အခြေခံပညာကျောင်းသားအရွယ်များအကြား တက်တူထိုးခြင်းများ ရှိလာနေရာ ထိန်းချုပ်ရန် လိုအပ်နေ

 367

သန့်ဇင် (NP News) - စက်တင်ဘာလ ၁၇
အခြေခံပညာကျောင်းသားအရွယ်များ အကြား တက်တူထိုးခြင်းများရှိလာနေရာ ထိန်း သိမ်းရန်လိုအပ်နေကြောင်း မိဘ၊ ပညာရေး အသိုင်း အဝိုင်းနှင့် Tattoo Artist များက ထောက်ပြပြော ကြားသည်။
Tattoo ရေးဆွဲခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ကန့်သတ်မှုများစွာမရှိသေးသည့်အတွက် လက်ရှိကာလတွင် အသက် (၁၁) နှစ်မှ (၁၆) နှစ် အရွယ်ရှိ အခြေခံပညာကျောင်းသူ၊ ကျောင်းသား အချို့တွင်ပင် တွေ့မြင်နေရကြောင်း သိရသည်။
အခြေခံပညာကျောင်းများသို့ Tattooရေး ဆွဲခြင်း ကူးစက်လာရခြင်းသည် အချိန်အတိုင်းအတာ တစ်ခုအထိကျောင်းနားခဲ့သည့် ကလေးအများစု ကျောင်းပြန်တက်ရာတွင်ပါလာသည့် အမူအကျင့် အများဖြစ်ကြောင်း ကျောင်းဆရာမတစ်ဦးက ဆို သည်။
" Tattoo ထိုးတဲ့ကိစ္စက အခုက ဆိုရှယ် မီဒီယာမှာလည်းတွေ့ရတယ်။ အခုကဘာဖြစ်လဲ ဆိုတော့ ကျောင်းရပ်ထားတဲ့ကလေးတွေက အပြင် ရောက်သွားတဲ့အခါကျတော့ ဒီ Tattoo ထိုးတာက အရင်ကလိုပွဲဈေးမှာထိုးတာမျိုးမဟုတ်တော့ဘူး။ ကလေးတွေကျောင်းသားတွေ ဖြစ်တဲ့ (၉)တန်း၊ (၁၀) တန်း၊ (၁၁) တန်း၊ (၁၂)တန်းတွေပေါ့။ သူတို့တွေက အသက်တွေကတော့ကြီးတယ်။ လူကောင်တွေလည်း ထွားလာတော့ စိတ်တွေက ကလေးစိတ်မဟုတ် တော့ဘူး။ အဲဒီတော့ အဲဒီကျောင်းသားတော်တော် များများမှာTattoo တွေရှိတယ်။ နောက်ထပ် တစ်ခုက ဒီ Tattoo တွေက ထောက်ဆူးတွေနဲ့ ထိုး တာရှိတယ်။ Powerbank နဲ့ချိတ်ပြီး Tattoo ထိုးရ တာတဲ့စက်တွေလည်းရှိလာတယ်" ဟု ကျောင်းဆ ရာမတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ အချို့ Tattoo ရေးဆွဲခြင်းသည် မြို့ပြများရှိကျောင်း များတွင်သာမက ကျေးရွာရှိကျောင်းများသို့ပင် ကူးစက်လာနေပြီဖြစ်ကြောင်း ကျောင်းသား မိဘတစ် ဦးက ဆိုသည်။
