နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ရုရှားလေယာဉ်တွေကို ပစ်ချနိုင်တယ်လို့ ‌ဒေါ်နယ်ထရမ့်ထုတ်ဖော်ပြောဆို

 243

Pika (NP News) - စက်တင်ဘာလ ၂၅

နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ၎င်းတို့ရဲ့လေပိုင်နက်တွေကို ချိုးဖောက်ဝင်ရောက်လာတဲ့ ရုရှားလေယာဉ်တွေကို ပစ်ချနိုင်တယ်လို့ အမေရိကန်သမ္မတ‌ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လေပိုင်နက်ကိုချိုးဖောက်လာတဲ့ ရုရှားလေယာဉ်တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ပစ်ချသင့်သလားဆိုတဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ယခုလိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့အတူ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်က”ဟုတ်ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ၎င်းတို့ရဲ့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာတဲ့ ရုရှားစစ်လေယာဉ်တွေကို ပစ်ချနိုင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေဟာ နေတိုးအဖွဲ့ရဲ့ နယ်မြေတစ်လက်မတိုင်းကို ကာကွယ်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်အသစ် မိုက်ကယ်‌ဝေါ့ဇ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် နေတိုးအဖွဲ့ဟာ ရုရှားရဲ့စစ်လေယာဉ်တွေကို ပစ်ချသင့်တယ်လို့လည်း လစ်သူယေးနီးယားကာကွယ်ရေးဝန်ကြီး Dovile Sakalieneက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Dovile Sakalieneက”ရုရှားစစ်လေယာဉ်တွေကို ပစ်ချသင့်ပါတယ်။ရုရှားဟာ နေတိုးအဖွဲ့ရဲ့နယ်နမိတ်တွေကို စမ်းသပ်မှုတွေလုပ်နေတာပါ။”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက ႐ုရွားေလယာဥ္ေတြကို ပစ္ခ်ႏိုင္တယ္လို႔ ‌ေဒၚနယ္ထရမ့္ထုတ္ေဖာ္ေျပာဆို
Pika (NP News) - စက္တင္ဘာလ ၂၅

ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ၎တို႔ရဲ႕ေလပိုင္နက္ေတြကို ခ်ိဳးေဖာက္ဝင္ေရာက္လာတဲ့ ႐ုရွားေလယာဥ္ေတြကို ပစ္ခ်ႏိုင္တယ္လို႔ အေမရိကန္သမၼတ‌ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ေလပိုင္နက္ကိုခ်ိဳးေဖာက္လာတဲ့ ႐ုရွားေလယာဥ္ေတြကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက ပစ္ခ်သင့္သလားဆိုတဲ့ ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ယခုလိုတုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္ဟာ ယူကရိန္းသမၼတဇီလန္စကီးနဲ႔အတူ သတင္းစာရွင္းလင္းပြဲတစ္ခုအတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ေဒၚနယ္ထရမ့္က”ဟုတ္ပါတယ္။

ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ၎တို႔ရဲ႕ေလပိုင္နက္ကို ခ်ိဳးေဖာက္ဝင္ေရာက္လာတဲ့ ႐ုရွားစစ္ေလယာဥ္ေတြကို ပစ္ခ်ႏိုင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ အေမရိကန္နဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြဟာ ေနတိုးအဖြဲ႕ရဲ႕ နယ္ေျမတစ္လက္မတိုင္းကို ကာကြယ္သြားမယ္လို႔ ကုလသမဂၢဆိုင္ရာ အေမရိကန္သံတမန္အသစ္ မိုက္ကယ္‌ေဝါ့ဇ္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ဒါ့ျပင္ ေနတိုးအဖြဲ႕ဟာ ႐ုရွားရဲ႕စစ္ေလယာဥ္ေတြကို ပစ္ခ်သင့္တယ္လို႔လည္း လစ္သူေယးနီးယားကာကြယ္ေရးဝန္ႀကီး Dovile Sakalieneက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Dovile Sakalieneက”႐ုရွားစစ္ေလယာဥ္ေတြကို ပစ္ခ်သင့္ပါတယ္။႐ုရွားဟာ ေနတိုးအဖြဲ႕ရဲ႕နယ္နမိတ္ေတြကို စမ္းသပ္မႈေတြလုပ္ေနတာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.