) ရက္ကပါ။အခုအခ်ိန္အထိေတာ့ ျပန္မလြတ္ေသးသလို မိသားစုဝင္ေတြနဲ႔လည္း အဆက္သြယ္မရေသးဘူးလို႔ သိရပါတယ္။ဘယ္အဖြဲ႕က ဖမ္းသြားတာလည္း ဆိုတာကိုလည္း စုံစမ္းေနဆဲပါပဲ။သူက ၿမိဳ႕နယ္္ ေကာ္မရွင္အဖြဲ႕ခြဲ မွာ အဖြဲ႕ဝင္အျဖစ္ တာဝန္ယူထားတာပါ ” ဟု ခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ တာဝန္ရွိက ေျပာသည္။
လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ စုံစမ္းရွာေဖြမႈမ်ားကို ျပဳလုပ္လ်က္ရွိေၾကာင္းႏွင့္ စုံစမ္းရွာေဖြေရးကိစၥ အေသးစိတ္ကိုမူ လုံၿခဳံေရးအရ မိမိတို႔အေနျဖင့္ မသိရွိႏိုင္ေၾကာင္း ၎ကေျပာသည္။
ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီအေနျဖင့္ ေ႐ြးေကာက္ပြဲ ဆိုင္ရာလုပ္ငန္းစဥ္မ်ားပ်က္ျပားေစရန္ နည္းအမ်ိဳးမ်ိဳးျဖင့္က်ဴးလြန္သူ မ်ားအားေဖာ္ထုတ္ အေရးယူျခင္းမ်ားေဆာင္႐ြက္ခဲ့ရာ ျပည္ေထာင္စု နယ္ေျမႏွင့္ တိုင္းေဒသႀကီး /ျပည္နယ္အသီးသီး၌ “ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒ” အရ အေရးယူေဆာင္႐ြက္ထားသူ (၉၀)ေက်ာ္ ရွိၿပီျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ အခ်က္လက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.