" အဲဒီ Tattoo ထိုးတဲ့စက်တွေကို ကျွန်တော်လည်း သင်္ဃန်းကျွန်းက ကျောင်းတစ် ကျောင်းမှာတွေ့ခဲ့တယ်။ အခုဆိုရင် ရွာကျောင်းတွေပါ ရောက်နေတာလို့သိရတယ်။ အဲဒီလိုတွေဖြစ်နေတာ တော့ တော်တော်ဆိုးတယ်" ဟု ၎င်းကပြောသည်။
ကျောင်းပညာနှင့်သက်ဆိုင်သူကလေး ငယ်များကို Tattoo ရေးဆွဲခြင်းနှင့် Tattoo ဆရာများကိုယ်တိုင် အသက်မပြည့်သေးသူများကို ရေးဆွဲပေးခြင်းများ မပြုလုပ်ပေးသင့်ကြောင်း Tattoo Artistတစ်ဦးက ဆိုသည်။
" ဖြစ်နိုင်ရင်တော့မရေးစေချင်ဘူး။ ကျောင်းပညာရေးဖြစ်နေတဲ့အတွက် ကလေးတွေ လည်း အတုယူမှားတာပေါ့နော်။ တချို့ Tattoo သမားတွေကလည်း ကလေးတွေကို မရေးပေး သင့်ဘူး။ (၁၈) နှစ်မပြည့်သေးတဲ့ကလေးတွေကို လည်းမရေးပေးသင့်ဘူး။ အခုက Powerbank နဲ့ ချိန်ပြီး ဖြုတ်ပြီးတပ်ပြီး ရေးလို့ရတာတွေလည်းရှိတယ်။ သူကတော့ Powerbank သီးသန့်လာတာပေါ့နော်။ အခုနောက်ပိုင်းက စက်ဈေးကလည်း နည်း နည်းပေါလာတယ်။ တရုတ်ဘက်ကဝင်တဲ့ဟာတွေ များလာတာပေါ့နော်။ နောက်ပြီးတော့ Tattoo ထိုးရင် အကုန်လုံးက တစ်ခါသုံးတွေနဲ့လုပ်ရတာ။ အပ်တို့ လက်အိတ်တို့ အကုန်လုံးပဲ။ အခုက ကျောင်းသားတွေက တစ်ယောက် တစ်ယောက်ထိုး နေရင်တော့ ကူးစက်ရောဂါတွေကူးလာနိုင်တယ်"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ Tattoo ထိုးခြင်းမှ ကူးစက်ရောဂါများနှင့် အခြားသော မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပွားလာနိုင်သည့် အတွက် ထိထိရောက်ရောက်အရေးယူရန် လိုအပ် ကြောင်းလည်း အထက်ပါပညာရေးဝန်ထမ်းက ဆိုသည်။
" အခုက ကျောင်းသားအားလုံးရဲ့ တစ်ဝက်လောက်မှာTattoo ကရှိနေတာ။ ဘာလို့ လဲဆိုတော့ အသက်တွေကြီးမယ်။ (၁၇)၊ (၁၈)နှစ် တွေရှိမယ် နိုင်ငံပေါ်လစီအရ သူတို့က ဟိုသွား လို့မရဒီသွားလို့မရနဲ့ ကျောင်းပြန်ဝင်တယ်။ အပြင်ကလူတွေက ကျောင်းသားတွေပြန်လုပ်တဲ့အခါကျတော့ အပြင်စိတ်လည်းပါတယ်။ အဲဒါကြောင့် ကျောင်းတွေက Tattoo ပြဿနာကိုလည်း ထိန်းချုပ်ဖို့လိုတယ်။ ဆရာ၊ ဆရာမတွေတင်မဟုတ် ဘူး မိဘတွေကလည်း ပြောဖို့လိုတယ်" ဟု ၎င်းက ဆိုသည်။

Zawgyi Version:
