ဂါဇာစီးတီးမြို့ကို မကြုံစဖူးအင်အားတွေနဲ့ထိုးစစ်ဆင်မှုတွေလုပ်ဆောင်သွားမယ်လို့ အစ္စရေးစစ်တပ် သတိပေး

 542

Pika (NP News) - စက်တင်ဘာ ၂၁
ဂါဇာစီးတီးမြို့ကို မကြုံစဖူးအင်အားတွေနဲ့ ထိုးစစ်ဆင်မှုတွေလုပ်ဆောင်သွားမယ်လို့ အစ္စရေးစစ်တပ်က သတိပေး ခဲ့ပြီး ဒေသခံတွေကို ဂါဇာတောင်ပိုင်းကို ထွက်ပြေးကြဖို့ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားတာဟာ အချိန်(၂)နီးပါးကြာမြင့်လာတဲ့အချိန်မှာပဲ အစ္စရေးစစ်တပ်ဟာ ဂါဇာစီးတီး မြို့ကို သိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။
ဂါဇာစီးတီးမြို့ကို မကြုံစဖူးအင်အားတွေနဲ့ထိုးစစ်ဆင်မှုတွေလုပ်ဆောင်သွားမယ်ဆိုတဲ့အစ္စရေးရဲ့ သတိပေးပြောဆို ချက်တွေဟာ ဗြိတိန်နဲ့ ပြင်သစ်တို့အပါအဝင် အနောက်အုပ်စုနိုင်ငံအများအပြား ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုသွားမယ့် လှုပ်ရှားမှုမတိုင်ခင် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ထိုးစစ်ဆင်မှုအသစ်တွေကို လုပ်ဆောင်သွားမယ်လို့ သတိပေးမှုတွေနဲ့အတူ တောင်ပိုင်းကိုထွက်ပြေးကြဖို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပေမယ့်လည်း ပါလက်စတိုင်းပြည်သူအများစုဟာ ခရီးစရိတ်မြင့်မားမှုတွေကြောင့် ဘယ်နေရာကိုသွားရမယ်မှန်းမသိဘူးဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဂါဇာစီးတီးမြို့နဲ့ ၎င်းရဲ့ ပတ်ဝန်းကျင်တွေမှာ နေထိုင်သူ တစ်သန်းခန့်ရှိလိမ့်မယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ဩဂုတ်လမှာ ခန့်မှန်းပြောဆို ခဲ့ပါတယ်။ ဒါ့ပြင် ပါလက်စတိုင်းပြည်သူ (၄၈၀၀၀၀)ခန့်ဟာ ဩဂုတ်လ နှောင်းပိုင်းတည်းက ဂါဇာစီးတီးမြို့ကနေ နေရပ်စွန့်ခွာထွက်ပြေးမှုတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
ဂါဇာစီးတီးၿမိဳ႕ကို မႀကဳံစဖူးအင္အားေတြနဲ႔ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အစၥေရးစစ္တပ္ သတိေပး
Pika (NP News) - စက္တင္ဘာ ၂၁
ဂါဇာစီးတီးၿမိဳ႕ကို မႀကဳံစဖူးအင္အားေတြနဲ႔ ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အစၥေရးစစ္တပ္က သတိေပး ခဲ့ၿပီး ေဒသခံေတြကို ဂါဇာေတာင္ပိုင္းကို ထြက္ေျပးၾကဖို႔ သတိေပးေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
အစၥေရး-ဟားမက္စစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၂)နီးပါးၾကာျမင့္လာတဲ့အခ်ိန္မွာပဲ အစၥေရးစစ္တပ္ဟာ ဂါဇာစီးတီး ၿမိဳ႕ကို သိမ္းပိုက္ဖို႔အတြက္ စစ္ဆင္ေရးေတြကို အရွိန္ျမႇင့္လုပ္ေဆာင္လာခဲ့တယ္လို႔လည္း သိရပါတယ္။
ဂါဇာစီးတီးၿမိဳ႕ကို မႀကဳံစဖူးအင္အားေတြနဲ႔ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္သြားမယ္ဆိုတဲ့အစၥေရးရဲ႕ သတိေပးေျပာဆို ခ်က္ေတြဟာ ၿဗိတိန္နဲ႔ ျပင္သစ္တို႔အပါအဝင္ အေနာက္အုပ္စုႏိုင္ငံအမ်ားအျပား ပါလက္စတိုင္းႏိုင္ငံအျဖစ္ တရားဝင္အသိအမွတ္ျပဳသြားမယ့္ လႈပ္ရွားမႈမတိုင္ခင္ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ထိုးစစ္ဆင္မႈအသစ္ေတြကို လုပ္ေဆာင္သြားမယ္လို႔ သတိေပးမႈေတြနဲ႔အတူ ေတာင္ပိုင္းကိုထြက္ေျပးၾကဖို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ေပမယ့္လည္း ပါလက္စတိုင္းျပည္သူအမ်ားစုဟာ ခရီးစရိတ္ျမင့္မားမႈေတြေၾကာင့္ ဘယ္ေနရာကိုသြားရမယ္မွန္းမသိဘူးျဖစ္ေနတယ္လို႔လည္း သိရပါတယ္။ ဂါဇာစီးတီးၿမိဳ႕နဲ႔ ၎ရဲ႕ ပတ္ဝန္းက်င္ေတြမွာ ေနထိုင္သူ တစ္သန္းခန႔္ရွိလိမ့္မယ္လို႔ ကုလသမဂၢက ၿပီးခဲ့တဲ့ဩဂုတ္လမွာ ခန႔္မွန္းေျပာဆို ခဲ့ပါတယ္။ ဒါ့ျပင္ ပါလက္စတိုင္းျပည္သူ (၄၈၀၀၀၀)ခန႔္ဟာ ဩဂုတ္လ ေႏွာင္းပိုင္းတည္းက ဂါဇာစီးတီးၿမိဳ႕ကေန ေနရပ္စြန႔္ခြာထြက္ေျပးမႈေတြကို လုပ္ေဆာင္ခဲ့ၾကတယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.