လှိုင်သာယာတွင် တစညပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ကားတိုက်ခံရ

1385

Pearl (NP News) - နိုဝင်ဘာ ၃
လှိုင်သာယာတွင် မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး ကားတိုက်ခံခဲ့ရကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၂ရက်)၊ နေ့လည် (၁၂) နာရီခန့်ကရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၉)ရပ်ကွက်၊ ကျန်စစ်သား လမ်းမပေါ်တွင်ကိုယ်စားလှယ်လောင်း ဦးဇော်ထက်နှင့် ၎င်း၏ မိသားစုဝင် (၂) ဦးလိုက်ပါလာသည့် ဘေးတွဲဆိုင်ကယ်ကို ရွေးလင်ဗန်းဘက်မှ မောင်းနှင်လာသည့် ကားတစ်စီးမှ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဦးဇော်ထက်နဲ့ သူ့အဒေါ် ရယ် သူ့သမီးရယ် (၃) ယောက်။ သူ့အဒေါ်လည်း နည်းနည်းထိခိုက်တယ်။ သူလည်း နည်းနည်းထိခိုက်တယ်လို့ကြားတယ်။ အမှုဖွင့်ထားတယ်လို့လည်း ပြောတယ်" ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ဖြစ်စဉ်ကြောင့် ဦးဇော်ထက် နှင့် ၎င်း၏ မိသားစုဝင် (၂)ဦးတွင် ထိခိုက်ဒဏ်ရာ အနည်းငယ်စီရရှိခဲ့ပြီး ကျူးလွန်သူအား ဥပဒေနှင့် အညီအမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ကားတိုက်ခံရသည့် ဦးဇော်ထက်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဝင်ရောက်အရွေးခံမည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လႈိင္သာယာတြင္ တစညပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦး ကားတိုက္ခံရ
Pearl (NP News) - ႏိုဝင္ဘာ ၃
လႈိင္သာယာတြင္ မၾကာခင္က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တစ္ဦး ကားတိုက္ခံခဲ့ရေၾကာင္း တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာ ၂ရက္)၊ ေန႔လည္ (၁၂) နာရီခန႔္ကရန္ကုန္တိုင္းေဒသႀကီး၊လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ (၁၉)ရပ္ကြက္၊ က်န္စစ္သား လမ္းမေပၚတြင္ကိုယ္စားလွယ္ေလာင္း ဦးေဇာ္ထက္ႏွင့္ ၎၏ မိသားစုဝင္ (၂) ဦးလိုက္ပါလာသည့္ ေဘးတြဲဆိုင္ကယ္ကို ေ႐ြးလင္ဗန္းဘက္မွ ေမာင္းႏွင္လာသည့္ ကားတစ္စီးမွ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ဦးေဇာ္ထက္နဲ႔ သူ႔အေဒၚ ရယ္ သူ႔သမီးရယ္ (၃) ေယာက္။ သူ႔အေဒၚလည္း နည္းနည္းထိခိုက္တယ္။ သူလည္း နည္းနည္းထိခိုက္တယ္လို႔ၾကားတယ္။ အမႈဖြင့္ထားတယ္လို႔လည္း ေျပာတယ္" ဟု တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ဦးေဇာ္ထက္ ႏွင့္ ၎၏ မိသားစုဝင္ (၂)ဦးတြင္ ထိခိုက္ဒဏ္ရာ အနည္းငယ္စီရရွိခဲ့ၿပီး က်ဴးလြန္သူအား ဥပေဒႏွင့္ အညီအမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။
ကားတိုက္ခံရသည့္ ဦးေဇာ္ထက္သည္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီမွ ဝင္ေရာက္အေ႐ြးခံမည့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း(PR) ျဖစ္ေၾကာင္း သိရသည္။