အေျခခံပညာေက်ာင္းသားအ႐ြယ္မ်ားအၾကား တက္တူထိုးျခင္းမ်ား ရွိလာေနရာ ထိန္းခ်ဳပ္ရန္ လိုအပ္ေန
သန႔္ဇင္ (NP News) - စက္တင္ဘာလ ၁၇
အေျခခံပညာေက်ာင္းသားအ႐ြယ္မ်ား အၾကား တက္တူထိုးျခင္းမ်ားရွိလာေနရာ ထိန္း သိမ္းရန္လိုအပ္ေနေၾကာင္း မိဘ၊ ပညာေရး အသိုင္း အဝိုင္းႏွင့္ Tattoo Artist မ်ားက ေထာက္ျပေျပာ ၾကားသည္။
Tattoo ေရးဆြဲျခင္းႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံတြင္ ကန႔္သတ္မႈမ်ားစြာမရွိေသးသည့္အတြက္ လက္ရွိကာလတြင္ အသက္ (၁၁) ႏွစ္မွ (၁၆) ႏွစ္ အ႐ြယ္ရွိ အေျခခံပညာေက်ာင္းသူ၊ ေက်ာင္းသား အခ်ိဳ႕တြင္ပင္ ေတြ႕ျမင္ေနရေၾကာင္း သိရသည္။
အေျခခံပညာေက်ာင္းမ်ားသို႔ Tattooေရး ဆြဲျခင္း ကူးစက္လာရျခင္းသည္ အခ်ိန္အတိုင္းအတာ တစ္ခုအထိေက်ာင္းနားခဲ့သည့္ ကေလးအမ်ားစု ေက်ာင္းျပန္တက္ရာတြင္ပါလာသည့္ အမူအက်င့္ အမ်ားျဖစ္ေၾကာင္း ေက်ာင္းဆရာမတစ္ဦးက ဆို သည္။
" Tattoo ထိုးတဲ့ကိစၥက အခုက ဆိုရွယ္ မီဒီယာမွာလည္းေတြ႕ရတယ္။ အခုကဘာျဖစ္လဲ ဆိုေတာ့ ေက်ာင္းရပ္ထားတဲ့ကေလးေတြက အျပင္ ေရာက္သြားတဲ့အခါက်ေတာ့ ဒီ Tattoo ထိုးတာက အရင္ကလိုပြဲေဈးမွာထိုးတာမ်ိဳးမဟုတ္ေတာ့ဘူး။ ကေလးေတြေက်ာင္းသားေတြ ျဖစ္တဲ့ (၉)တန္း၊ (၁၀) တန္း၊ (၁၁) တန္း၊ (၁၂)တန္းေတြေပါ့။ သူတို႔ေတြက အသက္ေတြကေတာ့ႀကီးတယ္။ လူေကာင္ေတြလည္း ထြားလာေတာ့ စိတ္ေတြက ကေလးစိတ္မဟုတ္ ေတာ့ဘူး။ အဲဒီေတာ့ အဲဒီေက်ာင္းသားေတာ္ေတာ္ မ်ားမ်ားမွာTattoo ေတြရွိတယ္။ ေနာက္ထပ္ တစ္ခုက ဒီ Tattoo ေတြက ေထာက္ဆူးေတြနဲ႔ ထိုး တာရွိတယ္။ Powerbank နဲ႔ခ်ိတ္ၿပီး Tattoo ထိုးရ တာတဲ့စက္ေတြလည္းရွိလာတယ္" ဟု ေက်ာင္းဆ ရာမတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ေက်ာင္းသား၊ ေက်ာင္းသူ အခ်ိဳ႕ Tattoo ေရးဆြဲျခင္းသည္ ၿမိဳ႕ျပမ်ားရွိေက်ာင္း မ်ားတြင္သာမက ေက်း႐ြာရွိေက်ာင္းမ်ားသို႔ပင္ ကူးစက္လာေနၿပီျဖစ္ေၾကာင္း ေက်ာင္းသား မိဘတစ္ ဦးက ဆိုသည္။
