Game of Thrones မင်းသမီး ဆိုဖီတာနာ နဲ့ Coldplay အဆိုတော် ခရစ်မာတင်တို့ တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်

166
ရောင်နီ (NP News) - နိုဝင်ဘာ ၆
ဗြိတိန်သရုပ်ဆောင်မင်းသမီး ဆိုဖီတာနာ နဲ့ Coldplay အဆိုတော် ခရစ်မာတင်တို့ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းတွေ ထွက်ရှိနေတယ်လို့ အမေရိကန်ဖျော်ဖြေရေးသတင်းဝက်ဘ်ဆိုက် Us Weekly က နိုဝင်ဘာ ၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။
၂၀၁၁ မှ ၂၀၁၉ အထိ လူကြိုက်များခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွဲ Game Of Thrones ထဲမှာ "စန်နာစတာ့ခ်" အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ၂၉ နှစ်အရွယ် သရုပ်ဆောင် ဆိုဖီနဲ့ "Something just like this" "Viva la vida" သီချင်းတွေနဲ့ ကျော်ကြားတဲ့ ဗြိတိန် ရော့ခ်တီးဝိုင်း "Cold Play" ရဲ့ အသက် ၄၈ နှစ်အရွယ် အဆိုတော် မာတင် ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မှာပဲ လျှို့ဝှက်ချိန်းတွေ့မှုအချို့ ပြုလုပ်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သတင်းရင်းမြစ်တွေအရ တာနာ နဲ့ မာတင် ဟာ ဂီတလောကမှာ အပြန်အလှန်သူငယ်ချင်းအဖြစ် သိကျွမ်းခဲ့ကြပြီးပြီးမှ လက်တွဲခဲ့ကြတယ်လို့ ဆိုပါတယ်။
အတွင်းသတင်းတွေအရတော့ တာနာ ဟာ သူတို့ ပထမဆုံးတွေ့ဆုံခင်ကတည်းက မာတင်နဲ့ သူ့ရဲ့ Cold Play အဖွဲ့ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး မာတင် ကို ကြိတ်ကြွေနေခဲ့တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

Zawgyi Verion:
Game of Thrones မင္းသမီး ဆိုဖီတာနာ နဲ႔ Coldplay အဆိုေတာ္ ခရစ္မာတင္တို႔ တြဲေနတယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္ေပၚ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၆
ၿဗိတိန္သ႐ုပ္ေဆာင္မင္းသမီး ဆိုဖီတာနာ နဲ႔ Coldplay အဆိုေတာ္ ခရစ္မာတင္တို႔ ခ်စ္သူေတြျဖစ္ေနၾကၿပီဆိုတဲ့သတင္းေတြ ထြက္ရွိေနတယ္လို႔ အေမရိကန္ေဖ်ာ္ေျဖေရးသတင္းဝက္ဘ္ဆိုက္ Us Weekly က ႏိုဝင္ဘာ ၃ ရက္မွာ ေဖာ္ျပခဲ့ပါတယ္။
၂၀၁၁ မွ ၂၀၁၉ အထိ လူႀကိဳက္မ်ားခဲ့တဲ့ စိတ္ကူးယဥ္ဇာတ္လမ္းတြဲ Game Of Thrones ထဲမွာ "စန္နာစတာ့ခ္" အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ၂၉ ႏွစ္အ႐ြယ္ သ႐ုပ္ေဆာင္ ဆိုဖီနဲ႔ "Something just like this" "Viva la vida" သီခ်င္းေတြနဲ႔ ေက်ာ္ၾကားတဲ့ ၿဗိတိန္ ေရာ့ခ္တီးဝိုင္း "Cold Play" ရဲ႕ အသက္ ၄၈ ႏွစ္အ႐ြယ္ အဆိုေတာ္ မာတင္ ဟာ ၿဗိတိန္ႏိုင္ငံ လန္ဒန္မွာပဲ လွ်ိဳ႕ဝွက္ခ်ိန္းေတြ႕မႈအခ်ိဳ႕ ျပဳလုပ္ခဲ့ၾကတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။
သတင္းရင္းျမစ္ေတြအရ တာနာ နဲ႔ မာတင္ ဟာ ဂီတေလာကမွာ အျပန္အလွန္သူငယ္ခ်င္းအျဖစ္ သိကြၽမ္းခဲ့ၾကၿပီးၿပီးမွ လက္တြဲခဲ့ၾကတယ္လို႔ ဆိုပါတယ္။
အတြင္းသတင္းေတြအရေတာ့ တာနာ ဟာ သူတို႔ ပထမဆုံးေတြ႕ဆုံခင္ကတည္းက မာတင္နဲ႔ သူ႔ရဲ႕ Cold Play အဖြဲ႕ရဲ႕ အမာခံပရိသတ္တစ္ေယာက္ျဖစ္ၿပီး မာတင္ ကို ႀကိတ္ေႂကြေနခဲ့တာျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။