(၁၃)နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို တူရကီနှင့်အီဂျစ်တို့ လုပ်ဆောင်မည်

232

Pika (NP News) - စက်တင်ဘာ ၂၁
တူရကီနှင့်အီဂျစ်နိုင်ငံတို့သည် (၁၃)နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်မှုများကို လာမည့်ရက်ပိုင်းအတွင်းလုပ် ဆောင်သွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန် ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့ သည်။ တူရကီနှင့်အီဂျစ်နိုင်ငံကြား ဆက်ဆံရေးများ ပိုမိုနွေးထွေးလာမှုနှင့်အတူ အဆိုပါထုတ်ပြန် ကြေညာချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ Friendship Sea ဟုအမည်ပေးထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို စက်တင်ဘာ လ(၂၂)ရက်မှ (၂၆)ရက်အထိ မြေထဲပင်လယ်အရှေ့ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် အီဂျစ် ရေတပ်တပ်ဖွဲ့များနှင့်အတူ တူရကီဖရီးဂိတ်သင်္ဘောများ၊ အမြန်တိုက်ခိုက်ရေးသင်္ဘောများ၊ ရေငုပ်သင်္ဘော တစ်စင်းနှင့် F-16 တိုက်လေယာဉ်များ ပါဝင်သွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနကပြော ကြားခဲ့သည်။
ထို့ပြင် တူရကီနှင့်အီဂျစ်တို့၏ ရေတပ်ထိပ် တန်းတပ်မှူးနှစ်ဦးသည် လာမည့် စက်တင်ဘာလ (၂၅)ရက် တွင်ပြုလုပ်မည့် အဆင့်မြင့်လေ့လာစောင့် ကြည့်မှုနေ့ကိုတက်ရောက်ရန် မျှော်လင့်ထားကြောင်း တူရကီကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာတင်းမာမှုများအပြီး တွင်ပေါ်ပေါက်လာသော ပူးတွဲ စစ်ရေးလေ့ကျင့်မှု၏ အရေးပါမှုများကို မီးမောင်းထိုးပြခဲ့ကြောင်းသိရသည်။
(၂၀၂၃)ခုနှစ်တွင် သံတမန်များပြန်လည် ခန့်အပ်ရန်နှင့် ဆက်ဆံရေးများကို ပြန်လည်ပြုပြင်ရန် နှစ်နိုင်ငံ စလုံးကသဘောတူညီခဲ့ပြီးနောက် အဆိုပါအ ချိန်မှစတင်ကာ တူရကီနှင့် အီဂျစ်ခေါင်းဆောင်များ နှင့်အရာရှိများအကြား အပြန်အလှန်သွားရောက်လည် ပတ်မှု အများအပြားရှိခဲ့ကြောင်းသိရသည်။ တူရကီနှင့်အီဂျစ် နှစ်နိုင်ငံစလုံးသည် ဂါဇာ ကမ်းမြောင်ဒေသတွင်လုပ်ဆောင်နေသော အစ္စရေး၏ထိုးစစ်ဆင်မှုများကိုဆန့်ကျင်ခဲ့ကြသည့်နိုင်ငံများဖြစ်ပြီး အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိ ရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိ ကြောင်းသိရသည်။

Zawgyi Version:
(၁၃)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ပူးတြဲစစ္ေရး ေလ့က်င့္မႈမ်ားကို တူရကီႏွင့္အီဂ်စ္တို႔ လုပ္ေဆာင္မည္
Pika (NP News) - စက္တင္ဘာ ၂၁
တူရကီႏွင့္အီဂ်စ္ႏိုင္ငံတို႔သည္ (၁၃)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ပူးတြဲေရတပ္စစ္ေရး ေလ့က်င့္မႈမ်ားကို လာမည့္ရက္ပိုင္းအတြင္းလုပ္ ေဆာင္သြားမည္ျဖစ္ေၾကာင္း တူရကီကာကြယ္ေရးဝန္ ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။ တူရကီႏွင့္အီဂ်စ္ႏိုင္ငံၾကား ဆက္ဆံေရးမ်ား ပိုမိုေႏြးေထြးလာမႈႏွင့္အတူ အဆိုပါထုတ္ျပန္ ေၾကညာခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ Friendship Sea ဟုအမည္ေပးထားသည့္ ပူးတြဲစစ္ေရး ေလ့က်င့္မႈမ်ားကို စက္တင္ဘာ လ(၂၂)ရက္မွ (၂၆)ရက္အထိ ေျမထဲပင္လယ္အေရွ႕ပိုင္းတြင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း တူရကီကာကြယ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။ အဆိုပါ စစ္ေရးေလ့က်င့္မႈမ်ားတြင္ အီဂ်စ္ ေရတပ္တပ္ဖြဲ႕မ်ားႏွင့္အတူ တူရကီဖရီးဂိတ္သေဘၤာမ်ား၊ အျမန္တိုက္ခိုက္ေရးသေဘၤာမ်ား၊ ေရငုပ္သေဘၤာ တစ္စင္းႏွင့္ F-16 တိုက္ေလယာဥ္မ်ား ပါဝင္သြားမည္ျဖစ္ေၾကာင္း တူရကီကာကြယ္ေရးဝန္ႀကီးဌာနကေျပာ ၾကားခဲ့သည္။
ထို႔ျပင္ တူရကီႏွင့္အီဂ်စ္တို႔၏ ေရတပ္ထိပ္ တန္းတပ္မႉးႏွစ္ဦးသည္ လာမည့္ စက္တင္ဘာလ (၂၅)ရက္ တြင္ျပဳလုပ္မည့္ အဆင့္ျမင့္ေလ့လာေစာင့္ ၾကည့္မႈေန႔ကိုတက္ေရာက္ရန္ ေမွ်ာ္လင့္ထားေၾကာင္း တူရကီကာကြယ္ ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာတင္းမာမႈမ်ားအၿပီး တြင္ေပၚေပါက္လာေသာ ပူးတြဲ စစ္ေရးေလ့က်င့္မႈ၏ အေရးပါမႈမ်ားကို မီးေမာင္းထိုးျပခဲ့ေၾကာင္းသိရသည္။
(၂၀၂၃)ခုႏွစ္တြင္ သံတမန္မ်ားျပန္လည္ ခန႔္အပ္ရန္ႏွင့္ ဆက္ဆံေရးမ်ားကို ျပန္လည္ျပဳျပင္ရန္ ႏွစ္ႏိုင္ငံ စလုံးကသေဘာတူညီခဲ့ၿပီးေနာက္ အဆိုပါအ ခ်ိန္မွစတင္ကာ တူရကီႏွင့္ အီဂ်စ္ေခါင္းေဆာင္မ်ား ႏွင့္အရာရွိမ်ားအၾကား အျပန္အလွန္သြားေရာက္လည္ ပတ္မႈ အမ်ားအျပားရွိခဲ့ေၾကာင္းသိရသည္။ တူရကီႏွင့္အီဂ်စ္ ႏွစ္ႏိုင္ငံစလုံးသည္ ဂါဇာ ကမ္းေျမာင္ေဒသတြင္လုပ္ေဆာင္ေနေသာ အစၥေရး၏ထိုးစစ္ဆင္မႈမ်ားကိုဆန႔္က်င္ခဲ့ၾကသည့္ႏိုင္ငံမ်ားျဖစ္ၿပီး အပစ္ အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိ ရန္အတြက္ အတူတကြ ပူးေပါင္းလုပ္ေဆာင္လ်က္ရွိ ေၾကာင္းသိရသည္။