" အဲဒီ Tattoo ထိုးတဲ့စက္ေတြကို ကြၽန္ေတာ္လည္း သဃၤန္းကြၽန္းက ေက်ာင္းတစ္ ေက်ာင္းမွာေတြ႕ခဲ့တယ္။ အခုဆိုရင္ ႐ြာေက်ာင္းေတြပါ ေရာက္ေနတာလို႔သိရတယ္။ အဲဒီလိုေတြျဖစ္ေနတာ ေတာ့ ေတာ္ေတာ္ဆိုးတယ္" ဟု ၎ကေျပာသည္။
ေက်ာင္းပညာႏွင့္သက္ဆိုင္သူကေလး ငယ္မ်ားကို Tattoo ေရးဆြဲျခင္းႏွင့္ Tattoo ဆရာမ်ားကိုယ္တိုင္ အသက္မျပည့္ေသးသူမ်ားကို ေရးဆြဲေပးျခင္းမ်ား မျပဳလုပ္ေပးသင့္ေၾကာင္း Tattoo Artistတစ္ဦးက ဆိုသည္။
" ျဖစ္ႏိုင္ရင္ေတာ့မေရးေစခ်င္ဘူး။ ေက်ာင္းပညာေရးျဖစ္ေနတဲ့အတြက္ ကေလးေတြ လည္း အတုယူမွားတာေပါ့ေနာ္။ တခ်ိဳ႕ Tattoo သမားေတြကလည္း ကေလးေတြကို မေရးေပး သင့္ဘူး။ (၁၈) ႏွစ္မျပည့္ေသးတဲ့ကေလးေတြကို လည္းမေရးေပးသင့္ဘူး။ အခုက Powerbank နဲ႔ ခ်ိန္ၿပီး ျဖဳတ္ၿပီးတပ္ၿပီး ေရးလို႔ရတာေတြလည္းရွိတယ္။ သူကေတာ့ Powerbank သီးသန႔္လာတာေပါ့ေနာ္။ အခုေနာက္ပိုင္းက စက္ေဈးကလည္း နည္း နည္းေပါလာတယ္။ တ႐ုတ္ဘက္ကဝင္တဲ့ဟာေတြ မ်ားလာတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ Tattoo ထိုးရင္ အကုန္လုံးက တစ္ခါသုံးေတြနဲ႔လုပ္ရတာ။ အပ္တို႔ လက္အိတ္တို႔ အကုန္လုံးပဲ။ အခုက ေက်ာင္းသားေတြက တစ္ေယာက္ တစ္ေယာက္ထိုး ေနရင္ေတာ့ ကူးစက္ေရာဂါေတြကူးလာႏိုင္တယ္"ဟု ၎က ေျပာသည္။
ထို႔ေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား Tattoo ထိုးျခင္းမွ ကူးစက္ေရာဂါမ်ားႏွင့္ အျခားေသာ မလိုလားအပ္သည့္ျပႆနာမ်ား ျဖစ္ပြားလာႏိုင္သည့္ အတြက္ ထိထိေရာက္ေရာက္အေရးယူရန္ လိုအပ္ ေၾကာင္းလည္း အထက္ပါပညာေရးဝန္ထမ္းက ဆိုသည္။
" အခုက ေက်ာင္းသားအားလုံးရဲ႕ တစ္ဝက္ေလာက္မွာTattoo ကရွိေနတာ။ ဘာလို႔ လဲဆိုေတာ့ အသက္ေတြႀကီးမယ္။ (၁၇)၊ (၁၈)ႏွစ္ ေတြရွိမယ္ ႏိုင္ငံေပၚလစီအရ သူတို႔က ဟိုသြား လို႔မရဒီသြားလို႔မရနဲ႔ ေက်ာင္းျပန္ဝင္တယ္။ အျပင္ကလူေတြက ေက်ာင္းသားေတြျပန္လုပ္တဲ့အခါက်ေတာ့ အျပင္စိတ္လည္းပါတယ္။ အဲဒါေၾကာင့္ ေက်ာင္းေတြက Tattoo ျပႆနာကိုလည္း ထိန္းခ်ဳပ္ဖို႔လိုတယ္။ ဆရာ၊ ဆရာမေတြတင္မဟုတ္ ဘူး မိဘေတြကလည္း ေျပာဖို႔လိုတယ္" ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.