ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ ကမ္ဘာ့အမျိုးသားလမ်းလျှောက်ပြိုင်ပွဲမှာ ဘရာဇီးအားကစားသမား က ရွှေတံဆိပ်ဆုရ

231
ရောင်နီ (NP News) - စက်တင်ဘာ ၂၁
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ စနေနေ့(စက်တင်ဘာ ၂၀ ရက်) က ပြုလုပ်တဲ့ ကမ္ဘာ့ပြေးခုန်ပစ် အားကစားပွဲရဲ့ အမျိုးသား ကီလိုမီတာ ၂ဝ လမ်းလျှောက်ပြိုင်ပွဲမှာ ဘရာဇီးနိုင်ငံ အားကစားသမား ကိုင်အိုဘွန်ဖင် က ရွှေတံဆိပ် ရရှိခဲ့ပါတယ်။
ပြိုင်ပွဲမှာ ကစားသမား ဘွန်ဖင်က အချိန် ၁ နာရီ ၁၈ မိနစ်နဲ့ ၃၅ စက္ကန့်အတွင်း ပန်းဝင်ကာ ပထမဆု ရရှိခဲ့ တာဖြစ်ပြီး တရုတ် ကစားသမား ကျို့ကျို့ဝမ်၊ စပိန်ကစားသမား ပေါလ်မက်ဂရက် က ဒုတိယနဲ့ တတိယနေရာ အသီးသီး ရရှိခဲ့ပါတယ်။ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဂျပန်အားကစားသမားကတော့ ဆုရရှိခြင်းမရှိခဲ့ပါဘူး။ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲမှာတော့ စပိန်နိုင်ငံ ကစားသမား မာရီယာပီးရက်ဇ်က ရွှေတံဆိပ်ဆုရရှိခဲ့ပြီး မက္ကဆီကိုနိုင်ငံ ကစားသမား အလက်ဂနာ ဂွန်ဇာလက်ဇ်က ကြေးတံဆိပ်နဲ့ ဂျပန်ကစားသမား နန်ကိုဖုဂျီ က ငွေတံဆိပ် အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
ယခုနှစ်ရဲ့ကမ္ဘာ့ပြေးခုန်ပစ် အားကစားပွဲကို စက်တင်ဘာ ၁၃ ရက်က စတင်ပြီး စက်တင်ဘာ ၂၁ ရက်ထိ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ကျင်းပမှာ ဖြစ်ပါတယ်။
Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာျပဳလုပ္တဲ့ ကမာၻ႔အမ်ိဳးသားလမ္းေလွ်ာက္ၿပိဳင္ပြဲမွာ ဘရာဇီးအားကစားသမား က ေ႐ႊတံဆိပ္ဆုရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ စေနေန႔(စက္တင္ဘာ ၂၀ ရက္) က ျပဳလုပ္တဲ့ ကမာၻ႔ေျပးခုန္ပစ္ အားကစားပြဲရဲ႕ အမ်ိဳးသား ကီလိုမီတာ ၂ဝ လမ္းေလွ်ာက္ၿပိဳင္ပြဲမွာ ဘရာဇီးႏိုင္ငံ အားကစားသမား ကိုင္အိုဘြန္ဖင္ က ေ႐ႊတံဆိပ္ ရရွိခဲ့ပါတယ္။
ၿပိဳင္ပြဲမွာ ကစားသမား ဘြန္ဖင္က အခ်ိန္ ၁ နာရီ ၁၈ မိနစ္နဲ႔ ၃၅ စကၠန႔္အတြင္း ပန္းဝင္ကာ ပထမဆု ရရွိခဲ့ တာျဖစ္ၿပီး တ႐ုတ္ ကစားသမား က်ိဳ႕က်ိဳ႕ဝမ္၊ စပိန္ကစားသမား ေပါလ္မက္ဂရက္ က ဒုတိယနဲ႔ တတိယေနရာ အသီးသီး ရရွိခဲ့ပါတယ္။ အိမ္ရွင္ႏိုင္ငံျဖစ္တဲ့ ဂ်ပန္အားကစားသမားကေတာ့ ဆုရရွိျခင္းမရွိခဲ့ပါဘူး။ အမ်ိဳးသမီး လမ္းေလွ်ာက္ၿပိဳင္ပြဲမွာေတာ့ စပိန္ႏိုင္ငံ ကစားသမား မာရီယာပီးရက္ဇ္က ေ႐ႊတံဆိပ္ဆုရရွိခဲ့ၿပီး မကၠဆီကိုႏိုင္ငံ ကစားသမား အလက္ဂနာ ဂြန္ဇာလက္ဇ္က ေၾကးတံဆိပ္နဲ႔ ဂ်ပန္ကစားသမား နန္ကိုဖုဂ်ီ က ေငြတံဆိပ္ အသီးသီး ရရွိခဲ့တယ္လို႔ သိရပါတယ္။
ယခုႏွစ္ရဲ႕ကမာၻ႔ေျပးခုန္ပစ္ အားကစားပြဲကို စက္တင္ဘာ ၁၃ ရက္က စတင္ၿပီး စက္တင္ဘာ ၂၁ ရက္ထိ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳမွာ က်င္းပမွာ ျဖစ္ပါတယ္။