မဟာဗျူဟာမြောက် ကာကွယ်ရေးသဘောတူညီချက်ကို ပါကစ္စတန်နှင့် ဆော်ဒီအာရေးဗျတို့လက်မှတ်ရေးထိုး

194

Pika (NP News) - စက်တင်ဘာ ၂ဝ
ပါကစ္စတန်နိုင်ငံနှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့သည် ပူးတွဲမဟာဗျူဟာမြောက်ကာကွယ်ရေးသ ဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ဆော်ဒီအာရေးဗျနိုင်ငံ ရီယာ့ဒ်မြို့သို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ရှရစ်ဖ် သွားရောက်လည်ပတ်စဉ်အချိန်အတွင်း အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ရှီဘတ်ရှရစ်ဖ်သည် ဆော်ဒီအာရေးဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လ်မန်နှင့်တွေ့ဆုံခဲ့ပြီး မဟာဗျူဟာ မြောက် အပြန်အလှန်ကာကွယ် ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ပါကစ္စတန်နှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့ကြား နက်ရှိုင်းသောဆက်ဆံရေးများကို ရှီဘတ်ရှရစ်ဖ်နှင့် မိုဟာမက်ဘင်ဆောလ် မန်တို့က ထပ်မံအတည်ပြုခဲ့ကြကြောင်းလည်းသိရသည်။
အဆိုပါသဘောတူညီချက်အရ နိုင်ငံတစ်နိုင်ငံအပေါ် ရန်လိုမှုမှန်သမျှကို ပါကစ္စတန် နှင့် ဆော်ဒီအာရေးဗျ နှစ်နိုင်ငံစလုံးအပေါ် ရန်လိုမှုအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်ချက်တွင် ‘နှစ်နိုင်ငံစလုံးရဲ့ လုံခြုံရေးတိုးမြှင့်ဖို့နဲ့ ဒေသတွင်းနဲ့ ကမ္ဘာပေါ်မှာ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးရရှိဖို့ တူညီတဲ့ကတိကဝတ်ကို ရောင်ပြန်ဟပ်တဲ့ ဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရန် လိုမှုမှန်သမျှကို ပူးတွဲဟန့်တားမှုတွေ အားကောင်းစေ ဖို့ရည်ရွယ်ထားတာပဲဖြစ်ပါတယ်’ ဟု ရေးသားဖော်ပြထားသည်။ ဆော်ဒီအာရေးဗျနှင့် ပါကစ္စတန်နိုင်ငံတို့၏ နှစ်နိုင်ငံကြား ရင်းနှီးသောမိတ်ဖက်ဆက်ဆံရေးမှာ နှစ်ပေါင်း(၈၀)နီးပါး ကြာရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
မဟာဗ်ဴဟာေျမာက္ ကာကြယ္ေရးသေဘာတူညီခ်က္ကို ပါကစၥတန္ႏွင့္ ေဆာ္ဒီအာေရးဗ်တို႔ လက္မွတ္ေရးထိုး
Pika (NP News) - စက္တင္ဘာ ၂ဝ
ပါကစၥတန္ႏိုင္ငံႏွင့္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံတို႔သည္ ပူးတြဲမဟာဗ်ဴဟာေျမာက္ကာကြယ္ေရးသ ေဘာတူညီခ်က္ တစ္ခုကို လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သိရသည္။ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ ရီယာ့ဒ္ၿမိဳ႕သို႔ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ ရွီဘတ္ရွရစ္ဖ္ သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း အဆိုပါသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ရွီဘတ္ရွရစ္ဖ္သည္ ေဆာ္ဒီအာေရးဗ် အိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ေဆာ္လ္မန္ႏွင့္ေတြ႕ဆုံခဲ့ၿပီး မဟာဗ်ဴဟာ ေျမာက္ အျပန္အလွန္ကာကြယ္ ေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ပါကစၥတန္ႏွင့္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံတို႔ၾကား နက္ရႈိင္းေသာဆက္ဆံေရးမ်ားကို ရွီဘတ္ရွရစ္ဖ္ႏွင့္ မိုဟာမက္ဘင္ေဆာလ္ မန္တို႔က ထပ္မံအတည္ျပဳခဲ့ၾကေၾကာင္းလည္းသိရသည္။
အဆိုပါသေဘာတူညီခ်က္အရ ႏိုင္ငံတစ္ႏိုင္ငံအေပၚ ရန္လိုမႈမွန္သမွ်ကို ပါကစၥတန္ ႏွင့္ ေဆာ္ဒီအာေရးဗ် ႏွစ္ႏိုင္ငံစလုံးအေပၚ ရန္လိုမႈအျဖစ္ သတ္မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထုတ္ျပန္ခ်က္တြင္ ‘ႏွစ္ႏိုင္ငံစလုံးရဲ႕ လုံၿခဳံေရးတိုးျမႇင့္ဖို႔နဲ႔ ေဒသတြင္းနဲ႔ ကမာၻေပၚမွာ လုံၿခဳံေရးနဲ႔ၿငိမ္းခ်မ္းေရးရရွိဖို႔ တူညီတဲ့ကတိကဝတ္ကို ေရာင္ျပန္ဟပ္တဲ့ ဒီသေဘာတူညီခ်က္ဟာ ႏွစ္ႏိုင္ငံၾကား ကာကြယ္ေရးဆိုင္ရာပူး ေပါင္းေဆာင္႐ြက္မႈက႑ေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔နဲ႔ ရန္ လိုမႈမွန္သမွ်ကို ပူးတြဲဟန႔္တားမႈေတြ အားေကာင္းေစ ဖို႔ရည္႐ြယ္ထားတာပဲျဖစ္ပါတယ္’ ဟု ေရးသားေဖာ္ျပထားသည္။ ေဆာ္ဒီအာေရးဗ်ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔၏ ႏွစ္ႏိုင္ငံၾကား ရင္းႏွီးေသာမိတ္ဖက္ဆက္ဆံေရးမွာ ႏွစ္ေပါင္း(၈၀)နီးပါး ၾကာရွိေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။