နောင်ချိုတွင် (၁)နှစ်နီးပါး ပိတ်ထားခဲ့ရသော အခြေခံပညာကျောင်းများအနက် (၇၅)ကျောင်း ပြန်ဖွင့်နိုင်ခဲ့ကာ ကျောင်းသား/သူ (၉၂၀၀)ကျော် ကျောင်းပြန်တက်နေ

 153

သန့်ဇင် (NP News) - ဩဂုတ် ၂ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် (၁)နှစ်နီးပါး ပိတ်ထားခဲ့ရသော အခြေခံပညာကျောင်းများအနက် (၇၅)ကျောင်း ပြန်ဖွင့်နိုင်ခဲ့ကာ ကျောင်းသား/သူ (၉၂၀၀)ကျော် ကျောင်းပြန်တက်နေပြီဖြစ်ကြောင်း သိရသည်။
TNLA တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၇၅ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) တွင် ကျောင်းသား၊ ကျောင်းသူ (၂၄၄) ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၉၂၁၇) ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ ဩဂုတ်လ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဩဂုတ်လ ၁၉ ရက်တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ (၃၈) ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူ (၃၃) ဦးအား သွေးအမျိုး အစားစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အတွင်းလူနာအဖြစ် ဒေသခံတိုင်းရင်းသားပြည်သူ ၃၅ ဦး တက်ရောက် ဆေးကုသမှုခံယူလျက်ရှိရာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေနာင္ခ်ိဳတြင္ (၁)ႏွစ္နီးပါး ပိတ္ထားခဲ့ရေသာ အေျခခံပညာေက်ာင္းမ်ားအနက္ (၇၅)ေက်ာင္း ျပန္ဖြင့္ႏိုင္ခဲ့ကာ ေက်ာင္းသား/သူ (၉၂၀၀)ေက်ာ္ ေက်ာင္းျပန္တက္ေန
သန႔္ဇင္ (NP News) - ဩဂုတ္ ၂ဝ
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ (၁)ႏွစ္နီးပါး ပိတ္ထားခဲ့ရေသာ အေျခခံပညာေက်ာင္းမ်ားအနက္ (၇၅)ေက်ာင္း ျပန္ဖြင့္ႏိုင္ခဲ့ကာ ေက်ာင္းသား/သူ (၉၂၀၀)ေက်ာ္ ေက်ာင္းျပန္တက္ေနၿပီျဖစ္ေၾကာင္း သိရသည္။
TNLA တို႔၏ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ တစ္ႏွစ္နီးပါးပိတ္ထားခဲ့ရသည့္ အေျခခံပညာေက်ာင္းမ်ားအား ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၂၅ ရက္မွစ၍ ျပန္လည္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း အေျခခံပညာေက်ာင္းေပါင္း ၇၅ ေက်ာင္းဖြင့္လွစ္ႏိုင္ခဲ့ၿပီး ယမန္ေန႔ (ဩဂုတ္လ ၁၉ ရက္) တြင္ ေက်ာင္းသား၊ ေက်ာင္းသူ (၂၄၄) ဦး ထပ္မံ၍ ေက်ာင္းအပ္ႏွံသျဖင့္ စုစုေပါင္း ေက်ာင္းသား၊ ေက်ာင္းသူ (၉၂၁၇) ဦး တက္ေရာက္ ပညာသင္ၾကားလ်က္ရွိေၾကာင္း သိရသည္။
ထို႔အျပင္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္အတြက္ ေနာင္ခ်ိဳၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးအား ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ကာ ဩဂုတ္လ ၂ ရက္တြင္ ျပန္လည္ဖြင့္လွစ္ေပးခဲ့ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေနာက္ ဩဂုတ္လ ၁၉ ရက္တြင္ ျပည္သူ႔ေဆး႐ုံႀကီး၌ ျပင္ပလူနာ (၃၈) ဦးတို႔ကို ငွက္ဖ်ားေရာဂါ၊ တုပ္ေကြးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးျခင္း၊ ေဒသခံတိုင္းရင္းသားျပည္သူ (၃၃) ဦးအား ေသြးအမ်ိဳး အစားစစ္ေဆးေပးျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး အတြင္းလူနာအျဖစ္ ေဒသခံတိုင္းရင္းသားျပည္သူ ၃၅ ဦး တက္ေရာက္ ေဆးကုသမႈခံယူလ်က္ရွိရာ လိုအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.