အိန္ဒိယနိုင်ငံမှာ ခရီးသည်တင်ရထားနဲ့ ကုန်တင်ရထားတို့ တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၈)ဦးသေဆုံး

 91

Pika (NP News)-နိုဝင်ဘာ ၆
အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်မှာ ခရီးသည်တင်ရထားတစ်စင်းနဲ့ ကုန်တင်ရထားတစ်စင်းတို့ တိုက်မိခဲ့ရာ အနည်းဆုံးလူ(၈)ဦးသေဆုံးခဲ့ပြီး အခြားလူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။မတော်တဆမှုဖြစ်ပွားချန်မှာ ကုန်စည်ရထားက ရပ်နေခဲ့တာဖြစ်ပြီး ခရီးသည်တင်ရထားက နောက်ကနေဝင်တိုက်မိခဲ့တာကြောင့် ခရီးသည်တင်ရထားတဲ့ပထမတွဲ အနည်းငယ်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုတွေမှာ ခရီးသည်တင်ရထားရဲ့ ပထမတွဲဟာ ကုန်တင်ရထားရဲ့ နောက်ဆုံးတွဲရဲ့ အပေါ်ဘက်ကို ရောက်နေတာတွေ့ခဲ့ရပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေကို ဆွဲထုတ်ဖို့ကြိုးပမ်းနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရထားလမ်းအာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အိန္ဒိယရဲ့ ရထားလမ်းကွန်ရက်ဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အကြီးဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ(၃၀)ဘီလျံတန်ဖိုးရှိ ရထားအသစ်တွေနဲ့ ခေတ်မီဘူတာရုံတွေကို နိုင်ငံတွင်းမှာ ဆက်လက်တည်ဆောက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံမွာ ခရီးသည္တင္ရထားနဲ႔ ကုန္တင္ရထားတို႔ တိုက္မိခဲ့ၿပီး အနည္းဆုံးလူ(၈)ဦးေသဆုံး
Pika (NP News)-ႏိုဝင္ဘာ ၆
အိႏၵိယႏိုင္ငံအလယ္ပိုင္း Chhattisgarh ျပည္နယ္မွာ ခရီးသည္တင္ရထားတစ္စင္းနဲ႔ ကုန္တင္ရထားတစ္စင္းတို႔ တိုက္မိခဲ့ရာ အနည္းဆုံးလူ(၈)ဦးေသဆုံးခဲ့ၿပီး အျခားလူအမ်ားအျပားထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။မေတာ္တဆမႈျဖစ္ပြားခ်န္မွာ ကုန္စည္ရထားက ရပ္ေနခဲ့တာျဖစ္ၿပီး ခရီးသည္တင္ရထားက ေနာက္ကေနဝင္တိုက္မိခဲ့တာေၾကာင့္ ခရီးသည္တင္ရထားတဲ့ပထမတြဲ အနည္းငယ္ထိခိုက္ပ်က္စီးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုေတြမွာ ခရီးသည္တင္ရထားရဲ႕ ပထမတြဲဟာ ကုန္တင္ရထားရဲ႕ ေနာက္ဆုံးတြဲရဲ႕ အေပၚဘက္ကို ေရာက္ေနတာေတြ႕ခဲ့ရၿပီး ကယ္ဆယ္ေရးအဖြဲ႕ေတြက အသက္ရွင္က်န္ရစ္သူေတြကို ဆြဲထုတ္ဖို႔ႀကိဳးပမ္းေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အေသးစိတ္စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ရထားလမ္းအာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အိႏၵိယရဲ႕ ရထားလမ္းကြန္ရက္ဟာ ကမာၻေပၚမွာ စတုတၳေျမာက္အႀကီးဆုံးျဖစ္ၿပီး အေမရိကန္ေဒၚလာ(၃၀)ဘီလ်ံတန္ဖိုးရွိ ရထားအသစ္ေတြနဲ႔ ေခတ္မီဘူတာ႐ုံေတြကို ႏိုင္ငံတြင္းမွာ ဆက္လက္တည္ေဆာက္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.