ပုသိမ်ကြီးနှင့်မတ္တရာမြို့နယ်ရှိကျေးရွာများတွင် မြေဈေးကျဆင်းလာသော်လည်း ဝယ်ယူသူနည်းပါး

 273

ပြည့်ဖြိုး (NP News) - စက်တင်ဘာ၂၅

မန္တလေးမြို့မြောက်ဖက်၊ ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များရှိ ကျေးရွာများတွင် မြေဈေးနှုန်းများသိသိသာသာကျဆင်းလာသော်လည်း ဝယ်ယူသူမရှိသလောက်နည်းပါးလျက်ရှိကြောင်းဒေသခံများကပြောသည်။

မန္တလေးမြို့မြောက်ဖက်ပိုင်းတွင်နယ်မြေအခြေအနေတည်ငြိမ်မှုနည်းပါးလာသည့်အတွက် နေထိုင်ရန်အခက်အခဲရှိနေခြင်းကြောင့် မြေဝယ်ယူရန်စိတ်ဝင်စားမှုလျော့နည်းခဲ့ပြီး မြေဈေးနှုန်းများဆက်တိုက်ကျဆင်းလာခြင်း ဖြစ်သည်။

"လူနေဖို့လည်းအဆင်မပြေ။ မြေဝယ်စုဖို့လည်းအခြေအနေကဘာမှန်းမသိဆိုတော့ အဲ့ဒီဖက်တွေကိုရှောင်ကြတာပေါ့။ အရင်ဝယ်ထားတဲ့သူတွေတောင်ပြန်ထုတ်ရောင်းနေကြတာ။ ဒါပေမဲ့ဝယ်မယ့်သူကလုံးဝကိုမရှိတော့ဘူး"ဟု ပုသိမ်ကြီးမြို့နယ်မှ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

မန္တလေး - မတ္တရာကားလမ်းတလျောက်ရှိကျေးရွာများတွင် ယခုနှစ်ဆန်းပိုင်းအထိမြေဈေးကောင်းကာ အရောင်းအဝယ်များပုံမှန်ရှိခဲ့သော်လည်း ဇူလိုင်လကုန်ပိုင်းကစတင်ကာအရောင်းအဝယ်များရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျေးရွာများရှိမြေဈေးနှုန်းများမှာ ယခင်ကတစ်ပေပတ်လည်လျှင် ငွေကျပ် (၁ဝ) သိန်းမှ သိန်း (၃ဝ) ကြားအထိရောက်ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် (၅) သိန်းဝန်းကျင်အထိကျဆင်းလာခဲ့ကြောင်း ဒေသခံများ ကပြောကြားသည်။

zawgyi version

ပုသိမ္ႀကီးႏွင့္မတၱရာၿမိဳ႕နယ္ရွိေက်း႐ြာမ်ားတြင္ ေျမေဈးက်ဆင္းလာေသာ္လည္း ဝယ္ယူသူနည္းပါး

ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ၂၅

မႏၲေလးၿမိဳ႕ေျမာက္ဖက္၊ ပုသိမ္ႀကီးႏွင့္ မတၱရာၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာမ်ားတြင္ ေျမေဈးႏႈန္းမ်ားသိသိသာသာက်ဆင္းလာေသာ္လည္း ဝယ္ယူသူမရွိသေလာက္နည္းပါးလ်က္ရွိေၾကာင္းေဒသခံမ်ားကေျပာသည္။

မႏၲေလးၿမိဳ႕ေျမာက္ဖက္ပိုင္းတြင္နယ္ေျမအေျခအေနတည္ၿငိမ္မႈနည္းပါးလာသည့္အတြက္ ေနထိုင္ရန္အခက္အခဲရွိေနျခင္းေၾကာင့္ ေျမဝယ္ယူရန္စိတ္ဝင္စားမႈေလ်ာ့နည္းခဲ့ၿပီး ေျမေဈးႏႈန္းမ်ားဆက္တိုက္က်ဆင္းလာျခင္း ျဖစ္သည္။

"လူေနဖို႔လည္းအဆင္မေျပ။ ေျမဝယ္စုဖို႔လည္းအေျခအေနကဘာမွန္းမသိဆိုေတာ့ အဲ့ဒီဖက္ေတြကိုေရွာင္ၾကတာေပါ့။ အရင္ဝယ္ထားတဲ့သူေတြေတာင္ျပန္ထုတ္ေရာင္းေနၾကတာ။ ဒါေပမဲ့ဝယ္မယ့္သူကလုံးဝကိုမရွိေတာ့ဘူး"ဟု ပုသိမ္ႀကီးၿမိဳ႕နယ္မွ အိမ္ၿခံေျမလုပ္ငန္းလုပ္ကိုင္သူတစ္ဦးကေျပာသည္။

မႏၲေလး - မတၱရာကားလမ္းတေလ်ာက္ရွိေက်း႐ြာမ်ားတြင္ ယခုႏွစ္ဆန္းပိုင္းအထိေျမေဈးေကာင္းကာ အေရာင္းအဝယ္မ်ားပုံမွန္ရွိခဲ့ေသာ္လည္း ဇူလိုင္လကုန္ပိုင္းကစတင္ကာအေရာင္းအဝယ္မ်ားရပ္ဆိုင္းသြားခဲ့ျခင္း ျဖစ္သည္။

အဆိုပါေက်း႐ြာမ်ားရွိေျမေဈးႏႈန္းမ်ားမွာ ယခင္ကတစ္ေပပတ္လည္လွ်င္ ေငြက်ပ္ (၁ဝ) သိန္းမွ သိန္း (၃ဝ) ၾကားအထိေရာက္ရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ (၅) သိန္းဝန္းက်င္အထိက်ဆင္းလာခဲ့ေၾကာင္း ေဒသခံမ်ား ကေျပာၾကားသည္။

Related news

© 2021. All rights reserved.