ဗြိတိန်က ပါလက်စတိုင်းနိုင်ငံအဖြစ် မကြာမီအချိန်အတွင်း အသိအမှတ်ပြုသွားလိမ့်မည်ဟု The Times ဖော်ပြ

228

Pika (NP News) - စက်တင်ဘာ ၂၁
ဗြိတိန်အစိုးရသည် ပါလက်စတိုင်းနိုင်ငံကို မကြာမီအချိန်အတွင်း တရားဝင်အသိအမှတ်ပြုသွားမည်ဖြစ် ကြောင်း The Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော ဘေး ဒုက္ခများကို သက်သာလျော့ပါး အောင်လုပ်ဆောင်ရန်နှင့် ဟားမတ်စ်လက်နက် ကိုင်အဖွဲ့နှင့် ဖြစ်ပွားနေသောစစ်ပွဲတွင် အပစ်အခတ် ရယူရန် အစ္စရေးအစိုးရက မလုပ်ဆောင်ပါက အရေးယူဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာက ပြီးခဲ့သည့် ဇူလိုင် လတွင် သတိပေးပြောဆိုခဲ့သည်။
ယခုလအတွင်း ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုသွားမည်ဟုပြောဆိုခဲ့သော ပြင်သစ်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့၏ အသိအမှတ်ပြုမှုများသည် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ကို ဆုချီးမြှင့်လိုက်ခြင်းမျိုးဖြစ် ကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လာရောက်လည်ပတ်ပြီး နိုင်ငံတွင်းမှထွက် ခွာသွားသည် နှင့်တစ်ပြိုင်နက် ပါလက်စတိုင်းနိုင်ငံ အဖြစ် အသိအမှတ်ပြုမှုကို ဗြိတိန်အစိုးရက ထုတ်ပြန် ကြေညာလိမ့်မည်ဖြစ် ကြောင်း The Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမည့် ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်များကို ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ဇူလိုင်လတွင် ဆန့်ကျင်ခဲ့ကြောင်းလည်းသိရသည်။ ဂါဇာကမ်းမြောင်ဒေသ တွင်ဖြစ်ပွားနေသောအခြေ အနေ များ လျော့ပါးသွားစေရန် အစ္စရေးအစိုးရက မလုပ်ဆောင်ပါကလာမည့် သီတင်းပတ်တွင်ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် ဗြိတိန်အစိုးရက တရားဝင်အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ကီရာစတာမာက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဗြိတိန်နိုင်ငံသည် အစ္စရေး-ဟားမတ်စ် စစ်ပွဲကို အဆုံးသတ်ရန်အတွက် နှစ်နိုင်ငံဖြေရှင်းချက် မူဝါဒကို ကာလ ရှည်ကြာ ထောက်ခံအားပေးခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

Zawgyi Version:
ၿဗိတိန္က ပါလက္စတိုင္းႏိုင္ငံအျဖစ္ မၾကာမီအခ်ိန္အတြင္း အသိအမွတ္ျပဳသြားလိမ့္မည္ဟု The Times ေဖာ္ျပ
Pika (NP News) - စက္တင္ဘာ ၂၁
ၿဗိတိန္အစိုးရသည္ ပါလက္စတိုင္းႏိုင္ငံကို မၾကာမီအခ်ိန္အတြင္း တရားဝင္အသိအမွတ္ျပဳသြားမည္ျဖစ္ ေၾကာင္း The Times သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။ ထို႔ျပင္ ဂါဇာကမ္းေျမာင္ေဒသတြင္ ျဖစ္ပြားေနေသာ ေဘး ဒုကၡမ်ားကို သက္သာေလ်ာ့ပါး ေအာင္လုပ္ေဆာင္ရန္ႏွင့္ ဟားမတ္စ္လက္နက္ ကိုင္အဖြဲ႕ႏွင့္ ျဖစ္ပြားေနေသာစစ္ပြဲတြင္ အပစ္အခတ္ ရယူရန္ အစၥေရးအစိုးရက မလုပ္ေဆာင္ပါက အေရးယူေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီရာစတာမာက ၿပီးခဲ့သည့္ ဇူလိုင္ လတြင္ သတိေပးေျပာဆိုခဲ့သည္။
ယခုလအတြင္း ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳသြားမည္ဟုေျပာဆိုခဲ့ေသာ ျပင္သစ္၊ ကေနဒါႏွင့္ ဩစေၾတးလ်ႏိုင္ငံတို႔၏ အသိအမွတ္ျပဳမႈမ်ားသည္ ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ကို ဆုခ်ီးျမႇင့္လိုက္ျခင္းမ်ိဳးျဖစ္ ေၾကာင္း အစၥေရးအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ၿဗိတိန္ႏိုင္ငံသို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ လာေရာက္လည္ပတ္ၿပီး ႏိုင္ငံတြင္းမွထြက္ ခြာသြားသည္ ႏွင့္တစ္ၿပိဳင္နက္ ပါလက္စတိုင္းႏိုင္ငံ အျဖစ္ အသိအမွတ္ျပဳမႈကို ၿဗိတိန္အစိုးရက ထုတ္ျပန္ ေၾကညာလိမ့္မည္ျဖစ္ ေၾကာင္း The Times သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။
ထို႔ျပင္ ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳမည့္ ၿဗိတိန္အစိုးရ၏ ဆုံးျဖတ္ခ်က္မ်ားကို ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္ဇူလိုင္လတြင္ ဆန႔္က်င္ခဲ့ေၾကာင္းလည္းသိရသည္။ ဂါဇာကမ္းေျမာင္ေဒသ တြင္ျဖစ္ပြားေနေသာအေျခ အေန မ်ား ေလ်ာ့ပါးသြားေစရန္ အစၥေရးအစိုးရက မလုပ္ေဆာင္ပါကလာမည့္ သီတင္းပတ္တြင္က်င္းပမည့္ ကုလသမဂၢ အေထြေထြ ညီလာခံတြင္ ပါလက္စတိုင္းႏိုင္ငံအျဖစ္ ၿဗိတိန္အစိုးရက တရားဝင္အသိအမွတ္ျပဳသြားမည္ျဖစ္ေၾကာင္း ကီရာစတာမာက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ၿဗိတိန္ႏိုင္ငံသည္ အစၥေရး-ဟားမတ္စ္ စစ္ပြဲကို အဆုံးသတ္ရန္အတြက္ ႏွစ္ႏိုင္ငံေျဖရွင္းခ်က္ မူဝါဒကို ကာလ ရွည္ၾကာ ေထာက္ခံအားေပးခဲ့သည့္ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္သည္။