မြိတ်ဒေသတွင် ကော်ဖီနှင့် ကိုကိုးကဲ့သို့သောသီးနှံများပါ တိုးချဲ့စိုက်ပျိုးနိုင်ရေးကူညီအားပေးကြရန် ပြည်ထောင်စုဝန်ကြီး မှာကြား

 144

သက်ပိုင် (NP News) - စက်တင်ဘာ ၂ဝ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသတွင် ဆီအုန်း၊ ရော်ဘာ၊ သီဟိုဠ်သရက်အပြင် ကော်ဖီနှင့် ကိုကိုးကဲ့သို့သော သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကူညီအားပေးကြရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ဒေသဝမ်းစာဖူလုံရေး၊ စက်မှုကုန်ကြမ်းသီးနှံများ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးရန်အတွက် စက်တင်ဘာလ (၁၉) ရက်က မြိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးခရိုင် နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ခရိုင်အလိုက် မြို့နယ်အလိုက် မိမိဒေသ၏ ဆန်စပါးထုတ်လုပ်မှုဖြင့် ဝမ်းစာဖူလုံရေးအတွက် မျိုးရွေးချယ်မှုနှင့် စိုက်နည်းစနစ်များ ပြောင်းလဲဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော ဝင်ငွေရသီးနှံများ စီးပွားဖြစ်စိုက်ပျိုး၊ ထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်သွားရန်လိုအပ်ကြောင်း၊ မြိတ်ဒေသအနေဖြင့် ဆီအုန်း၊ ရော်ဘာ၊ သီဟိုဠ်သရက်အပြင် ကော်ဖီနှင့် ကိုကိုးကဲ့သို့သောသီးနှံများ တိုးချဲ့ စိုက်ပျိုးနိုင်ရေး ကူညီအားပေးကြရန်လိုကြောင်း နှင့် ဆီအုန်း၊ ရော်ဘာပင်အိုများ အစားထိုးစိုက်ပျိုးနိုင်ရန် လိုအပ်သော မျိုးကောင်းမျိုးသန့်များကို မိမိတို့ခြံများမှ ကြိုတင်ပျိုးထောင်ထားရန်လိုအပ်သည်ဟု ပြည်ထောင်စု ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ငါးပုစွန်ကဏ္ဍအနေဖြင့် ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးထိန်းသိမ်းကြပ်မတ်ခြင်းအပြင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော ငါးပုစွန်မွေးမြူထုတ်လုပ်ခြင်းကို မြှင့်တင်ဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့သော လုပ်ငန်းအဖြစ် စီးပွားဖြစ်ဆောင်ရွက်နိုင်ကြမည်ဖြစ်၍ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ကြောင်း သိရသည်။

Zawgyi Version:
ၿမိတ္ေဒသတြင္ ေကာ္ဖီႏွင့္ ကိုကိုးကဲ့သို႔ေသာသီးႏွံမ်ားပါ တိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္ေရးကူညီအားေပးၾကရန္ ျပည္ေထာင္စုဝန္ႀကီး မွာၾကား
သက္ပိုင္ (NP News) - စက္တင္ဘာ ၂ဝ
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ေဒသတြင္ ဆီအုန္း၊ ေရာ္ဘာ၊ သီဟိုဠ္သရက္အျပင္ ေကာ္ဖီႏွင့္ ကိုကိုးကဲ့သို႔ေသာ သီးႏွံမ်ား တိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္ေရး ကူညီအားေပးၾကရန္လိုေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
တနသၤာရီတိုင္းေဒသႀကီး၏ ေဒသဝမ္းစာဖူလုံေရး၊ စက္မႈကုန္ၾကမ္းသီးႏွံမ်ား တိုးခ်ဲ႕ စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေရးႏွင့္ ေရလုပ္ငန္းက႑ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား စီမံေဆာင္႐ြက္ေပးရန္အတြက္ စက္တင္ဘာလ (၁၉) ရက္က ၿမိတ္ခ႐ိုင္၊ စိုက္ပ်ိဳးေရးဦးစီးဌာနမႉး႐ုံးအစည္းအေဝးခန္းမ၌ တိုင္းေဒသႀကီးခ႐ိုင္ ႏွင့္ ၿမိဳ႕နယ္အဆင့္ လယ္ယာက႑ဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံပြဲတြင္ ယခုကဲ့သို႔ ေျပာဆိုလိုက္ျခင္းျဖစ္သည္။
ခ႐ိုင္အလိုက္ ၿမိဳ႕နယ္အလိုက္ မိမိေဒသ၏ ဆန္စပါးထုတ္လုပ္မႈျဖင့္ ဝမ္းစာဖူလုံေရးအတြက္ မ်ိဳးေ႐ြးခ်ယ္မႈႏွင့္ စိုက္နည္းစနစ္မ်ား ေျပာင္းလဲေဆာင္႐ြက္ၾကရန္ျဖစ္ေၾကာင္း၊ အျခားတစ္ဖက္တြင္လည္း ေဒသေရေျမရာသီဥတုႏွင့္ ကိုက္ညီေသာ ဝင္ေငြရသီးႏွံမ်ား စီးပြားျဖစ္စိုက္ပ်ိဳး၊ ထုတ္လုပ္ျခင္းကို အားေပးျမႇင့္တင္သြားရန္လိုအပ္ေၾကာင္း၊ ၿမိတ္ေဒသအေနျဖင့္ ဆီအုန္း၊ ေရာ္ဘာ၊ သီဟိုဠ္သရက္အျပင္ ေကာ္ဖီႏွင့္ ကိုကိုးကဲ့သို႔ေသာသီးႏွံမ်ား တိုးခ်ဲ႕ စိုက္ပ်ိဳးႏိုင္ေရး ကူညီအားေပးၾကရန္လိုေၾကာင္း ႏွင့္ ဆီအုန္း၊ ေရာ္ဘာပင္အိုမ်ား အစားထိုးစိုက္ပ်ိဳးႏိုင္ရန္ လိုအပ္ေသာ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားကို မိမိတို႔ၿခံမ်ားမွ ႀကိဳတင္ပ်ိဳးေထာင္ထားရန္လိုအပ္သည္ဟု ျပည္ေထာင္စု ဝန္ႀကီးက မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ငါးပုစြန္က႑အေနျဖင့္ ကမ္းနီးကမ္းေဝးငါးဖမ္းလုပ္ငန္းမ်ားကို ထုတ္ျပန္ထားသည့္ စည္းမ်ဥ္းစည္းကမ္း လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္ႏိုင္ေရးထိန္းသိမ္းၾကပ္မတ္ျခင္းအျပင္ သဘာဝပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြမႈရွိေသာ ငါးပုစြန္ေမြးျမဴထုတ္လုပ္ျခင္းကို ျမႇင့္တင္ေဆာင္႐ြက္ႏိုင္မွသာ ေရရွည္တည္တံ့ေသာ လုပ္ငန္းအျဖစ္ စီးပြားျဖစ္ေဆာင္႐ြက္ႏိုင္ၾကမည္ျဖစ္၍ သက္ဆိုင္ရာဌာနမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ပုဂၢလိကတို႔ ဟန္ခ်က္ညီပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္ေၾကာင္းကိုလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာဆိုခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.