အမေရိကန်နိုင်ငံမှာ ကုန်တင်လေယာဉ်တစ်စီးပျက်ကျပြီး အနည်းဆုံးလူ(၇)ဦးသေဆုံး

 163

Pika(NP News)-နိုဝင်ဘာ ၆
အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ် လူးဝစ်ဗီလီမြို့မှာ ကုန်တင်လေယာဉ်တစ်စင်းဟာ လေဆိပ်ကနေပျံတက်ပြီးနောက် မကြာခင် ပျက်ကျခဲ့ပြီး ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံးလူ(၇)ဦးသေုံးခဲ့တယ်လို့ သိရပါတယ်။ကုန်တင်လေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါလာသူ(၃)ဦးနဲ့ မြေပြင်မှာရှိတဲ့ အခြားလူ(၄)ဦးတို့ သေဆုံးသွားခဲ့တာဖြစ်ပြီး အခြားလူ(၁၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ကုန်တင်လေယာဉ်ပျက်ကျမှုနဲ့အတူ လေဆိပ်နဲ့ကပ်လျက်ရှိတဲ့ စက်မှုလုပ်ငန်းစင်္ကြန်တစ်ခုမှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့တာကြောင့် လေဆိပ်လည်ပတ်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် လူးဝစ်ဗီလီလေဆိပ်ကို မကြာခင်အချိန်အတွင်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ကုန်တင်လေယာဉ်ပျက်ကျပြီး ပေါက်ကွဲခဲ့မှုကြောင့် ပြေးလမ်းနှစ်ခုပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲနေခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ကုန်တင်လေယာဉ်ဘာကြောင့်ပျက်ကျရသလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ဖို့အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ ကုန္တင္ေလယာဥ္တစ္စီးပ်က္က်ၿပီး အနည္းဆုံးလူ(၇)ဦးေသဆုံး
Pika(NP News)-ႏိုဝင္ဘာ ၆
အေမရိကန္ႏိုင္ငံ ကန္တက္ကီျပည္နယ္ လူးဝစ္ဗီလီၿမိဳ႕မွာ ကုန္တင္ေလယာဥ္တစ္စင္းဟာ ေလဆိပ္ကေနပ်ံတက္ၿပီးေနာက္ မၾကာခင္ ပ်က္က်ခဲ့ၿပီး ေပါက္ကြဲခဲ့တာေၾကာင့္ အနည္းဆုံးလူ(၇)ဦးေသုံးခဲ့တယ္လို႔ သိရပါတယ္။ကုန္တင္ေလယာဥ္ပ်က္က်မႈေၾကာင့္ လိုက္ပါလာသူ(၃)ဦးနဲ႔ ေျမျပင္မွာရွိတဲ့ အျခားလူ(၄)ဦးတို႔ ေသဆုံးသြားခဲ့တာျဖစ္ၿပီး အျခားလူ(၁၁)ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ကုန္တင္ေလယာဥ္ပ်က္က်မႈနဲ႔အတူ ေလဆိပ္နဲ႔ကပ္လ်က္ရွိတဲ့ စက္မႈလုပ္ငန္းစၾကၤန္တစ္ခုမွာ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့တာေၾကာင့္ ေလဆိပ္လည္ပတ္မႈေတြကို ခ်က္ခ်င္းရပ္ဆိုင္းဖို႔ အာဏာပိုင္ေတြက အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ လူးဝစ္ဗီလီေလဆိပ္ကို မၾကာခင္အခ်ိန္အတြင္း ျပန္လည္ဖြင့္လွစ္သြားမယ္လို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ကုန္တင္ေလယာဥ္ပ်က္က်ၿပီး ေပါက္ကြဲခဲ့မႈေၾကာင့္ ေျပးလမ္းႏွစ္ခုေပၚမွာ အပ်က္အစီးေတြ ျပန႔္က်ဲေနခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ကုန္တင္ေလယာဥ္ဘာေၾကာင့္ပ်က္က်ရသလဲဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို သိရွိႏိုင္ဖို႔အတြက္ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.